Home » » ကဆုန်လပြည့် ဗုဒ္ဓနေ့ WESAK DAY

ကဆုန်လပြည့် ဗုဒ္ဓနေ့ WESAK DAY

Written By မောင်စေတနာ on Tuesday, May 17, 2011 | 6:42:00 PM


ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။ ထိုနေ့၏ ထူးခြားချက်ကား-

၁။ ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ခံယူခြင်း။

၂။ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားတော်မူခြင်း။

၃။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခြင်း။

၎။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ဖြစ်လေသည်။

ထိုကဲ့သို့ ဘုရားရှင်၏ ဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟူ၍ သတ်မှတ်ကြသည်မှာ အလွန်သင့်မြတ်လှပေသည်။ ထို့ပြင် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူရန် ဗုဒ္ဓဘုရားရှင် အားထုတ်ရာ အမှီသဟဲ ပြုတော်မူသော ဗောဓိပင်ကို ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကိုလည်း ပြုကြသည်။

ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လတ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကို လန်းဆန်းစိုပြည်စေရန် ဖြစ်သည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ပျောက်ကွယ်သွားခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများပြုလုပ်လျက်ရှိကြသည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ကောင်းများ ဖြစ်သည်။

ဤနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘုရားရှင်ကို ဦးထိပ်ထားလျက် ရိုးရာဓလေ့ကောင်းများကို ကျင့်သုံးရာမှ ကျွန်ုပ်တို့သည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။ ယင်းကား အခြားမဟုတ်၊ မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၍ စိတ်ကို ဖြူစင်အောင် ထားရှိခြင်းပင် ဖြစ်သည်။

နတ်ဆိုး ဝက်ဆိုက်မှ ပြန်လည်မျှဝေပါသည်။
www.lawkanet.blogspot.com
Share this article :

1 comments:

တောက်ပကြယ်စင် said...

မင်္ဂလာပါ ကိုနေဇော်လင်းရေ၊ လာရောက်၍ ဖတ်မှတ်သွားပါတယ်၊ ပိဋကတ်သုံးပုံကို အကျဉ်းချုပ်လိုက်လို့ ထွက်လာတဲ့ အနှစ်သာရဟာလည်းပဲ "မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား"ပါပဲ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။