Home » » မလေးရှားမှာ ဗမာပြည်သူအများလက်မခံလို့ မအောင်မြင်တဲ့ သာသနာဖျက်လုပ်ငန်း

မလေးရှားမှာ ဗမာပြည်သူအများလက်မခံလို့ မအောင်မြင်တဲ့ သာသနာဖျက်လုပ်ငန်း

Written By မောင်စေတနာ on Monday, May 16, 2011 | 7:20:00 PM



ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အရှင်ဣဒ္ဓိပါလ၏ No 1 စိတ်ဓါတ်မြှင့်တင်ရေး ပို့ချမှုသင်တန်းပွဲ အခမ်းအနားတွင် လူသုံးဆယ် ခန့်သာ တက်ရောက်ကြောင်း သိရသည်။

အဆိုပါ အရှင်ဣဒ္ဓိပါလ ပွဲစလုပ်မည်ဟု သိရသည့် အချိန်မှ စ၍ မလေးရှား နိုင်ငံရောက် တာဝန်သိ ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်များမှ အဆိုပါ သာသနာဖျက် ဘုန်းကြီးအား ဆန့်ကျင်ကန့်ကွက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း မလေးရှားနိုင်ငံအနှံ ကန့်ကွက်စာများ လိုက်လံကပ်ခြင်း၊ အင်တာနက် အွန်လိုင်းမှ တဆင့် ကန့်ကွက်ကြေငြာခြင်း၊ SMS များပို့ကာ ကန့်ကွက် ကြေငြာခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

မလေးရှားရောက် မြန်မာရဟန်းတော် အချို့ကလည်း အဆိုတော် ဘုန်းကြီးအား ရဟန်းကျင့်ဝတ်နှင့် မညီသဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုသို့ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်မြန်မာအသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်းဆောင်ရွက် ကန့်ကွက်ကြသဖြင့် ယနေ့(15.5.2011) နေ့တွင် ကျင်းပခဲ့သည့်ပွဲတွင် လူ ၃၀ ခန့်သာ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။



ထိုသို့ တက်ရောက် လာကြသူများမှာလည်း အဆိုပါ ပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြသူများနှင့် မကင်းရာ မကင်းကြောင်းများသာ ဖြစ်ကြသည်။ အဆိုပါပွဲတွင် ပွဲစီစဉ်သူများက No 1 စိတ်ဓါတ်မြှင့်တင်ရေး စာတမ်းပါ တူညီဝတ်စုံများကို ၀တ်ဆင်ထားကြပြီး ခန်းမအောက်တွင် တဖက်သုံးယောက်စီ ရပ်ကာ လာသမျှ လူကို လက်အုပ်ချီ နှုတ်ဆက်၍ ကြိုဆိုနေကြသည်ကို တွေ့ရသည်။

လုံခြုံရေးအတွက် RELA ခေါ် မလေးရှား ပြည်သူ့စစ်များကိုလည်း ငှားရမ်းထားကြသည်။ အဆိုပါပွဲ ပြုလုပ်ရာတွင် ပွဲကျင်းပခွင့် ပါမစ် မရှိဘဲ ပြုလုပ်သည်ကို စာရေးသူ၏ မိတ်ဆွေတစ်ယောက်မှတဆင့် သိရှိရသည်။ ပွဲစတင် မည့်အချိန်မှာ နေ့လည် ၁၂း၀၀ဟု ကြေငြာထားသော်လည်း ၁နာရီ ကျော်နေသည့် အထိ လူ ၁၅ ဦးခန့်သာ ရှိနေသည်ကို တွေရှိရသည်။

အဆိုပါပွဲတွင် ရောင်းချရန်အတွက် အရှင်ဣဒ္ဓိပါလ မှ စာအုပ်များကို ခင်းကျင်းထားပြီး ရောင်းဈေးမှာ RM 100 ( မြန်မာငွေ နှစ်သောင်းကျော် သုံးသောင်းနီးပါး ) ဖြစ်သည်။ စာရေးသူတို့ ရောက်ရှိသွားပြီး အဆိုပါ အခမ်းအနားအား ဓါတ်ပုံရိုက်နေစဉ် အရှင်ဣဒ္ဓိပါလ မှ ရောက်လာပြီး “မင်းတို့က ဘယ်ကလဲ၊ ထောက်လှမ်းရေးတွေ မဟုတ်ပါဘူးနော်၊ ငါက မြန်မာတွေ ဆိုရင် လန့်နေပြီ” ဟု ပြောသွားခဲ့သေးသည်။

မလေးရှား စံတော်ချိန် ၂နာရီခန့်တွင် မလေးရဲများ ရောက်ရှိလာပြီး စာရွက်စာတမ်းများ စစ်ဆေးခြင်း၊ ပွဲတက်ရောက်လာသူများကို အထောက်အထားများ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သဖြင့် ပွဲပျက်မလို ဖြစ်သွားခဲ့သည်။ အချို့မှာ ရဲအား ကြောက်ရွံ့ပြီး ထိုသင်တန်းပွဲသို့ ဆက်လက် တက်ရောက်ခြင်းမရှိဘဲ ပြန်သွားခဲ့ကြသည်။ ထို့ကြောင့် အရှင်ဣဒ္ဓိပါလမှာ သူ၏ အဖွဲ့ဝင် လူ သုံးဆယ်ခန့်ဖြင့်သာ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရကြောင်း သိရှိရသည်။

(ဓာတ်ပုံ၊ သတင်း) ကိုထိုက် (မြန်မာ့စတိုင်)
(ကိုထိုက် Facebook မှ) ဖော်ပြခွင့် ပြုတဲ့ ကိုထိုက်အား ကျေးဇူးတင်ပါသည် ...။ (ဒီမိုဝေယံ ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်)

ဤသတင်းကြောင့် ဗုဒ္ဓသာသနာ အတွက် ၀မ်းသာပီတိ ဖြစ်မိပါသည်။ ကိုထိုက် ၊ ဒီမိုဝေယံ နှင့် မေးလ်ပို့ပေးသော ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးသော သူများကိုလည်း ကျေးဇူးအထူးတင်ပါသည်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြာပါစေ။

သာဓု သာဓု သာဓု

Source by :(ဓာတ်ပုံ၊ သတင်း) ကိုထိုက် (မြန်မာ့စတိုင်)



Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။