Home » » မလေးရှားက ရုတ်ရုတ် သဲသဲအကြွေလုကောက်ပွဲ

မလေးရှားက ရုတ်ရုတ် သဲသဲအကြွေလုကောက်ပွဲ

Written By မောင်စေတနာ on Wednesday, January 19, 2011 | 10:53:00 PM



မလေးရှားက ရုတ်ရုတ်သဲသဲအကြွေစေ့ လုကောက်ပွဲ...

ကိုယ်ချင်းလည်းမစာနိုင်တော့ပြီ မလေးရှားနိုင်ငံတွင်ယာဉ်တိုက်မှု
တစ်ခုဖြစ်ပွားခဲ့ ပြီးရင်းဂစ်ငွေ ၇၅၀၀၀( ဒေါ်လာ ၃၁၅၆၈ )တန်ဖိုးရှိ
ငွေအကြွေစေ့ များ အဝေးပြေး လမ်းမပေါ်တွင်ပျံ့ ကြဲလွင့်စင်ကျရောက်
ခဲ့လို့လမ်းသွားလမ်းလာ များ၊ ယာဉ်မောင်းသူများက အသက်အန္တရာယ်
ပင်မမှုပဲ အကြွေစေ့များ အလုအယက် ကောက်ယူခဲ့ ကြပါတယ်။

(ယာဉ်တိုက်မှုကြောင့် ဒုက္ခရောက်နေရသည့် ပိုင်ရှင်ဖြစ်သူများကို
ဥပက္ခာပြုကာ သူတစ်ပါးပစ္စည်းကိုရေသာခိုအချောင်လိုက်ကာ ရယူ
လိုသူ ) ထိုအကြွေစေ့ ကောက်သူများဟာ ၎င်းတို့ ရဲ့ မော်တော်ကား
များကို KM234 တောင်မြောက်အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်သ
လိုရပ်တန့်ထားကြကာ

ငွေအကြွေစေ့ များကို၎င်းတို့ ၏ ဆိုင်ကယ်စီးဦးထုပ်များ၊ ပလတ်စ
တစ်အိတ်များ အပါအ၀င် တွေ့ တွေ့ သမျှ ထည့် စရာများအတွင်းအ
လုအယက်ကောက်ထည့် နေကြသည်မှာ ရဲတပ်ဖွဲ့ ဝင်များရောက်ရှိ
လာပြီးတားဆီးတော့ မှပင် ရပ်ဆိုင်းခဲ့ကြပါတယ် ...



တိုက်ချင်တဲ့ ကားသာတိုက်ပါစေတော့ ... တို့ ကတော့ မမှုတော့ ပြီ....
တစ်ချို့ သောသူများဆိုလျှင် မလက္ကာမြို့ကလေးရှိ စတိုးဆိုင်၊ ကုန်တိုက်
များသို့ ငွေအကြွေများသွားရောက်ပို့ ဆောင်သည့် ပိုင်ရှင်ဖြစ်သူများမှ
တောင်းပန်ကန့်ကွက်နေသည့် ကြားမှပင် လမ်းမကြီး အလယ်တွင်
ဆောင့်ကြောင့်ထိုင်ကာ ၁၀ပြားစေ့ ၊ပြား ၂၀ စေ့ နှင့် ပြား၅၀ စေ့
များကိုပြန်ပေးရန်ငြင်းဆန်ကာ ကောက်ယူနေခဲ့ ကြပါတယ် ...

တစ်ချို့ ကတော့ ဘေးအန္တရယ်ပင်မမှုပဲ အမြန်နှုံးဖြင့် မောင်းနေသည့် 
လမ်းမအလယ်သို့ ပင်အပြေးအလွှားကောက်ယူနေခဲ့ ကြပါတယ်။ ဆိုင်
ကယ်သမားတွေလည်း အပါအ၀င် အဆိုအပါအဖြစ်အပျက်ဟာ ယမန်
နေ့ က ကွာလာလမ်ပူမှ တောင်ဘက် သို့ မောင်းနှင်လာခဲ့ သည့် BMW
မော်တော်ကားတစ်စင်းဟာ တိုယိုတာဟိုင်းလတ် တစ်စင်းနောက်ပိုင်းသို့ 



ညနေ လေးနာရီခန့် တွင် ၀င်တိုက်ခဲ့မိပြီး ယာဉ်မောင်းသူဟာ အရှိန်
မထိန်းနိုင်တော့ ပဲလမ်းဘေးတာဘောင်သို့ ဝင်တိုက်ကာ ကားမှောက်
သွားခဲ့ရတာဖြစ်ပါတယ်။ ထိုယာဉ်တိုက်ကာ၊ ကားမှောက်မှုအရှိန်ကြောင့်
ဟိုင်းလတ်ကားနောက်တွင်တင်ဆောင်လာသည့် ငွေအကြွေသံသေတ္တာ
ကို လွင့်စင်ပွင့် ကျသွားစေခဲ့ တာဖြစ်ပါတယ်...

ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူဟာလီဟမ်းဇာ ကတော့ 
ထိုကဲ့သို့ လူအများရုတ်ရုတ်သဲသဲ ပွဲတော်ကြီးကဲ့ သို့ သေမှာမကြောက်ပဲ
အကြွေကောက်ပွဲကိုဆင်နွှဲနေကြတဲ့ လမ်းသွားလမ်းလာ မော်တော်ယာဉ်
မောင်းများ ကို၎င်း၏ရဲတပ်ဖွဲ့ က တားဆီးခဲ့ ရတယ်လို့ ဆိုခဲ့ပါတယ်...

အသက် ၂၈ နှစ်အရွယ်ရှိ ဟိုင်းလတ်ကားမောင်းသူ ဇိုင်ရူးဟီရှန်မန်ဆာ
ကတော့ ၎င်းဟာ သူငယ်ချင်းဖြစ်သူနှင့် အတူ ငွေအကြွေစေ့ များလိုက်လံ
ပို့ ဆောင်ရန်ရှားအလန်းဒေသမှ မလက္ကာသို့ မောင်းနှင်လာခဲ့ တာဖြစ်တယ်
လို့ပြောကြားခဲ့ ပါတယ်။



အိမ်မက်တွေ လက်တွေ့ဖြစ်လာတဲ့ အခါအခြေ အနေခြင်းမတူတာကို
အကောင်အထည့် မစဉ်းစားနိုင်တော့ပြီ။ တစ်ခါတစ်လေ အိပ်မက်ထဲမှာ
ကြုံရတတ်တဲ့ ငွေအကြွေစေ့ တွေလိုက်ကောက်ရတာမျိုးဖြစ်မှာပါပဲ...

ဒါပေမယ့် အခုဟာက မျက်စေ့ရှေ့ တင် ပိုင်ရှင်ကြီးရှိလျှက်နဲ့ အလု
အယက်ကောက်နေကြတာကတော့ တော်တော်ရုပ်ပျက် ဆင်းပျက်
နိုင်လှပါတယ်။ ကိုယ်ကျင့် တရားပျက်နေတဲ့ယနေ့ကမ္ဘာကြီးရဲ့ နမူ
နာအဖြစ်အပျက်တစ်ခုပါပဲ။

သိစေချင်၊ ဖတ်စေချင်သော စေတနာဖြင့် ကူးယူဖော်ပြသည်။

Source:
1. ( ကိုပီတာရဲ့ အတွေးပုံရိပ် )
2. စိုင်းမြင့်ထွန်း
http://www.edinooyin.com/profiles/blog/show?id=
4347155%3ABlogPost%3A688426&xgs=1&xg_source=msg_share_post

Share this article :

3 comments:

naylinnhtun said...

ညီရေ ကျွန်တော်မလေးကစက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့တုံးကပေါ့ မလေးတစ်ယောက်က ငွေအကြွေစေ့နဲ့ ဝယ်တဲ့ ကော်ဖီစက်ထဲကပြန်အမ်းတဲ့ ၁၀ ပြားစေ့လေးကစက်ထဲကပ်နေတာကို
လက်တွေပွန်းပဲ့တဲ့အထိမရမကနှိပ်တာ
ကိုယ်တွေ့မြင်ဖူးခဲ့ပါရဲ့ ဒါကတော့ကိုယ့်ပိုက်ဆံမို့ လို့ ကိုယ်တန်ဖိုး
ထားပြီးမရရအောင်ယူတာပဲလေလို့ တွေးလို့ ရပါသေး
တယ် အခုလိုမျိုးကြတော့ ပိုင်ရှင်ရှိရက်နဲ့  ဝိုင်းပြီးပြန် ကောက်ပေးသင့်တာပေါ့ ..ဟုတ်ဘူးလား မသကာလူမသိအောင်အိပ်ကပ်ထဲနည်းနည်းပါထည့်တယ်ဆိုတော်သေးရဲ့ . . . P

ညယံ said...

အဲတော့။ဒုက္ခပဲနော် ... ဒုက္ခရောက်နေသူကို မကူညီပဲ အကြွေးစေ့တွေ လိုက်ကောက်နေရတယ်လို့ ။:(

မိုးယံ said...

ဟို ဦးထုပ် အဖြူနဲ့က နေဇော်လင်းလေ...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။