ကျွန်တော် အခု တရုတ်-မြန်မာ နယ်စပ်က ကျယ်ခေါင်ဆိုတဲ့ တရုတ်နိုင်ငံထဲက
မြို့သစ်လေး တစ်ခုကိုရောက်နေတာပါ။ သူတို့ နိုင်ငံရဲ့ မြို့သစ်ဆိုပေမဲ့ ခန်းနားမှု၊
တိုးတက်မှုတွေကို ကျွန်တော်တို့ နိုင်ငံနဲ့ခြားနားစွာ တွေ့ရပါတယ်။ အဲဒီ မြို့လေးမှာ
နေ့စဉ်ဝင်ထွက် အလုပ်လုပ်နေတဲ့မြန်မာ လူမျိုး များစွာကိုလဲ တွေ့ရပါတယ်။
အများစုကတော့ ပွဲစား၊ စကားပြန်နဲ့အောက်ခြေ အလုပ်ကြမ်းသမားတွေ တွေ့ရတာများပါတယ်။
ညဦး အချိန်လျှောက်လည်တဲ့အခါ မြန်မာမိန်းကလေးတချို့ဟာ အနိမ့်ကျဆုံးဘ၀နဲ့ အသက်မွေး
နေကြတာကိုလဲ မမြင်ချင်အဆုံး မြင်ခဲ့ရပါတယ်။
သူတို့နဲ့ တစ်ကြိမ် အတူတူ နေဖို့ဟာတရုတ်ငွေ ယွမ် (၂၀) ကနေ အများဆုံး ယွမ်(၁၀၀)
ကျော်လောက်ပါဘဲ။မြန်မာငွေနဲ့တွက်ကြည့်လိုက်ရင်(၃၀၀၀) ကနေ(၁၀၀၀၀) ၀န်းကျင်ပါ။
လမ်းပေါ်က မိန်းကလေးတွေရဲ့ ဈေးပါ။
မြန်မာနိုင်ငံမှာ တနေ့လုပ်အားခ အဲလောက်တောင်မရတော့လောက်အောင် ခက်ခဲနေပြီ
လားလို့ တွေးမိပါတယ်။ အဲဒီဟာတွေ မြင်မိမှကျွန်တော် တွေးမိတယ်။တို့နိုင်ငံမှာ တကယ်ဘဲ
အလုပ်ရှားနေပြီလား ဆိုတာပါ။တကယ်တော့ ဒါဟာ လူကုန်ကူးခံရတာပါ။
မြို့သစ်လေး တစ်ခုကိုရောက်နေတာပါ။ သူတို့ နိုင်ငံရဲ့ မြို့သစ်ဆိုပေမဲ့ ခန်းနားမှု၊
တိုးတက်မှုတွေကို ကျွန်တော်တို့ နိုင်ငံနဲ့ခြားနားစွာ တွေ့ရပါတယ်။ အဲဒီ မြို့လေးမှာ
နေ့စဉ်ဝင်ထွက် အလုပ်လုပ်နေတဲ့မြန်မာ လူမျိုး များစွာကိုလဲ တွေ့ရပါတယ်။
အများစုကတော့ ပွဲစား၊ စကားပြန်နဲ့အောက်ခြေ အလုပ်ကြမ်းသမားတွေ တွေ့ရတာများပါတယ်။
ညဦး အချိန်လျှောက်လည်တဲ့အခါ မြန်မာမိန်းကလေးတချို့ဟာ အနိမ့်ကျဆုံးဘ၀နဲ့ အသက်မွေး
နေကြတာကိုလဲ မမြင်ချင်အဆုံး မြင်ခဲ့ရပါတယ်။
သူတို့နဲ့ တစ်ကြိမ် အတူတူ နေဖို့ဟာတရုတ်ငွေ ယွမ် (၂၀) ကနေ အများဆုံး ယွမ်(၁၀၀)
ကျော်လောက်ပါဘဲ။မြန်မာငွေနဲ့တွက်ကြည့်လိုက်ရင်(၃၀၀၀) ကနေ(၁၀၀၀၀) ၀န်းကျင်ပါ။
လမ်းပေါ်က မိန်းကလေးတွေရဲ့ ဈေးပါ။
မြန်မာနိုင်ငံမှာ တနေ့လုပ်အားခ အဲလောက်တောင်မရတော့လောက်အောင် ခက်ခဲနေပြီ
လားလို့ တွေးမိပါတယ်။ အဲဒီဟာတွေ မြင်မိမှကျွန်တော် တွေးမိတယ်။တို့နိုင်ငံမှာ တကယ်ဘဲ
အလုပ်ရှားနေပြီလား ဆိုတာပါ။တကယ်တော့ ဒါဟာ လူကုန်ကူးခံရတာပါ။
နိုင်ငံခြားကို အထင်ကြီးလွန်းတာရယ်၊ငွေကို လွယ်လွယ်နဲ့ ရချင်ကြတာ ရယ်ကြောင့် ဒီလို
မဖြစ်သင့်တဲ့ ဘ၀တွေနဲ့ အသက်မွေး နေရတာပါ။ အခုကျွန်တော် တွေ့ခဲ့ရတာဟာ နယ်စပ်မြို့
လေး တစ်မြို့ထဲက မြန်မာ လူမျိုးတွေကိုဘဲ မြင်ခဲ့ရသေးတာပါ။
ရွှေလီ၊ ယင်ကျန်း၊ ဆိုတဲ့ မြို့တွေမှာကော အဲလိုလုပ်စားနေတဲ့ မြန်မာတွေ ဘယ်လောက်
ပေါနေလဲ။မြို့ပေါ်က မဟုတ်တဲ့ တရုတ် ကျေးရွာလေးတွေမှာလဲ တရုတ်တွေရဲ့ ကျွန်မယား
လုပ်နေရတဲ့ မြန်မာတွေအများကြီး ရှိနေသေးတယ်လို ကျယ်ခေါင်မှာ စကားပြန်လုပ်ပေးတဲ့
အကိုတစ်ယောက်က ပြောပါတယ်။
တရုတ်တွေက တရုတ်မိန်းကလေးတစ်ယောက်ကို ယူမယ်ဆိုရင် တရုတ်ငွေ သောင်းဂဏန်း
ဖိုး တင်တောင်ရပါတယ်။ မြန်မာပြည်က မိန်းကလေးတစ်ယောက်ကို ယူမယ်ဆိုရင်တရုတ်ငွေ
ထောင်ဂဏန်းဘဲ ကုန်တဲ့အတွက် မြန်မာ မိန်းကလေးတွေကို အိမ်ဖော်လို တစ်မျိုး၊မိန်းမလို
တစ်မျိုး ယူထားကြတာပါတဲ့။
သူတို့ အတူတူနေရတာ ၀ပြီဆိုရင်နောက်ထပ် ထောင်ဂဏန်းလောက် ထပ် အကုန်အကျ
ခံလိုက်ရုံနဲ့ နောက်မြန်မာမိန်းကလေး တစ်ယောက် ထပ်ယူလို့ ရပါသေးတယ်တဲ့။ အတူတူ
နေလို့ ၀သွားတဲ့ အရင်မြန်မာ မိန်းမကတော့ ဒီတိုင်း စွန့်ပစ်ချင်လဲ စွန့်ပစ်ပေါ့။
အလိုမှ စွန့်မပစ်ချင်ဘူး ငွေပြန်ဖော်အုန်းမယ်ဆိုရင်လဲ အောက်ဈေး ပေးဝယ်တဲ့
ပြည့်တံဆာ ခေါင်းတွေကလဲ ရှိသေးတယ်တဲ့။ ကျွန်တော်လေ အဲဒီအကြောင်းကို
ကြားတော့ တကယ်ကို စိတ်မကောင်းပါဘူး။
မြန်မာတွေ ဘာလို့ အဲလောက် ဒုက္ခရောက်နေရတာလဲဆိုတာစဉ်းစား ကြည့်မိတယ်။
ဒီမှာ ကျွန်တော်တို့ လူမျိုးတွေကို တကယ် cover လုပ်ပေးမဲ့ အဖွဲ့အစည်း မရှိပါဘူး။
ဒီလိုပါဘဲ မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်း၊ ကာတာ၊ စတဲ့ နိုင်ငံတွေမှာလဲစနစ်တကျ
cover လုပ်ပေးတဲ့ အစိုးရ အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတွေ မရှိပါဘူး။
ဒါပေမဲ့ ကျန်တဲ့ ASIAM နိုင်ငံတွေကတော့ အဲလို အဖွဲ့အစည်းမျိုးတွေ ရှိပါတယ်။
ဥပမာ … အင်ဒိုနီးရှားနိုင်ငံကိုဘဲ ကြည့်ကြည့်ပါ။ သူ့နိုင်ငံသားတွေကို မလေးရှား နိုင်ငံက
အလုပ်ခန့်မယ်ဆိုရင် လစာ မလေးရှား ရင်းဂစ် (၂၀၀၀)အောက် (၁၀၀၀)အောက်လား
မသိဘူး မခန့်ရပါဘူး။
(ကျွန်တော် ငွေပမာဏ ကို မေ့နေလို့ပါ) ။ သူ့နိုင်ငံ အစိုးရကသူ့နိုင်ငံသားတွေအတွက်
စနစ်ကျတဲ့ ကာကွယ်မှု အခွင့်အရေးတွေကို လုပ်ပေးထားပါတယ်။ မလေးကို ရောက်နေတဲ့
မြန်မာ အလုပ်သမားတွေကို အဲလိုကာကွယ်မှုမျိုး မရသင့်ဘူးလား။
အောက်လမ်းကနေ တရားမ၀င် ၀င်တဲ့သူတွေကတော့ ထားပါတော့။ ခွင့်ပြုချက်နဲ့
မဟုတ်လို့ အကာအကွယ် မပေးနိုင်ဘူးပဲထားပါ။ နိုင်ငံကို တရားဝင်ဝင်ငွေခွန်ဆောင်ပြီး
အလုပ်သွားလုပ်တဲ့ သူတွေအတွက်တော့ အဲလို အကာအကွယ်မျိုး ပေးသင့်ပါတယ်။
မလွဲသာလို့ over stay ဖြစ်သွားတဲ့ မြန်မာတွေကို တတ်နိုင်သလောက် အကာအကွယ်
ပေးသင့်ပါတယ်။အခုတော့ဗျာ over stay ဖြစ်နေတဲ့ မြန်မာတွေ passport မရှိတဲ့မြန်မာ
တွေကိုမလေးရဲတွေက ဖမ်းမိရင် ထောင်မချဘူးတဲ့ဗျ။ ယောက်ကျားဆိုရင် ထိုင်းနိုင်ငံက
ငါးဖမ်းသင်္ဘောတွေကိုအလုပ်ကြမ်းသများ အဖြစ် ရောင်းစားတယ်တဲ့။
မိန်းကလေးဆိုရင်တော့ သူတို့ကထိုင်းက ဇိမ်ခန်းတွေကိုရောင်းစားတယ်တဲ့။ ဘယ်မှာလဲ
လူ့အခွင့်အရေး၊ လူသားချင်း စာနာမှုတွေကောဘယ်လိုဖြစ်ကုန်တာလဲ။ တကယ် အပြစ်ရှိ
တယ်ဆိုရင်လဲ ထိရောက်တဲ့ သိသားတဲ့ လူသားချင်းစာနာတဲ့ ပြစ်ဒဏ်တွေ ပေးပါ။
ဒီလိုပေးအောင်လဲ အခွန်ငွေယူထားတဲ့ နိုင်ငံက အကာအကွယ်ပေးပါ။ ကျွန်တော် နောက်ဆုံး
ပြောချင်တာကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်ဆိုရင်လဲ သူများမလုပ်ချင်တဲ့ အလုပ်ကို
သွားလုပ်ဖို့ထက်၊ သူများ မလုပ်နိုင်တဲ့ အလုပ်ကို သွားလုပ်နိုင်အောင် ကြိုးစားပြီးမှ သွားစေချင်
ပါတယ်။
သူများ မလုပ်ချင်တာဆိုတာကတော့ စက်ရုံအလုပ်သမား၊ သင်္ဘောဆေးသုတ်၊ အိမ်ဖော်စတဲ့
အလုပ်တွေပေါ့ဗျာ၊သူများ မလုပ်နိုင်တာကတော့ အသိပညာရှင်၊ အတတ်ပညာရှင်တွေပေါ့။
အေး … ငါတို့က အသိပညာရှင်အတတ်ပညာရှင်တော့ ဘ၀ပေး အခြေအနေ ကြောင့် မဖြစ်ခဲ့
ရဘူး၊ အိမ်ရဲ့ စီးပွားရေး ကျပ်တည်းလို့သွားတော့မယ်ဆိုရင်တော့ ကျွန်တော် တစ်ခု အကြံပေး
ချင်ပါတယ်။
အနိမ့်ဆုံး စင်ကာပူလောက်တော့သွားလုပ်ပါ။ တစ်လကို (၃)(၄)သိန်းလောက်ဘဲရမယ့် မလေးရှား၊
ဒူဘိုင်း၊ ကာတာ၊တို့ကိုတော့မသွားပါနဲ့။ တစ်လ (၃)(၄)သိန်းကတော့ မြန်မာပြည်မှာလဲ လွယ်လွယ်
ရှာလို့ရပါတယ်။ တကယ်ပြောတာပါ။
သူငယ်ချင်းတို့ ….. ငါတို့နိုင်ငံမှာ တွင်းထွက်ရတနာတွေ ထွက်တွေ မြေတွေ အများ
ကြီးရှိပါတယ်။ ကြီးကြီး ကျယ်ကျယ်ပြောရရင် ရတနာမြေတွေကို ခေါင်းအုံးပြီး အိပ်နေတဲ့
နိုင်ငံပါ။ သူငယ်ချင်းတို့သာတကယ် ငွေရှာတော့မယ်ဆိုရင် မလေးတွေ၊ ဒူဘိုင်းတွေထက်
သာစေရပါမယ်။ တစ်လကို ငွေ (၃)(၄)သိန်းလေး ရရပါစေမယ်။
လုပ်လုပ်ချင်းတော့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ သူများ နိုင်ငံမှာအကာအကွယ်မဲ့
နေရတာထက်စာရင် ကို့နိုင်ငံရဲ့ အကာအကွယ်အောက်မှာ နေရတာက ပိုပြီး စိတ်ချမ်း
သာပါတယ်၊လုံခြုံမှုးလဲ ပိုရှီပါတယ်။ နွေးထွေးမှုလဲ ပိုသာပါတယ်။ ဖားကန့်က ရေမဆေး
ရှာတဲ့ ကျောက်သမား တစ်ယောက်ရဲ့ဝင်ငွေဟာ တစ်လကို (၄)သိန်းအထက်မှာ ရှိပါတယ်။
ဒါတောင် အနည်းဆုံးနော်။ ပြီးတော့ သူဟာNext Day တိုင်းမှာလဲ သန်းကြွယ်သူဌေး
ဖြစ်နိုင်တဲ့အိမ်မက်တွေ မက်ခွင့်ရှိနေပါတယ်။ကျောက်ပညာ အပြည့်အ၀ နားလည်ဖို့ မလိုသလို၊
အရင်းအနှီးလဲမလေးရှား သွားသလောက် မကုန်ပါဘူး။ နေရ စားရတာ အခက်အခဲ ရှိပေမဲ့ မြန်မာလူမျိုးတွေကြီးဘဲရှိတဲ့ဒေသမှာ ကြီးမားတဲ့ အခက်အခဲတော့ မရှိပါဘူး။ မူးယစ်ဆေးဝါးကတော့
မစွဲအောင် ကိုယ့်ကိုယ်ကို ထိမ်းသိမ်းပေါ့။
သူငယ်ချင်းတို့ နိုင်ငံခြားကိုတကယ်အလုပ်သွားလုပ်တော့မယ်ဆိုရင် ဖားကန့် ဒေသက
ရေမဆေးသမားတစ်ယောက်ရဲ့ ဘ၀ကို အရင်လေ့လာကြည့်ပြီးမှ နိုင်ငံခြားကို သွားပြီး
အလုပ်လုပ်စေချင်တယ်။
တစ်ချို့ သူငယ်ချင်းတွေကတော့ ကျွန်တော့ကို ဒီလိုမျိုး ကိုယ် အလုပ်မဟုတ်တာတွေ
လျှောက်လျှောက်ပြောလို့ အူကြောင်ကြောင် အကောင်လို့ ပြောကြပါတယ်။သူတို့ ပြောသလို
အူကြောင်ကြောင် အကောင်တစ်ယောက် ကျွန်တော် ဖြစ်ချင်ဖြစ်နေမှာပါ။
ဒါပေမဲ့ ကျွန်တော် နိုင်ငံကိုချစ်ပါတယ်။ ကျွန်တော့်လူမျိုးတွေကိုချစ်ပါတယ်။ ကျွန်တော်တို့
လူမျိုးတွေသူများနိုင်ငံမှာ အောက်ကျို့ နှိမ်ချခံနေရတာကိုမကြည့်ချင်ပါဘူး။ ကြည့်လဲမကြည့်
ရက်ပါဘူး။ အပင်ပန်းခံရတာချင်အတူတူ၊ လုပ်ခရတာချင်း အတူတူကို့နိုင်ငံမှာဘဲ ပျော်ပျော်
ပါးပါး လုပ်စေချင်ပါတယ်။
သူငယ်ချင်းတို့ရေ …
ရေခြား၊ မြေခြားမှာ ပင်ပန်းဆင်းရဲခံပြီး အလုပ်လုပ်နေကြတဲ့ အိမ်လွမ်းသူ
သူငယ်ချင်းတွေကို ကိုယ်ချင်းစာလျှက် …………
မင်းတို့ရဲ့ သူငယ်ချင်း
fatty ငကြောင်
Aung Si Hein
(23-12-2010) 8:30 AM
မှက်ချက် ၊ နိုင်ငံခြားဆိုတာ ကောင်းလား ၊ ဆိုးလား ဆိုတာ ကျွန်တော် မပြောလိုပါဘူး။
ဤ ပိုစ့်လေးကို ကျွန်တော် ဘယ်လို ရည်ရွှယ်ချက်နဲ့ တင်သလဲဆိုတာ စာဖတ်သူရဲ့
စိတ်သဘောထား နဲ့ သာ သက်ဆိုင်ပါတယ်။ ကျွန်တော်က ကောင်းကောင်း ဆိုးဆိုး
အဝေးရောက် မြန်မာများအတွက် မျှဝေနေသူမို့ ဗဟုသုတ အဖြစ် အသိပေးတာပါ။
0 comments:
Post a Comment