အမေဇုန် နို့နှစ်ရောင်ဖား (Amazon Milk Frog) ကို တောင်အမေရိက တိုက်မှာပဲ မြင်တွေ့နိုင်ပါတယ်။ သြစတေးလျတိုက်မှာလည်း အနည်းငယ် ကျက်စားတယ်လို့ သိရပါတယ်။
အရောင်အားဖြင့် အဖြူရောင်မှာ အညိုရောင် ကွက်ကျားမျ
ား ခြယ်ထားတဲ့ ပုံစံဖြစ်ပြီး အရွယ်အစားက ၂.၅ လက်မ ကနေ ၄ လက်မအထိ ရှိနိုင်ပါတယ်။
စိုစွတ်တဲ့ နေရာတွေမှာ နေထိုင်ကျက်စားပြီး မိုးသစ်တောတွေမှာ ပိုအတွေ့များ တယ်လို့ ဆိုပါတယ်။ အရောင်တင် နို့ရောင် ရောနေခြင်း မဟုတ်ပဲ ခန္ဓာကိုယ်မှ ထွက်သမျှ အရည်များလည်း နို့ရည်လိုပဲ ဖြစ်ပါတယ်။
သို့ပေမယ့် ယင်းအရည်ဟာ အဆိပ်ပါပြီး လာရောက် တိုက်ခိုက်မယ့် ဘယ်ရန်သူကို မဆို ပြန်လည်ခုံခံရန် သဘာဝကပေးထားတဲ့ စွမ်းအား တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့အလှဆုံး ဖားမျိုးစိတ် သုံးမျိုးထဲမှာ တစ်မျိုးအပါအဝင် ဖြစ်တဲ့ အမေဇုန်ဖား (Amazon Mil Frog) ကို ယခုလို မြင်တွေ့ ရပါတယ်။
by :Ref:wiki
International news for myanmar
0 comments:
Post a Comment