Home » » မလေးရှား အခြေခံ လူတန်းစား ဘ၀ထဲက အဖိုးအို အသံ

မလေးရှား အခြေခံ လူတန်းစား ဘ၀ထဲက အဖိုးအို အသံ

Written By မောင်စေတနာ on Wednesday, September 21, 2011 | 9:11:00 AM



မလေးရှားနိုင်ငံသားကြီး Mamat Mat Amin ၏ဘ၀သည် လောကဓံလှိုင်း ဘယ်လောက်ကြီး ကြီး ခြေဖ၀ါး အောက် ဟူသည့် ယောကျာင်္းကောင်း တစ်ဦး၏ စိတ်ဓါတ်ကို ကိုယ်စားပြု နေသည့် အလား ဖြစ် သည်။ အဖိုးအို Mamat မှာ အသက် ၈၀ရှိနေပြီဖြစ် သော်လည်း Kampung Gong Tok Nasek ဒေသမှာ ငါးရောင်းချရင်း ကလေး ၆ ယောက်ကို ကျွေးမွေးနိုင်ခဲ့ သည်။

ဇရာထောက် လာသည့် အချိန်တွင် လည်း၎င်းအလုပ် ကိုပင် သံယောဇဉ်ကြီးစွာ ဖြင့်ဖတ်တွယ် ထားဆဲဖြစ်သည်။“တို့ကလေးတွေ ပညာဆက်သင်နိုင်ဖို့ အလုပ်ကိုင်ကောင်းတွေ ရနိုင်ဖို့ ဒီအလုပ်နဲ့ ပံ့ပိုးပေးနိုင်ခဲ့တာပါ” ဟု အဖိုးအို က ဂုဏ်ယူစွာဖြင့်ပြောပါသည်။

“ ဒီအလုပ်ကို စွန့်လွတ်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးကွဲ့ ၊ ဘာလို့လဲ ဆိုတော့ ဒီအလုပ်မှာ ဘရကသ် (ကောင်းချီးမင်္ဂလာ )ရှိနေတယ်။ တို့မိသားစုကို လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကတည်းကနေ ကနေ့အထိ ထောက်ပံ့ပေးနိုင်ခဲလို့ပါ” ဟု သူက ဆက်ပြောပါသည်။

“အရင်တုန်းကတော့ ကိုအနေနဲ့က အမြတ် ရရေး လောက်ပဲကြည့်ခဲ့တာ ၊ အခုတော့ မေတ္တာရှေးရှတဲ့ ကုန်ရောင်းမှု ပဲ ဆိုပါတော့ ” ဟု ဆိုသည်။ မိုးရွာရွာ နေပူပ အဖိုးအို Mamatမှာ Chendering ကနေ ဆိုင်ကယ်ဖြင့် ငါးများသယ်ယူလာပြီး ဗျံကျ ဈေးမှ တစ်ဆင့်ပြန်လည် ရောင်းချ လျက်ရှိနေသည်။

“ င့ါအတွက်တော့ အမိုးမရှိလဲ အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ငါ့သူငယ်ချင်းတွေကတော့ မခံနိုင်ကြဘူး ဖျားကုန်ကြတာပဲ။ ငါကတော့ အလုပ် မှာ အမိုးအကာ မရှိလဲ ခံနိုင်ရည်ရှိပါတယ် ”ဟု ဆိုသည်။

ဆက်လက်ပြီး သူက မလေးရှား အာဏာရပါတီ အနေဖြင့်အောက်ခြေလူတန်း စား၏ အရှိတရားကို နားလည်သဘောပေါက်ရန် လိုအပ်ပြီးလိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် အရေးကြီးပါ ကြောင်း ၄င်းက ပြောကြားသည်။

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။