Home » » မလေးရှား ကျောင်းသူတစ်ဦးအား ရုရှား (၄) ဦးမှ မုဒိမ်းကျင့်

မလေးရှား ကျောင်းသူတစ်ဦးအား ရုရှား (၄) ဦးမှ မုဒိမ်းကျင့်

Written By မောင်စေတနာ on Monday, September 19, 2011 | 5:06:00 PM



လူချမ်းသာ စာရင်းဝင် ရုရှား (၄) ဦးတို့ သည် ၎င်းတို့ကိုယ်တိုင် iPhone ကို အသုံးပြုကာ ရုပ်ရှင်ရိုက်ကူးခဲ့ပြီး လန်ဒန်မြို့ရှိ Exclusive Private College တွင် တက်ရောက်နေသော မလေးရှားမှ ကျောင်းသူတစ်ဦးအား မုဒိမ်းကျင့်မှု ဖြင့် အမှုရင်ဆိုင်နေရကြောင်း သိရှိရသည်။

အဆိုပါ ရုရှား (၄) ဦးသည် လန်ဒန်တွင် တစ်နှစ်လျှင် မလေးရှားရင်းဂစ် ၁၄,၆၀၀ ပေး၍ တက်ရောက်နေသော မလေးရှားမှ ကျောင်းသူ တစ်ဦးအား နာရီဝက်ကြာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် မုဒိမ်းကျင့်ခဲ့ကြကြောင်း ဒေးလီးမေးလ်သတင်းစာတွင် ဖော်ပြပါရှိသည်။

သတင်းစာပါ ဖော်ပြချက်အရ အသက် (၁၉) နှစ်မှ (၂၃) နှစ်အရွယ်ရှိ ရုရှားနိုင်ငံသားများ သည် ထို ကျောင်းသူလေးအား မုဒိမ်းကျင့်ပုံကို ကိုယ်ရည်သွေးပြောကြားရန်အတွက် ရွံ့ရှာဖွယ် ကောင်းစွာ ဖုန်းဖြင့် ဗီဒီယိုမှတ်တမ်းတင် ထားခဲ့ကြ သည်။

Oleg Ivanov (၂၃ နှစ်) ၊ Norayr Davtyan (၂၂ နှစ်)၊ Armen Simonyan (၁၉ နှစ်) နှင့် Gregory Melnikov (၂၃ နှစ်) တို့သည် Woolwich Crown တရားရုံးတွင် ခုံသမာဓိအဖွဲ့မှ ပြစ်ဒဏ်စီရင်ရာ၌ ၎င်းတို့မဟုတ်ကြောင်း ငြင်းဆိုခဲ့ ကြသည်။

တရားလိုရှေ့နေ Peter Clement က ပြောကြားရာတွင် တရားခံ (၄) ဦးတို့သည် သူတို့ဘာဖြစ်ခဲ့တယ်၊ ထိုမိန်းကလေးကို ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေကို ဖုန်းဖြင့် မှတ် တမ်းတင်ရိုက်ကူး၍ ပြန်လည်ကြည့်ရှုနေကြကြောင်း၊ ၎င်းတို့မှာ အခင်းဖြစ်နေစဉ်အတွင်း စိတ်ကူးယဉ် ဆန်ဆန်ဖြင့် သူမက ဘယ်သူလဲ စသည်ဖြင့် တစ်ဦးကိုတစ်ဦး မေးမြန်းပြောဆိုနေ ကြသည်ဟု ဆိုသည်။

ထိုကျောင်းသူလေးသည် ကျောင်းရှိ ဒစ်စကိုပွဲသို့ မသွားမီ ပါတီပွဲ၌ ၀ီစကီအနည်းငယ် သောက်ခဲ့ကြောင်း၊ သူမသောက်သော ၀ီစကီထဲ တွင်ဆေးခတ်ထားသောကြောင့် သူမမှာ ပျော် သလိုလို၊ ခေါင်းမူးသလိုလို၊ ထူးခြားသော အရသာ မျိုးကို ခံစားရပြီးနောက် မူးယစ်လာပြီး ပါတီပွဲမှ ပြန်သွားပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွား ကြောင်း၊ သူမ နိုးလာသောအခါတွင် သူမအား လိင်ဆက်ဆံမှု ပြုနေသည်ကို သိရသော်လည်း လုံးဝလှုပ်ရှား၍ မရကြောင်း သမာဓိခုံရုံးအဖွဲ့မှ ကြားနာရသည်။

သူမက ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်မှာ သူမက လိင်ဆက်ဆံနေမှုကို ရပ်ခိုင်းကြောင်း၊ သို့သော် သူမ မထနိုင်ကြောင်း မတ်တပ်လည်း မရပ်နိုင်ကြောင်း၊ သူမ အမှန်တကယ်ပင် ပင်ပန်း ကြောင်း၊ ဘာဆိုဘာမှ မလုပ်နိုင်ကြောင်း၊ လက် များပင် လှုပ်ရှား၍ မရကြောင်း၊ ထိုအချိန်မှာ သူမ၏ မျက်လုံးများကို ပိတ်ထားပြီး အမှန် တကယ်ပင် သေချင်ကြောင်း၊ သူတို့ ပြုမှုဆက်ဆံ နေတာကို ဘယ်လိုမှ သဘောတူလိုက်လျောနိုင် စွမ်း မရှိကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တရားခံ (၄) ဦးအား တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဂျူရီလူကြီးများ၏ အဆုံးအဖြတ်အရ သင်္ဘောဆိပ်တွင်ထားရှိကာ အများသူငါ မြင်သာအောင် ပြသခဲ့သည်။ ထို့ နောက် မုဒိမ်းမှု၊ မုဒိမ်းမှုမြောက်ရန် ကြိုးပမ်းမှု တို့နှင့် အသီးသီး စီရင်ချက် ချမှတ်ခဲ့သည်။

အိမို့မို့
Ref : Star

Source by :http://newsnetworkmedia.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။