Home » » လွန်ခဲ့တဲ့ 2ပတ်လောက်က စင်္ကာပူမှာဖြစ်သွားတဲ့ အကြောင်းအရာလေးပါ

လွန်ခဲ့တဲ့ 2ပတ်လောက်က စင်္ကာပူမှာဖြစ်သွားတဲ့ အကြောင်းအရာလေးပါ

Written By မောင်စေတနာ on Tuesday, January 25, 2011 | 12:38:00 PM



ကောင်မလေးတစ်ယောက် (မ----) စင်္ကာပူမှာ ကျောင်းပီးလို့ အလုပ်ရှာ
နေတုန်းပါ။ ကောင်မလေးက သူ့ အမေနဲ့အတူနေပါတယ်။ အရွယ်ကလေး
ကလဲရလာပီဆိုတော့ ရည်းစားလေး ထားကြည့်တာပေါ့။

တနေ့ ကောင်လေးက ကောင်မလေးကို သူနဲ့အတူနေဖို့ တောင်းဆိုပါတယ်...
(ကောင်လေးကလဲ မြန်မာနိုင်ငံကပါပဲ..)ဟိုမှာ တွေ့ ရင်းကြိုက်သွားကြတာပေါ့....

ကောင်လေးကအဲ့လိုနေဖို့ တောင်းဆိုတော့ ကောင်မလေးကလဲ ဘာမှမဖြစ်
လောက်ပါဘူးဆိုပီးတော့ လက်ခံလိုက်ပါတယ်။ ပီးတော့ ကောင်လေးက ကောင်
မလေးနဲ့အတူ နေစဉ်ဖြစ်ရပ်များ အားလုံး(အစအဆုံးကို) video camera နဲ့ မှတ်
တမ်းတင်ပီး အင်တာနက်ပေါ်ကို upload လုပ်လိုက်ပါတယ်...

ကောင်မလေးက ဒီကိစ္စကိုလဲ သိရော ကောင်လေးကို တာဝန်ယူဖြေရှင်ပေးဖို
့ပြောပါတယ်။ (ကိုယ်ဝန်ရှိသွားတယ်ဆိုရင်တောင် ဆရာဝန်တွေနဲ့ တိုင်ပင်ပီးတော့
ဖြေရှင်းလို့ရပါသေးတယ်။ ခုဟာက အင်တာနက်ဆိုတော့တော်တော့်ကိုမလွယ်တဲ့
ကိစ္စပါ)


ကောင်လေးက ဘာမှမဖြေရှင်းပေးဘဲ ခေါင်းရှောင်သွားပါတယ်။ တခြားနိုင်ငံကိုတောင်
ထွက်ပြေးသွားပီလို့ သိထားပါတယ်။ ကောင်မလေးကတော့ နောက်ဆုံး ဘာမှ မတတ်
သာတော့ပဲ တိုက်ပေါ်ကနေ ခုန်ချပီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားပါတယ်။

ကောင်မလေးအမေမှာ အခု ဖြေရာမရဖြစ်နေသလို။ ကောင်မလေးအဖေကိုလဲ ရင်မဆိုင်ရဲ
တာကြောင့် ရန်ကုန်ကိုလဲ မပြန်နိုင်ဖြစ်နေရပါတယ်။ ဒါပေမဲ့ လူစိတ်မရှီတဲ့ (လူလို့ တောင်
ပြောလို့ မရတဲ့ကောင်ပါ) (ကိုယ့်မြန်မာအချင်းချင်းကိုတောင် အညှာမတာ လုပ်ရက်တယ်)
ဒကောင်ကိုတော့ မြန်မာနိုင်ငံမှာ အမှုဖွင့်ထားပါတယ်...

ဒီကောင် မြန်မာပြည်ကိုတော့ ဒီတစ်သက်ပြန်လာလို့ မရတော့ပါဘူး..ပြန်ရောက်တာနဲ့ 
ထောင်ထဲတန်းရောက်မှာပါ။ ဒီလို လူစိတ်မရှိတဲ့ကောင်ကြောင့် အမြတ်တနီုးတန်ဖိုးထား
ထားတဲ့ကောင်မလေးတစ်ယောက် မိဘရင်ခွင်ထဲကနေ ထွက်ပီး အဆုံးစီရင်သွားရရှာပါ
တယ်။

အဲ့ဒါကြောင့် ပြောချင်တာက စင်္ကာပူရောက်မြန်မာ မိန်းခလေးများ
( ဘယ်နိုင်ငံပဲရောက်ရောက် ကိုယ့်နိုင်ငံအတွင်းမှာတောင် စိတ်မချရဘူး.)
ဘယ်ရည်စားနဲ့မှ အတူမနေမိစေဖို့ ပါ...

အထူးသတိပြုကြပါ မမတို့ ရေ.....


myanmarinsingapore

Share this article :

12 comments:

မိုးယံ said...

အခုတစ်လော ဒါမျိုးတွေချည်းပဲ ကြားနေရတယ်.. စိတ်လေဒယ်.. ။ လူတွေတိုးတက်လာတယ် ဘာတွေတိုးတက်လာလဲတော့ မသိဘူး.. စိတ်ဓါတ်တွေ.. အကျင့်စာရိတ္တတွေကတော့ ကြာလေ သောက်မြင်ကတ်လောက်အောင် ယိုယွင်းလာလေပဲ၊


ဒီလောက်တုံးတဲ့ မိန်းမနဲ့ ဒီလောက်ယုတ်မာတဲ့ ကောင်ဇတ်သိမ်းက ဒီထက်ပြင်းထန်သင့်တယ်။

အချစ်ဆိုတဲ့ ကိလေသာနဲ့ ရာဂ ဆိုတဲ့ ကိလေသာ ပေါင်းရော ဒုလ္လဘဆိုတဲ့ လူ့ဘ၀လဲ ဘာမှ မဟုတ်သလိုပါပဲ။

sosegado said...

စကာင်္ပူမှာလည်း အမှုဖွင့်လို့ရပါတယ်၊ စကာင်္ပူနဲ့ စာချူပ်ချုပ်ထားတဲ့ နိုင်ငံတွေမှာဆိုရင် ပြန်ခေါ်ပြီး စီရင်ပါတယ်၊ နက်ပေါ်တင်လိုက်ရင် ရဲအရေးယူနိုင်တဲ့အမှုပါ။

Portable Boy said...

ကောင်းတယ်ဗျာ....ကောင်မလေးတွေဆင်ခြင်ဖို့လို့ပါတယ်
ကောင်လေးတွေလည်း..မဟုတ်တာမလုပ်ဖို့ပြောချင်တယ်ဗျာ......ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ

မင်းမင်း said...

မှန်တယ်ဗျာ..ဘာတွေပဲတိုးတက်လာနေနေ..စိတ်ဓါတ်ကတော့အောက်တန်းကျနေတုန်းပဲ
အခုအချိန်ထိ..ပြည်တွင်းမှာတောင်ဖြစ်ချင်သလို
ဖြစ်နေကြတာ..ပြည်ပရောက်တော့ပိုဆိုးတာပေါ့
မိန်းကလေးဘက်ကလဲလက်မထပ်သေးခင်
အပျိုစင်ဆိုတဲ့ဂုဏ်ကိုထိန်းသိန်းသင့်သလို
ကောင်လေးတွေဘက်ကလည်းနှမသားချင်း
ကိုယ်ချင်းစာနာတတ်ရင်မကောင်းပေဘူးလား

Unknown said...

ကိုယ်တွေကသာ ဒီသတင်းတွေကြားရရင် စိတ်မကောင်းဖြစ်နေရတာ ကောင်မလေးတွေကလဲ ရိုးသားတဲ့ကောင်လေးတွေ စိတ်ကောင်းရှိတဲ့ကောင်လေးတွေဆိုရင် မတူသလိုမတန်သလိုနဲ့ ပိုက်ဆံလေးနဲနဲ ရှိတဲ့ ကောင်လေးတွေ့ပြီဆိုရင် ကောင်လေးရဲ့ အတွင်းစိတ်ဓာတ်ကို လေ့လာဖို မေ့နေရော ဘယ်လိုလုပ်ကျမလဲ သနားနေလဲအပိုပါပဲ

Anonymous said...

အခန်းထဲမှာ CCTV လို စပိုင်ကင်မရာအသေးလေး တပ်ထားတာ ဖြစ်နိုင်တယ်ဗျ။ ဒါမျိုး သေးသေးလေးတွေဆို မြင်တောင်မမြင်ရလို့ ရှိမှန်းမသိဘူး။

လိင်ကိစ္စ ခိုးရိုက်ထားမှရယ်မဟုတ်ဘူး။ ကိုယ့်အခန်းဖော်၊ ဒါမှမဟုတ် တစ်အိမ်ထဲ စုငှားနေသူထဲမှာ စပ်စုတတ်တဲ့လူ၊ မဟုတ်တရုတ်အကျင့်ရှိသူ ပါရင်လဲ သတိနဲ့နေတာ မမှားပါဘူး။ ဒိုင်ယာရီကို ခိုးဖတ်တာတို့၊ ကွန်ပျူတာထဲက မိသားစုပုံတွေ ရည်းစားပုံတွေ ခိုးယူသွားတာတို့၊ ကျန်ခဲ့တဲ့ မိသားစု အဆင်မပြေတာ ကြွေးမကျေသေးတာတွေ အတင်းလည်ပြောတာတို့ ခံရတတ်တယ်။ နိုင်ငံခြားမှာ ကြုံရတဲ့ စိတ်ညစ်စရာတွေကို ရင်ဖွင့်ချင်တယ်ဆိုလဲ ကိုယ်စုနေတဲ့အိမ်က အားလုံး စိတ်ချရသူတွေချည်းပဲလို့ အာမ,မခံနိုင်ရင် ရင်ဖွင့်ချင်တဲ့စိတ်ကို မျိုသိပ်ထားသင့်တယ်။ ညီအစ်ကိုတွေကို အကြံပေးတာပါ။

ချစ်ခြင်းအလင်္ကာ said...

အဲလိုဟုတ်ဘူးထင်တယ်အကိုရဲ့..ညီမဖတ်လိုက်ရတယ်..
ကောင်မလေးနာမည်ကခိုင်လို့ရေးထားတယ်..၁၆ နှစ်တောင်မပြည့်သေးဘူး
secondary တက်နေတုန်းရှိသေးတယ်..
သူကရုပ်ရှင်တွေထဲကအတိုင်းလုပ်သွားတာ..
i suicide because of him လို့ရေးထားတယ်
သူသေတော့ချန်ဂီကိုခေါ်လာတယ်..ညီမဆေးရုံတက်တာနဲ့တရက်ထဲပဲ..
နေ့လည်ထုတ်သတင်းစာမှာပါလာတယ်..cyber crime ဆိုပြီး စကာင်္ပူရဲကလိုက်နေတယ်လေ..
ဆရာလုပ်တာမဟုတ်ပါဘူးနော်..အဲဒီအမှု့များလားလို့ပါ..အမေနဲ့အဒေါ်ကအိတ်စပိုမှာ..ဈေးသွားဝယ်တဲ့မနက်ဖြစ်တာမို့.အဲလိုမှန်းသိရင်မသွားပါဘူးလို့ပြောပြိးငိုရှာသတဲ့လေ..
အရမ်းငယ်ပါတယ်
ကောင်မလေးက
ကောင်လေးယုတ်မာသွားတာပါ..
အဒေါ်နဲ့လဲတွေ့တယ်တဲ့..ကောင်လေးကို
သဘောမတူဘူးလို့ပြောလို့ကောင်လေးကစိတ်ဆိုးသတဲ့လေ..အဲလိုယုတ်မာတာ..

ချစ်ခြင်းအလင်္ကာ said...

အဲလိုဟုတ်ဘူးထင်တယ်အကိုရဲ့..ညီမဖတ်လိုက်ရတယ်..
ကောင်မလေးနာမည်ကခိုင်လို့ရေးထားတယ်..၁၆ နှစ်တောင်မပြည့်သေးဘူး
secondary တက်နေတုန်းရှိသေးတယ်..
သူကရုပ်ရှင်တွေထဲကအတိုင်းလုပ်သွားတာ..
i suicide because of him လို့ရေးထားတယ်
သူသေတော့ချန်ဂီကိုခေါ်လာတယ်..ညီမဆေးရုံတက်တာနဲ့တရက်ထဲပဲ..
နေ့လည်ထုတ်သတင်းစာမှာပါလာတယ်..cyber crime ဆိုပြီး စကာင်္ပူရဲကလိုက်နေတယ်လေ..
ဆရာလုပ်တာမဟုတ်ပါဘူးနော်..အဲဒီအမှု့များလားလို့ပါ..အမေနဲ့အဒေါ်ကအိတ်စပိုမှာ..ဈေးသွားဝယ်တဲ့မနက်ဖြစ်တာမို့.အဲလိုမှန်းသိရင်မသွားပါဘူးလို့ပြောပြိးငိုရှာသတဲ့လေ..
အရမ်းငယ်ပါတယ်
ကောင်မလေးက
ကောင်လေးယုတ်မာသွားတာပါ..
အဒေါ်နဲ့လဲတွေ့တယ်တဲ့..ကောင်လေးကို
သဘောမတူဘူးလို့ပြောလို့ကောင်လေးကစိတ်ဆိုးသတဲ့လေ..အဲလိုယုတ်မာတာ..

Anonymous said...

မြန်မာမိန်းကလေးတွေ ဆင်ခြင်ဖို့ လိုပါတယ်။ယောကျာင်္းလုပ်တဲ့သူကလည်း လူစိတ်ပျောက်နေတဲ့သူဆိုတော့လည်း ---- အရှက်ကိုအသက်နှင့်လဲသွားတဲ့ မြန်မာမလေး စိတ်ဓါတ်ကို အထင်ကြီးလေးစားဂုဏ်ယူမိပါတယ်။မိန်းကလေးအား ဘုရားသခင်ကောင်းချီးပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

သနားပါတယ်ဗျာ။အရှက်ကိုအသက်နဲ့ လဲသွားတာ -- ဘုရားသခင်ကောင်းချီးပေးနိုင်ပါစေ ----

ဟန်ကြည် said...

ယောက်ျားလေးကလဲ ယောက်ျားပီသရင်...မိန်းကလေးကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားရင် ဒီပြဿနာဖြစ်လာစရာ အကြောင်းမရှိပါ...နှစ်ယောက်စလုံး မှားပါတယ်...ရှင်းရှင်းပြောရရင် မိန်းကလေးက မှားပြီး ယောက်ျားလေးက ယုတ်ညံ့ပါတယ်...

Unknown said...

ကျေးဇူးအရမ်းတင်ပါတယ်အကိုနေဇော်လင်း ဒီထက်မက အောင်မြင်နိုင်ပါစေ အကိုလို စိတ်ထားကောင်းမွန်တဲ့  သူတွေ တော်တော်နည်းပါတယ် အကိုရဲ့ ဖြူစင်တဲ့  စိတ်ထားကတော့ သူငယ်ချင်းတွေအတွက် တစ်ကယ်ကို အားဆေးတစ်ခုပါပဲဗျာ ကျတော်လာလည်က၏သွားပါတယ်အကိုနေဇော်လင်း ကျတော်က ဆော့ဝဲလ်တွေကိုတော့ အကိုတိုလို မျိုးတော့ မကျွမ်းကျင်ပါဘူး ဒါကြောင်း facebook ကသူငယ်ချင်းတွေကို မျှဝေမလို့  လိုတာလေးတော့ ရှာပြီးယူသွားတယ်နော် ကျတော်ကိုလေး ကြော်ငြာပေးပါဦးနော် ကျတော်က HD ဂစ်ရဖိ ကိုတော့ ကျတော်နဲ့ နဲ့  ကျွမ်းကျင်ပါတယ် ဥပမာပေါ့ဗျာ မိမိဓာတ်ပုံတစ်ပုံကို မိမိ လိုသလို ဖန်တီးပေးပါတယ် ရိုးရိုးပုံးလေးဆိုတော့ မြန်မာငွေ တစ်ထောင်ယူပါတယ် အများဆုံးကတော့ cctv ဖြန်းဖမ်းယူထားတဲ့  ဗီဒီယို နဲ့  ပုံးတွေကိုတော့ အကောင်းဆုံးဖန်တီးပေးပါတယ် အများဆုံးကတော့ တစ်ရုတ် ညူမျိုးတွေ ခိုင်တာများပါတယ် ဒါကြောင်း ချစ်သောမြန်မာများကိုလေး သိစေချင်ပါတယ် ကျေးဇူးတင်ပါတယ် အကိုနေဇော်လင်း

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။