Home » » စင်္ကာပူ သတင်း အတိုအထွာများ ....

စင်္ကာပူ သတင်း အတိုအထွာများ ....

Written By မောင်စေတနာ on Sunday, December 19, 2010 | 11:22:00 AM



စင်္ကာပူ သတင်း အတို အထွာ များ .....

Singapore Airlines (SIA) လေထုအတွင်း လေယာဉ်ပျံသန်းစဉ် Irish အမျိုးသမီးတစ်ဦးမှ
လေယာဉ်တံခါးကိုဖွင့်ရန် ကြိုးစားမှုတစ်ခု ဖြစ်ကြောင်းသိရသည်။ အသက် ၂၈ နှစ်အရွယ်
Diana Mary Scanlon ဆိုသူအမျိုးသမီးမှာ နိုဝင်ဘာလ ၃၀ ရက်နေ့က SIA ခရီးစဉ်အမှတ်
SQ327 ဖြစ် အင်္ဂလန်နိုင်ငံမှပျံသန်းလာခြင်းဖြစ်ပြီး စင်္ကာပူချန်ဂီလေဆိပ်သို့ ဆင်းသက်ရန်
၁ နာရီအလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တရားရုံးမှ Diana Mary ကိုစိတ်ရောဂါအထူးကုဆေးရုံသို့ ၂ ပါတ်ပို့ဆောင် အစစ်ဆေးခံရန်
ညွှန်ကြားလိုက်ပြီး အမှုကို ဒီဇင်ဘာလ ၂၉ ရက်ရက်နေ့တွင်ဆက်လက်ကြားနားမည်ဖြစ်သည်။
အကယ်၍ ပြစ်မှုထင်ရှားပါက ဒဏ်ငွေ S$5000 နှင့်(သို့မဟုတ်) ထောင်ဒဏ် ၁ နှစ်အထိပြစ်ဒဏ်
ကို သီးခြားဖြစ်စေ၊ ထောင်ဒဏ်နှင့်ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ဖွယ်ရှိကြောင်းသိရသည်။

Changi Airport Rewards Lucky Passenger

စင်္ကာပူချန်ဂီလေဆိပ် ၂၀၁၀ ခုနှစ်အတွင်း ခရီးသည် သန်း ၄၀ ဝန်ဆောင်မှုပေးနိုင်မှု
အမြင့်ဆုံးစံချိန်အထိမ်းအမှတ်အဖြစ် သန်း ၄၀ မြောက်ခရီးသည်ကို ဂုဏ်ပြုကြိုဆိုခဲ့သည်။
ခရီးသည်သန်းနှင့်ချီ၍ ဝန်ဆောင်မှုပေးနိုင်သောလေဆိပ်ကြီး(၇)ခုတွင်တစ်ခုအပါအဝင်ဖြစ်
ခဲ့ပြီဖြစ်သည်။


ကံထူးသူ ခရီးသည်မှာ ထိုင်ဝမ်နိုင်ငံသား အသက် (၅၀) အရွယ်၊ တရုတ်ပြည် Buger King မှာ
General Manager တစ်ဦးဖြစ် သူ Mr. Jonathan Shih ဖြစ်ပြီး ချန်ဂီလေဆိပ်ကြီးက ၄င်း၏
သန်း ၄၀ မြောက် ခရီးသည်ကို Terminal 3 Transit Mall အတွင်းShopping Area တွင်
မိနစ် ၄၀ ကြာ S$40,000 ဖိုးဈေးဝယ်ခွင့်အဖြစ် အံ့သြဖွယ်ရာ အထူးဆုကိုပေးအပ်ခဲ့ သည်။

ချန်ဂီလေဆိပ် အပြင် ကမ္ဘာ့ ခရီးသည်အများဆုံးဝန်ဆောင်မှုပေးသောလေဆိပ်ကြီးများမှာ
London, Amsterdam, Frankfurt, Paris, Hong Kong နှင့် Dubaiလေဆိပ်ကြီးများဖြစ်သည်။

Foreigner Sold Cough Syrup Illegally

မြန်မာနိုင်ငံသားတစ်ဦး ချောင်းဆိုးပျောက်ဆေးများကိုပြည်တွင်းတင်သွင်းသူတစ်ဦးထံမှ
မှာယူပြီးပုလင်းငယ်များအတွင်း ပြန်လည်ထည့် သွင်းကာ Geyland တဝိုက်တွင် 60ml ကို S$10 ၊
90ml ကို S$15 ဖြင့်တရားမဝင်ရောင်းချမှုကြောင့် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တရားရုံးသို့ အမှုစွဲဆိုတင်ပို့ခဲ့ရာ၌တာဝန်ခံရဲအရာရှိကတရား
ရုံးတော်တွင်အစစ်ဆေးခံရာတရားခံကို ဖမ်းဆီးမိချိန် တွင် သိမ်းစည်းရမိသော ချောင်းဆိုးပျောက်
ဆေး ၃၆၅၀ လီတာကိုရောင်းချနိုင်ခဲ့ပါက အမြတ်အစွန်း S$82,000 ကျော်ထိရရှိလိမ့် မည်ဖြစ်ကြောင်းပြောကြားသွားခဲ့သည်။ တရားခံသည် ဥပဒေမှခွင့်မပြုသော ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများကို လက်ဝယ်တွေ့ရှိမှုဖြင့် ပြစ်မှုထင် ရှားကြောင်းသိရသည်။

ဒိုင်ယာဇီဘင် ဆေးပြား ၂၀၀၀ အပါအဝင်အခြားသော ဆေးဝါးကုန်ကြမ်းများကို
Boon Keng Road ရှိစတိုတွင်သိမ်းစည်းရမိခဲ့ခြင်းဖြစ်သည်။ ဓာတုဗေဒဆိုင်ရာဘွဲ့ရ
တစ်ဦးဖြစ်သူတရားခံကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တရားရုံးမှ စီရင်ချက်ချမှတ်
မည်ဖြစ်ပြီး ဒဏ်ငွေ S$10,000 နှင့်(သို့မဟုတ်) ထောင်ဒဏ်၂ နှစ်ထိ ပြစ်ဒဏ်ကို သီးခြားဖြစ်စေ၊ ထောင်ဒဏ်နှင့်ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ဖွယ် ရှိကြောင်းသိရသည်။

တရားရုံးတော်တွင်ကြားနာစစ်ဆေးရတာတွင် တရားခံသည် အထူးပါမစ် (Special Pass)
ကိုင်ဆောင်ထားသူဖြစ်ပြီး၊ ပင်နဆူလာပလာဇာ တွင်ဖွင့်လှစ်ထားသည့်ရောင်းဝယ်ရေးကုမ္ပဏီ
တစ်ခုပိုင်ဆိုင်သူဖြစ်ကြောင်းသိရသည်။ အဆိုပါတရားခံသည် ချောင်းဆိုးပျောက်ဆေးများကို
၂၀၀၈ ခုနှစ်မှစတင်၍ ရောင်းချခဲ့ခြင်းဖြစ်ပြီး

တစ်လလျှင်ဝင်ငွေ $5000 ခန့်ရှိကြောင်း၊ စင်္ကာပူနိုင်ငံသားတစ်ဦးကို တစ်ရက်လျှင် S$60
ဖြင့်ဌားရမ်းထားပြီး Geyland တွင်ဝယ်သူရှာ ဖွေစေခဲ့ကြောင်းသိရသည်။ တရားခံ၏ ရှေ့နေမှ
တရားသူကြီးထံသို့ ပြစ်မှုအတွက် ညှာတာထောက်ထားစဉ်းစားပါရန် လျှောက်လဲရာတွင်
တရားခံသည်အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကလေးငယ်တစ်ဦးရှိကြောင်းယခုအခါပြစ်မှုအတွက် နောင်တကြီးစွာရလျှတ်ရှိကြောင်း လျှောက်လဲသွားသည်။

သို့ရာတွင် တရားလို ရဲအရာရှိမှ တရားသူကြီးထံသို့အလွယ်တကူ ညှာတာစွာပြစ်ဒဏ်မချမှတ်ပဲ မတ်လအတွင်းက ထောင်ဒဏ် ၄ လ ချမှတ်ခဲ့သည့် မြန်မာနိုင်ငံသားတရားခံတစ်ဦးထက်ပို ၍့ပြစ်ဒဏ်ချမှတ်သင့်ကြောင်းလျှောက်လဲ သွားသည်။

Refrence : TODAY Newspaper, The Straits Times News Paper.

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။