Home » » ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့၏လက်ထပ်မင်္ဂလာပွဲအား ဇန်န၀ါရီလအတွင်း ခြောက်ပွဲပြုလုပ်မည် .......

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့၏လက်ထပ်မင်္ဂလာပွဲအား ဇန်န၀ါရီလအတွင်း ခြောက်ပွဲပြုလုပ်မည် .......

Written By မောင်စေတနာ on Sunday, December 19, 2010 | 2:43:00 PM

သရုပ်ဆောင်ပြေတီဦး နှင့်အိန္ဒြာကျော်ဇင်တို့၏ လက်ထပ်မင်္ဂလာပွဲအား ဇန်န၀ါရီလအတွင်း ခြောက်ပွဲတိတိခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မင်္ဂလာပွဲကျင်းပပုံအစအဆုံးအား ရိုက်ကူးမှုပြုလုပ်သွား၍ ဖြန့်ချိသွားရန်စီစဉ်ထားသည်ဟု သတင်းရရှိသည်။

ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်ရန်စီစဉ်ထားသည့် လက်ထပ်မင်္ဂလာပွဲများမှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် တောင်းရမ်းမင်္ဂလာကို အိန္ဒြာကျော်ဇင်၏နေအိမ်၌လည်းကောင်း၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုးမင်္ဂလာကို Traders Hotel တွင်လည်းကောင်း၊ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဆွမ်းကျွေးမင်္ဂလာကို မဟာစည်သာသနာ့ရိပ်သာရိပ်သာတွင်လည်းကောင်း၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် စုလျားရစ်ပတ်ဘိတ် သိတ်မင်္ဂလာကို Sedona Hotel တွင်လည်းကောင်း၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် လက်ထပ်မင်္ဂလာပွဲကို Sedona Hotel တွင်လည်းကောင်း၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မင်္ဂလာညစာစားပွဲကို InyaLake Hotel တွင်လည်းကောင်း အသီးသီးကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည်ဟုသိရှိရသည်။

"ကျွန်တော်တို့မင်္ဂလာပွဲကို ခြောက်ပွဲလုပ်ဖြစ်တယ်ဆိုတာကတော့ အနုပညာမောင်နှမတွေရော၊ နှစ်ဖက်သောဆွေမျိုးမိဘအသိုင်းအ၀န်းတွေရော၊ သူတို့အားလပ်တဲ့ရက်လေးမှာ အဆင်ပြေတဲ့ပွဲလေးကို လာနိုင်အောင်လို့စီစဉ်ဖြစ်တဲ့သဘောပါ။ ကျွန်တော်တို့မင်္ဂလာပွဲကိုတွေ့မြင်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အခွေရိုက်ကူးဖြန့်ချိပေးသွားဖို့စီစဉ်ထားပါတယ်" ဟုသရုပ်ဆောင်ပြေတီဦးက ပြောပြခဲ့သည်။


ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့၏ လက်ထပ်မင်္ဂလာပွဲများအတွက် ၀တ်စုံများအားဒီဇိုင်နာခင်စန်းဝင်း၊ ပြည်စိုးအောင်၊ Vivid ၊ Silk&Shine၊ Euphoria၊ မိုးကုတ်ပေါက်ပေါက်တို့မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး လက်ဝတ်ရတနာများ အား She Shine၊ စိန်နန်းတော်၊ SP Gems တို့မှကူညီပံ့ပိုးပေးမည်ဖြစ်သည်ဟု သိရသည်။ လက်ထပ်လက်စွပ်များအား She Shine မှ မင်္ဂလာလက်ဖွဲ့အဖြစ်လက်ဖွဲ့ပေးထားပြီး

ပန်းအလှဆင်ယင်မှုအတွက် Marvelous ၊ Eternal Flower ၊ ခင်မောင်ဝင်း၊ မာမီကျော် (Malaysia)၊ မစန်းစန်းဦးတို့မှမေတ္တာဖြင့် ပန်းအလှဆင်ပေးသွားမည်ဟုသိရသည်။ ထို့အပြင်ရွှေနဂါးဖိနပ်ဆိုင်မှ စုလျားရစ်ပတ်ဘိတ်သိတ်ပွဲအတွက် ဖိနပ်များကိုမေတ္တာဖြင့် ကူညီပံ့ပိုးပေးသွားမည်ဟုသိရသည်။ မင်္ဂလာပွဲများတွင်ပါဝင်မည့် လက်စွပ်ဗန်းကိုင်၊ သတို့သားသတို့သမီးအရန်စသည်တို့အဖြစ် ပါဝင်ကူညီမည့်အနုပညာရှင်များစာရင်းကိုမူ ထပ်မံအသိပေးသွားမည်ဟုသိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။