Home » , , » Free Online Radio Media (Malaysia News) မှအသိပေးထုပ်ပြန်ချက်

Free Online Radio Media (Malaysia News) မှအသိပေးထုပ်ပြန်ချက်

Written By မောင်စေတနာ on Friday, March 22, 2013 | 11:14:00 PM



Free Online Radio Media (Malaysia News) မလေးရှားနိုင်ငံ၏ ပထမဆုံး မြန်မာ အွန်လိုင်း ရေဒီယို အစီအစဉ်ဖြစ်တဲ့ ဖရီး မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်များကို နေ့စဉ် မလေးရှား စံတော်ချိန် ည ၈း၃၀ မှည ၁၂း၃၀ အထိ နေ့စဉ် အသံလွင့်ပေးလျက် ရှိနေပါသည်။ 

မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအတွက် ဖရီးအသံလွှင့် အစီအစဉ်များဖြစ်ပြီး မိမိချစ်သူ ခင်သူ သူငယ်ချင်းများ မိတ်ဆွေများအတွက် အမှတ်တရ သီချင်းများကို တောင်းဆိုနိုင်ပါတယ်။ ယခုလက်ရှိ Radio DJ Nay Zaw Lin1 ၊ Radio DJ - Kyaw Zin Hein တို့မှ နေ့စဉ်ကောင်းနိုးရာရာ များကို တင်ဆက်နေပြီး မြန်မာနှစ်သစ်ကူး အချိန်အထူး အစီအစဉ် အနေဖြင့်အမှတ်တရ သင်္ကြန်သီချင်းများကို ဦးစားပေး တင်ဆက်ပေးနေပါပြီ ..... 

ကျွန်တော်တို့ရဲ့ ဝဘ်ဆိုဒ်စာမျက်နှာဖြစ်တဲ့ http://www.malaysiaonlineradiomedia.com/ တွင် မလေးရှား သတင်းများ ၊ ဆောင်းပါး ၊ နည်းပညာ ၊ စာပေ ၊ ဖျော်ဖြေရေးများနှင့် သုတ ရသများကိုလည်း နေ့စဉ်ပိုစ့် အသစ်များကို ၂၄ ပတ်လုံး မည်သူမဆို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Free Online Radio Media (Malaysia News) ရေဒီယိုလိုင်းနှင့် ဝဘ်ဆိုဒ် စာမျက်နှာများကို တွင် အသုံးပြုတင်ထားသမျှ စာပေ သုတရသများကို မည့်သည့်လူမျိုး ၊ ဘာသာကိုမှ ထိခိုက်စော်ကား ရေးသားထားခြင်း ၊ တင်ထားခြင်း လုံးဝမရှိပါ။

 နိုင်ငံရေး ၊ လူမှုရေးများ ပက်သက်ဆက်နွယ်မှု များလည်း လုံးဝမရှိပါ။ မည့်သည့်အဖွဲ့အစည်း(သို့) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လက်အောက်ခံ မဟုတ်ဘဲ ရွှေမြန်များအတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် သီးခြားရပ်တည်ကာ အဖက်ဖက်မှ ကဏ္ဍစုံ ပေးစွမ်းနိုင်မည့် ဝဘ်ဆိုက်တစ်ခု ဖြစ်ပါသည်။ 

မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အားလုံးအတွက် အကျိုးကို လိုလားစွာဖြင့် ပြုလုပ်ဆောင်ရွက်ထားပါသောကြောင့် မည့်သူမဆို လွတ်လပ်စွာ ဝင်ရောက်ပြီး ရေဒီယို အစီအစဉ်များနှင့် စာပေများကို စိတ်ချမ်းမြေ့စွာဖြင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ 

(မလေးရှားရောက် ရွှေမြန်မာများ အနေဖြင့် ရေဒီယို အသံလွင့် အစီအစဉ်များကို စိတ်ပါဝင်စား ကူညီ တင်ဆက်ပေးလိုပါက မိမိနေအိမ်ကနေ ကွန်ပျူတာဖြင့် ကူညီတင်ဆက် ပေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ nayzawlin1@gmail.com ၊ tharpauksa2012@gmail.com ကိုဆက်သွယ်ပြီး အကူအညီပေး အကြံညဏ်ပေးနိုင်ပါတယ် ခင်ဗျာ။) 

ရေဒီယို အစီအစဉ်များကို အောက်ပါလိပ်စာများတွင် ဝင်ရောက်နားဆင်နိုင်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ 


 နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။