Home » » ဟယ်ရီပေါ်တာ နောက်ဆုံးဇာတ်ကားများကို 3D စနစ်ဖြင့် ပြသနိုင်ရန် စီစဉ်ထား

ဟယ်ရီပေါ်တာ နောက်ဆုံးဇာတ်ကားများကို 3D စနစ်ဖြင့် ပြသနိုင်ရန် စီစဉ်ထား

Written By မောင်စေတနာ on Monday, July 5, 2010 | 1:35:00 PM



ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများ၏ နောက်ဆုံးဇာတ်ကားများကို 2D စနစ်ဖြင့်သာမက 3D စနစ်ဖြင့် လည်းပြသသွားရန်စီစဉ်ထားကြောင်း ဇာတ်ကားထုတ်လုပ်သူ David Heyman က ပြောဆိုခဲ့ပါသည်။ အပိုင်းနှစ်ပိုင်းခွဲ၍ ပြသသွားမည့် ဟယ်ရီပေါ်တာ နောက်ဆုံးဇာတ်ကားများမှာ ဟယ်ရီပေါ်တာ နောက်ဆုံးစာအုပ်ဖြစ်သည့် Harry Potter and the Deathly Hallows စာအုပ် ကို အခြေခံရိုက်ကူးသွားမည် ဖြစ်ပါသည်။ ဟယ်ရီပေါ်တာစာအုပ်၏ နောက်ဆုံးဇာတ်လမ်းစာအုပ်မှာ လုံးချင်းအနေဖြင့် တစ်အုပ်တည်းသာ ထွက်ရှိခဲ့သော်လည်း ထိုစာအုပ်ကို ပြန်လည်ရိုက်ကူးမည့် ရုပ်ရှင်ကိုမူ နှစ်ပိုင်းခွဲပြီး ရိုက်ကူးရန်ဇာတ်ကား ထုတ်လုပ်သူများက စီစဉ်ခဲ့ခြင်းဖြစ်သည်။


ပရိသတ်များမှ ဇာတ်ကားနှစ်ပိုင်းခွဲ ထုတ်လုပ်ခြင်းကို မနှစ်မြို့ခြင်း များရှိနေသော်လည်း မူရင်းဝတ္ထုစာမျက်နှာပါ ယခင်စာအုပ်များထက် စာမျက်နှာ အရေအတွက်များခြင်းကြောင့် နှစ်ပိုင်းခွဲရိုက်ကူးရန် စီစဉ်ခြင်းဖြစ်ကြောင်း ထုတ်လုပ်သူများ က ပြောဆိုထားခဲ့ပါသည်။

ဇာတ်ကားကို ဒါရိုက်တာ David Yates ကရိုက်ကူးမည်ဖြစ်ပြီး ယခင် သရုပ်ဆောင်များပင် ပြန်လည်ပါဝင် ထားကာ နောက်ဆုံးဇာတ်လမ်း၏ ပထမတွဲကို နိုဝင်ဘာလအတွင်း ပြသသွားမည်ဖြစ်ပြီး ဒုတိယတွဲ ကိုမူ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ပြသသွားမည်ဟု ထုတ်ပြန်ထားပါသည်။

ဇာတ်ကားနှစ်ကားစလုံး အတွက် ရိုက်ကူးမှုများမှာ ယခုလအတွင်း၌ အများစုပြီး စီးလျက်ရှိနေပြီး တည်းဖြတ်ခြင်းကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။