Home » » ကလိန် ကကျစ်ကျ ပြီး မတရားဖြတ်စား နေသော အေးဂျင်း များ ....

ကလိန် ကကျစ်ကျ ပြီး မတရားဖြတ်စား နေသော အေးဂျင်း များ ....

Written By မောင်စေတနာ on Sunday, December 12, 2010 | 12:18:00 PM



ကျော်မင်းနိုင် ၊ ၀င်းအောင် ၊ ထွန်းထွန်းဝင်း ၊ ကျော်ဇေယျ တို့ လေးယောက်
သည်။ ၀၄.၁၁.၀၈ နေ့ တွင်မလေးရှားနိုင်ငံသို့  ရောက်ရှိလာသည်။ ကျော်မင်းနိုင်
နှင့် ဝင်းအောင် ကတော့ အေ့ဂျင်း ပွဲစား လမ်းစရိတ်အားလုံး ၁၄သိန်းလောက်ကျ
တယ် မြန်မာပြည်ကအေးဂျင့် ပြောတာက

ကွန်ပျူတာ အပိုပစ္စည်း ထုတ်တဲ့ စက်ရုံဆိုပြီး ဓါတ်ပုံတွေ ထုတ်ပြတယ်။ basic က
RM18.50 တဲ့ OT ၃နာရီ ပုံမှန် sunday ရှိတယ် ပိတ်ရက်တွေတောင် အရေးကြီးရင်
ဆင်းပေးရမှာတဲ့  မိန်းကလေး တွေတောင်လုပ်နိုင်တာ သားတို့ လုပ်နိုင်တယ် ဆိုပြီး
ပို့ လိုက်တယ်။

နောက်နေ့ လုပ်ရပါပြီ။ အပြောနဲ့ အဟောတခြားစီ ပြောတော့ ကွန်ပျူတာအပိုပစ္စည်း
ထုတ်တဲ့ စက်ရုံတဲ့ အခုလုပ်ရတာက အက်စစ်စက်ရုံ စက်ရုံမှာပဲနေရတယ် အလုပ်လဲ
မကောင်းဘူး လူလဲအန္တရယ်များတယ်။ အက်စစ်ဆိုတော့ သိတဲ့ အတိုင်းပဲလေ နဲနဲထိ
တာနဲ့ စားတာ ......


ဒီလိုနဲ့ ၂ လလောက်လုပ်ပြီး မြန်မာပြည်က အေ့ဂျင်းကိုဖုန်းဆက်ပြီး အလုပ်ပြောင်းခိုင်း
တယ်။ အဲဒီမှာ လုပ်တဲ့ဟာလဲ စားဖို့ ပဲရတယ်။ အိမ်မပို့ နိုင်ဘူး ဒီလိုနဲ့ အလုပ်မကောင်း
လို့ စက်ရုံ ၅ ခုပြောင်းလိုက်ရတယ်။ တစ်လတစ်ခါ ပြောင်းနဲ့ ရတဲ့ ဟာလဲ အေ့ဂျင်းပဲ
ယူလိုက်တယ်။

အခုလက်ရှိ အုတ်စက်ရုံမှာပဲ လုပ်နေရတယ်။ ၀င်းအောင်ကတော့ ပါမလာဘူး တခြား
စက်ရုံ မှာကျန်နေခဲ့ တယ်။ ၈ လလောက်နေတော့ သတင်းကြားတယ် အလုပ်မကောင်း
လို အေ့ဂျင်းကို complain ရှာလို့ ဆိုပြီး ကလန်းမှာခေါ်ပြီး သူတို့ ၇ယောက်အဖွဲ့ ကိုသော့ 
ခတ်ထားပြီး အစားလဲဝအောင် မကျွေးဘူး .....

၂ ရက်လောက်နေပြီး မင်းတို့ အလုပ်ရှာမပေးနိုင်ဘူး passport လဲမပေး သွားချင်ရာသွား
တော့ ဆိုပြီး တခါးဖွင့် ပေးလိုက်တယ်။ အဲဒါနဲ့ ရွာကကောင်သွားခေါ်ပြီး စာဒန်း မှာအလုပ်
သွင်းပေးလိုက်တယ် မကြာပါဘူး။ သူလဲရဲကြောက်တယ် ဆိုပြီး လမ်းစရိတ်စုပြီး အောက်
လမ်းကနေ ပြန်သွားပါတယ်။



သူပြန်မဲ့ နေ့က ကျွန်တော် kl ကိုလိုက်ပို့ ခဲ့ ပါတယ်အင်္ကျီအဖြူအ၀ါကျားနဲ့ ကပြန်သွားတဲ့
ဝင်းအောင်ပါ သူပြန်မဲ့နေ့က ဇေယျာဆိုင် ကုက္ကိုပင်အောက် အမှတ်တရ ကျော်မင်းနိုင်က
တော့ ၂ နှစ်တာပြည့် သွားတယ်။

အိမ်ကို ၁၀ သိန်းပဲရောက်ပါသေးတယ်။ အသုံးဖြုန်းလဲမကြီးဘူး အေ့ဂျင့်ကတော့ဖြတ်စား
နေတာပဲ ၁၉.၁၀.၁၀ နေ့က သံရုံးကို သက်တမ်းသွားတိုးရတယ် အေ့ဂျင်းကို ၁၉၀၀ ပေးရ
တယ်။

ဂျို့ဟိုး ကနေ ကေအယ်ကို အစဆုံးကိုယ့် စရိတ်နဲ့ လာရတယ် ဘာမှတာဝန်မယူဘူး သံရုံး
ဆောင်ရတာက ၁၃၈၀ ပဲကျတယ်။ ကျန်တာ အေးဂျင့် စားတယ် ဒါနဲ့ တင် မတင်းတိမ်ဘူး
စာအုပ်ထုတ်ပြီး Renew အခွန်ဆောင်တဲ့ ဖြတ်ပိုင်း စာရွက်လဲ အေ့ဂျင်းကအတင်း ယူသွား
တယ်။ အဲဒါနဲ့ ကျော်ဇေယျက သံရုံး ကအကိုတယောက်ကို ပိုက်ဆံလဲ ၁၉၀၀ ယူတယ်။

အခု ဖြတ်ပိုင်း လဲမပေးဘူးဆိုပြီးတိုင်လိုက်တယ်။ သံရုံးလဲကူညီပြီး အေ့ဂျင်း mr thanကို
ဆက်ပြီးဆူတယ်။ အခု သူ့လူ မလေး ကောင်ကိုလဲ အဲဒီနေ့က သက်တမ်းလာတိုးကြတဲ့
ရွှေတွေအကုန်ဝိုင်းပြောကြတယ်။ နောက်တော့ စက်ရုံရောက်ရင်ပိုတဲ့ ပိုက်ဆံကော ဖြတ်
ပိုင်းကောပေးမယ်လို့ ပြောပြီး ညကားနဲ့ ဂျိုးဟိုးပြန်လာခဲ့ တယ်။

စက်ရုံရောက်တော့ office ကခေါ်ပြီး ငွေ ၁၇၀ ပဲပြန်ပေးတယ်။ အခွန်ဖြတ်ပိုင်းတော့ နောက်
မှပေးမယ်ဆိုပြီး အခုချိန်ထိမရသေးပါဘူး။ အခုလိုလုပ်တာ နောက် သက်တမ်းတိုးမဲ့ လူတွေ
တော့ ကောင်းသွားပါတယ်။

၁၁ လပိုင်းကသွားတိုးတဲ့ လူတော့ စက်ရုံက စာအုပ်ထုတ်ပေးပြီး သံရုံးကျ သလောက်ပဲ
ဆောင်ခဲ့ရတယ်။ အဲလိုပြီးတော့ အခုအေ့ဂျင်း က ယုတ်မာပြန်ပြီ နောက်ထပ်ဆက်တိုးမပေး
ဘူးတဲ့ သက်တမ်းကုန်တာနဲ့  ပြန်ရမယ်ဆိုပြီး office မှာဆိုင်းထိုးခိုင်းတယ်တဲ့  အခုချိန်ထိ
အေ့ဂျင်းက ဖြတ်နေတာပဲ နှစ်ကုန်တာနဲ့ ပြန်ရတော့မယ်။

စက်ရုံ ကထားချင်တယ်။ အေ့ဂျင်းကမထားတော့ တာ မလေးရှားမှာ အဲလိုမျိုးမတရားလုပ်နေ
တဲ့အေးဂျင့်တွေများနေပါတယ်။ သံရုံးမှာ အခွန်ဆောင်လို့  ပိုက်ဆံပိုယူရင် သံရုံးကိုတိုင်ကြပါ
မကြောက်ကြပါနဲ့ လို့ အကြံပေးချင်ပါတယ်။

မလေးရှား မှ ရွှေ မြန် မာ များ

ကလိန် ကကျစ် အေးဂျင်း များရဲ့ ရန်မှ ကင်းဝေး နိုင်ကြ ပါစေ။

မုန်တိုင်း's ( မလေးရှား )

ဒီပိုစ့်လေးကို ဒီနေရာ မှ ယူထားတာပါ။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။