Home » » တနင်္သာရီမြို့နယ်ရှိသာရဘွင်ကျောက်တောင် ဘုရားသည်ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင် စားရာနေရာတစ်ခု အဖြစ်တည်ရှိနေ .....

တနင်္သာရီမြို့နယ်ရှိသာရဘွင်ကျောက်တောင် ဘုရားသည်ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင် စားရာနေရာတစ်ခု အဖြစ်တည်ရှိနေ .....

Written By မောင်စေတနာ on Saturday, December 11, 2010 | 10:45:00 AM

b33715

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သာရဘွင်ရွာရှိ ကျောက်တောင်ရွာအနီး တည်ရှိသော ကျောက်တောင်ဘုရားသည် ပြည်တွင်း ခရီးသွားများအပြင် ပြည်ပခရီးသွားများပါ စိတ်ဝင်စားရာ နေရာ တစ်ခုအဖြစ် တည်ရှိကြောင်း သိရသည်။

သာရဘွင် ကျောက်တောင်ဘုရားမှာ သာရဘွင်ကျေးရွာမှ တစ်နာရီခန့် သွားရပြီး ပွင့်လင်းကာလများတွင် ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်လေ့ရှိကြောင်း၊ ရေလမ်းခရီးများဖြင့် သွားလာနိုင်ပြီး ပွင့်လင်းရာသီတွင် သွားလာရန် အဆင်ပြေကြောင်း သိရသည်။




''ဘုရားတည်ထားတဲ့ နေရာက တစ်တောင်လုံးဟာ ထုံးကျောက် အမျိုးစားဖြစ်ပါတယ်။ တောင်အတွင်းမှာ လိုဏ်ဂူတစ်ခုရှိပြီး ဘုရားတွေလည်း တည်ထားပါတယ်။ တောင်ပေါ်မှာလည်း ဘုရားရှိပြီး ဘုရားဖူးတွေက မနက် အရုဏ်မတက်ခင်မှာ တောင် ပေါ်တက် ဘုရားဖူးလေ့ ရှိပါတယ်။ ဒီနေရာကို နိုင်ငံခြား ခရီးသွားတွေနဲ့ ဘုရားဖူးတွေ နှစ်စဉ် လာရောက်လေ့ရှိပြီး အိန္ဒိယနဲ့ထိုင်းနိုင်ငံက များပါတယ်။

သင်္ကြန်ပွဲတော်တွေမှာဆို ပိုပြီး စည်ကားလေ့ ရှိပါတယ်''ဟု ကျောက် တောင်ရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။ ကျောက်တောင်ဘုရားမှာ တောင်ခြေမှ ပေ ၆၀၀ နီးပါးမျှ (ပေ ၅၇၀ ကျော်ဟုမှန်းထား)မြင့်မားပြီး နှစ်ပေါင်းတစ်ရာကျော် ကတည်းက တည်ရှိနေခြင်း ဖြစ်သည်။



နှစ်စဉ်ကျင်းပသော ကျောက်တောင်ဘုရားပွဲမှာ တန်ခူးလ သင်္ကြန် အချိန်ခါများတွင် ဖြစ်ပြီး ထိုအချိန်တွင် နိုင်ငံခြားသား ဘုရားဖူးများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ် တပို့တွဲလတွင်လည်း ဘုရားနှစ်ဆူ ပေါ်ခဲ့ကြောင်း၊ ကျောက်တောင်ဘုရားသို့ လာရောက်ဖူးမြော်သူများ အနေဖြင့် နေရောင်ခြည်နှင့် ထုံးကျောက် ထိတွေ့သောအခါ ပူပြင်းသောကြောင့် နံနက် နေမထွက်မီ အရုဏ်ချိန်တွင် ဘုရားဖူးရကာ တောင်ပေါ်သို့ တက်ရန်လမ်းလည်း မရှိသည့်အတွက် ကျောက်နံရံတစ်လျောက်တွင် ချိတ်များ ချိတ်ပေးထားသည့်အတိုင်း ဆွဲကာ အပေါ်သို့ တက်ရကြောင်း သိရသည်။

http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။