Home » » မလေးရှားတွင် မြန်မာအချင်းချင်း လုယက်မှုဖြစ်

မလေးရှားတွင် မြန်မာအချင်းချင်း လုယက်မှုဖြစ်

Written By မောင်စေတနာ on Monday, October 18, 2010 | 10:41:00 PM


ကေအယ်တွင် လုယက်ခံရပြန်

18.7.2010 နေ့က ဇော်ဇော်မင်း ဆိုသူသည် မြန်မာနိုင်ငံ သို့ပြန်တော့
မည် ဖြစ်သောကြောင့် ရွှာမှ သူငယ်ချင်းများနှင့်ကေအယ် တွင် အိမ်ပြန်
လက်ဆောင်များ ဝယ်ယူခဲ့သည်။

2 နာရီခွဲခန့်တွင် ကလန်း သို့ပြန်မည့် ညီဖြစ်သူ ကျော်ကျော်ဝင်း အား
လိုက်ပို့ရာ ကားဂိတ်တွင်ကားမတွေ့သောကြောင့် ဟိုရှာ ဒီရှာ လုပ်နေစဉ်
အနားသို့ ခပ်ပိန်ပိန် မြန်မာတစ်ဦး ရောက်လာပြီး သူက " ညီလေးတို့ ဘာရှာ
နေကြတာလဲ " ဟုမေးသဖြင့် ကလန်း သို့ပြန်မည့်ကားရှာနေခြင်းဖြစ်သည် ဟု
ပြောရာ ထိုသူက ကလန်းကားများ ယခုနေရာတွင် မရပ်တော့ကြောင်း နေရာ
ပြောင်းသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုနောက် သူကပြောင်းသွားသည့်နေရာအား လိုက်ပို့မည် ဟုဆိုကာခေါ်ဆောင်
သဖြင့် ဇော်ဇော်မင်း တို့ညီအစ်ကိုလည်း မြန်မာအချင်းချင်း ကူညီသည် ဟုထင်
ကာလိုက်သွားခဲ့သည်။

ထိုသို့သွားနေရင်း လူရှင်းသည့် လမ်းကြား တစ်ခုထဲသို့ ရောက်လာသောအခါ
နောက်ထပ်အသက် ၃၀ ဝန်းကျင် မြန်မာနိုင်ငံသား လေးဦးထပ်ရောက်လာပြီး
ဇော်ဇော်မင်း တို့ ညီအစ်ကိုအားလိုက်၍ အတင်းဖမ်းခဲ့သည်။



ကလန်းပြန်မည့် ကျော်ကျော်မှာမူ လွတ်မြောက်သွားပြီး ဇော်ဇော်မှာမူ အဖမ်းခံ
လိုက်ရသည်။ တစ်ဦးက လက်ကိုဖမ်းချုပ်ထားပြီး နောက်တစ်ဦးက နောက်ကျောမှ
ဓါးဖြင့်ထောက်ထားခဲ့သည်။ အခြားသုံးဦးက ဖုန်းနှင့် ပစ္စည်းများကို ယူခဲ့ကြသည်။

ဇော်ဇော်မင်းက မြန်မာနိုင်ငံ ပြန်လျှင်ယူဆောင်သွားမည့် ပစ္စည်းများ ဖြစ်သဖြင့်
ချမ်းသာပေးပါရန် တောင်းပန်သော်လည်း ထိုသူများက အရေးမစိုက်ပဲ အင်္ကျီနှစ်ထည်
နှင့် ကျောပိုးအိပ်တစ်လုံးသာ ထားခဲ့ပြီး အကုန်ယူသွားခဲ့သည်။

ပြန်စရာ လမ်းစရိတ် RM 6 ကျပ်ခန့် ပြန်ပေးပါရန် တောင်းပန်သော်လည်း ထိုသူများက
" မင်း ဖာသာ ဘာပဲဖြစ်ဖြစ် ငါတို့နဲ့မဆိုင်ဘူး မပေးနိုင်ဘူး " ပြောပြီးထွက်ပြေးသွားခဲ့သည်။
ထိုနောက် ဇော်ဇော်မင်းသည် သူငယ်ချင်းများကို ပြန်ခေါ်ပြီး လိုက်ရှာရာလုံးဝမတွေ့ရတော့ပေ။

အလုခံရသော ပစ္စည်း နှင့် ငွေမှာ RM 1000 ဖိုးခန့်ရှိကြောင်း သိရသည်။
အဆိုပါ အဖွဲ့သည် KL ဝန်းကျင်တွင် ကျက်စား လှုပ်ရှားနေကျ ဖြစ်ပြီး မြန်မာနိုင်ငံ
သားများကိုသာ ပစ်မှတ်ထားကာ ဓားပြတိုက် လုယက်နေကြခြင်းဖြစ်သည်။

ထိုသူများမှာ ဆေးသမားများသာ ဖြစ်ပြီးအဖွဲ့ဝင် စုစုပေါင်း 6 ဦး 7 ဦးခန့်သာရှိကြောင်း
သိရသည်။ မလေးရှားနိုင်ငံတွင် အဖွဲ့အစည်းပေါင်း များစွာရှိသော်လည်း ယခုကဲ့သို့ မြန်မာ
နိုင်ငံသား အချင်းချင်း အပေါ်တွင်အနိုင်ကျင့် ရမ်းကားနေသည့် အဆိုပါ ဆေးသမားဓါးပြ
အဖွဲ့၏ ရန်ကို ကာကွယ်ပေးနိုင်ခြင်း မရှိသည်မှာ အလွန်ဝမ်းနည်းဖွယ် ကောင်းသည် ဟု
ခံစားမိပါသည်။

Ye Naing Win

မြန်မာ့စတိုင် ကဏ္ဍစုံ သတင်းဂျာနယ်( မလေးရှား) မှကူးယူတင်ပြပါသည်။

မှက်ချက် = မလေးရှားတွင် နေထိုင်ကြသော မြန်မာများအတွက် ခရီးသွားလာသော အချိန်တွင် သတိပြုရန်အတွက် စေတနာဖြင့် ရေးသား အသိပေး တင်ပြခြင်း ဖြစ်ပါသည်။

Share this article :

1 comments:

ဇော်ဇော် said...

မြန်မာတွေ အချင်းအချင်း ဒီလိုရှိပါတယ်ဗျာ.....
ဂရုစိုက်သွားလာကြနော်

ခင်မင်လျှက်

......
ဇော်ဇော်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။