Home » » ခင်မင် ရသော ညီလေး တစ်ယောက်

ခင်မင် ရသော ညီလေး တစ်ယောက်

Written By မောင်စေတနာ on Saturday, October 16, 2010 | 8:39:00 PM


Glitter Graphics | http://www.graphicsgrotto.com



16.10.2010
ဒီနေ့လေးဟာ ကျွန်တော် ညီလေးတစ်ယောက်လို ခင်ရတဲ့ ညီလေး
ဖိုးသား လေးရဲ့မွေးနေ့လေး ဖြစ်ပါတယ်။ သူနဲ့ စခင်တာက မကြာသေး
ပေမဲ့ သူရဲ့နေထိုင်ပြောဆိုမှု တွေဟာ တကယ်ကို ခင်မင်စရာကောင်းပါတယ်။

သူက လိမ်မာတယ်။ အသက်သာ ငယ်ပေမဲ့ လူငယ် တစ်ယောက်မှာ
ရှိသင့်တဲ့ အရည်အချင်းတွေ စိတ်ဓာတ်လေးတွေ သူ့ဆီမှာ ရှိပါတယ်။
သူလည်း ကျွန်တော်လိုပါပဲ ဝါသနာအရ ဆိုက်ရေးနေပြီး နည်းပညာတွေကို
ပြန်လည်မျှဝေနေသူ တစ်ယောက် ဖြစ်ပါတယ်။

နောက် အသက်ကငယ်ပေမဲ့ ဘုရား တရားကိုလည်း လေ့လာလိုက်စား
တဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပြီး အဝေးတစ်နေရာမှာ သူ့ဘဝလေး
တိုးတက်အောင်မြင်ဖို့အတွက် ပညာရှာနေသူ တစ်ယောက် ဖြစ်ပါတယ်။




သူနဲ့ ကျွန်တော် ဝါသနာတွေ စိတ်ဓာတ်လေးတွေ တူတာတွေလည်း များတယ်။
အတူဆုံး ကတော့သီချင်းလေးတွေ စုဆောင်းတာပဲဗျာ ။ ကျွန်တော်လည်း သူနဲ့
တွေ့လိုက်ရင်စကားတွေက စာအုပ်တွေ သီချင်းတွေ နောက် ... တရားလေးတွေ
လည်း ပါ သေး တယ် ဗျာ။

ဘာရယ်မဟုတ်ပါဘူး ဒီနေ့လေးမှာညီလေး ဖိုးသား အတွက်တစ်ခုခု လုပ်ပေးရင်
ကောင်းမလားလို့ စဉ်းစားမိတာနဲ့ ပိုစ့်လေးတစ်ခု တင်လိုက်တာပါ။ ခင်မင်မှု အနေနဲ့
အမှတ်တရပေါ့ဗျာ .....

ညီလေး ဖိုးသားရဲ့ အသက် 22 မွေးနေ့လေးမှသည် နောင်နှစ်များစွာ တိုင်အောင်
စိတ်ချမ်းသာပြီး ပျော်ရွှင်ပါစေ။ အရာရာ အောင်မြင်မှု တွေ ရပါစေ။ အများအတွက်
အကျိုးပြုနိုင်သော လူငယ်လေး တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
ညီ .........

ခင် မင် သော
နေ ဇော် လင်း
Share this article :

4 comments:

ဖိုးသား said...

အစ်ကိုလည်း ပျော်ရွှင်ပါစေ နောင့်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ နေထိုင်နိုင်ပြီး အရာရာကိုအကျိုးပြုသော လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သော လူသား တစ်ယောက် အဖြစ်ရပ်တည်နိုင်ပါစေ လို့ ညီလေး ပီးသား ခေါ် ဖိုးသား မှပြန်လည် ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။နတ်မိမယ်လှလှ လေးတွေနဲ့လည်း ဆုံတွေ့ပါစေ ဟီး

မင်းမင်း said...

ခင်မင်တဲ့ သံယောဇဉ်ကို မြိတ်နိုးသော
ကိုနေဇော်လင်း နဲ့ မွေးနေ့ ရှင် ဖိုးသား လေး ပါ ပျော်ရွှင်ပါစေ ခင်ဗျား .....


ခင်မင်လျှက်

မင်းမင်း

ကိုဇော် said...

ဒီနှစ်မှာ ကျရောက်တဲ့ မွေးနေ့ နှင့် နောင်နှစ်ပေါင်း များစွာမှာ ကျရောက်သော မွေးနေ့တိုင်းမှာ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေ ညီလေး ဖိုးသားရေ..

ပို့စ်တင်ပေးတဲ့ ညီ နေဇော်လင်းလည်း ပျော်ရွှင်ပါစေ။

ဇော်ဇော်ကို said...

ကိုနေဇော်လင်း က တော်တယ်ဗျာ .....
ကျွန်တော် မွေးနေ့ကြရင်လည်း
တင်ခိုင်းရဦးမယ် ... ဟီဟီး

မွေးနေ့ရှင် လေးနဲ့ အတူ ကိုနေဇော်လင်း
လည်းပျော်၇ွှင်ပါစေဗျာ...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။