Home » » မြန်မာတဦး စိတ်ကြွဆေးပြား ၇ သောင်းကျော်နှင့် ထိုင်းတွင် ဖမ်းမိ

မြန်မာတဦး စိတ်ကြွဆေးပြား ၇ သောင်းကျော်နှင့် ထိုင်းတွင် ဖမ်းမိ

Written By မောင်စေတနာ on Monday, September 13, 2010 | 8:12:00 PM


ဖမ်းဆီးရမိသူကို ထိုင်းအာဏာပိုင်များနှင့် အတူ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Thai Rath)

သန်းထိုက်ဦး
Monday, September 13, 2010

မြန်မာနိုင်ငံသားတဦးကို စိတ်ကြွဆေးပြား ၇ သောင်း ၆ ထောင်နှင့်အတူ ထိုင်းစစ်တပ် အာဏာပိုင်များက ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့အတွင်း ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်လာသူသည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲရှိ နားကောင်းမူး
ဒေသခံ ရွာသားဖြစ်သည်ဟု ဖန်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ထိုင်းရဲတဦးက ဧရာဝတီသို့ ပြောသည်။

“သူ့ကို ဖန်မြို့နယ်တရားရုံးကို တင်ဖို့အတွက် ရဲစခန်းမှာ ချုပ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

မည်သည့်ရက်တွင် ရုံးတင် စစ်ဆေးမည်ကိုမူ မသိရသေးပေ။


စစ်တပ်အာဏာပိုင်များက ယင်းနယ်မြေတ၀ိုက် မူးယစ်ဆေးဝါး နှိမ်နင်းမှုများ ပြုလုပ်စဉ် မူးယစ်ဆေးဝါး သယ်ဆောင်လာသူကို ဖမ်းမိ၍ ယမန်နေ့က ရဲစခန်းသို့ ပို့ဆောင်ထားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ထိုင်းစစ်တပ်တို့ ထိုင်း-မြန်မာ နယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၃ ဦး သေဆုံးပြီး စိတ်ကြွဆေး ၂ သိန်း ဖမ်းဆီး မိခဲ့သည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ရောင်းချမှုများ ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန်သည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသည် ဒုတိယ အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။