Home » » မြန်မာ လိင်အလုပ်သမားငယ် ၃ ဦးအား ထိုင်း အထူးရဲတပ်ဖွဲ့ ကကယ်တင် ....

မြန်မာ လိင်အလုပ်သမားငယ် ၃ ဦးအား ထိုင်း အထူးရဲတပ်ဖွဲ့ ကကယ်တင် ....

Written By မောင်စေတနာ on Saturday, August 21, 2010 | 3:03:00 PM



ထိုင်း-မလေးရှား နယ်စပ် စုံခါခရိုင်၊စဒေါင်မြို့ရှိChalalaကာရာအိုကေ ဆိုင်တွင်လိင်လုပ်ငန်း
အလုပ်သင်အဖြစ်လုပ်ကိုင်နေရသည့် မြန်မာအမျိုးသမီးငယ်၃ဦးတို့ အား ထိုင်းအထူးရဲတပ်ဖွဲ
့ကကယ်တင် နိုင်ခဲ့ကြောင်း ယနေ့ထုတ်ထိုင်းရပ်သတင်းစာတွင်ရေးသားဖေါ်ပြထားသည်။

စုံခါခရိုင်၊စဒေါင်မြို့၊စွေးထိုင်းကျန်လုအမှတ်(၇)ရပ်ကွက်တွင် အသက်၃၀အရွယ် မလေးရှားနိုင်ငံသား နိုင်အာကျန် (ခေါ်) TEY BOON TIONG ဖွင့်လှစ်ထားသော Chalala ကာရာအိုကေ ဆိုင်အား တိုင်းခရိုင် နယ်မြေအမှတ်(၉)မှ ရဲဗိုလ်ချုပ် ထမန်နွန် ပယွန်းရုန်းနှင့်အဖွဲ့ တို့ က၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါမလေးရှားနိုင်ငံသား ကာရာအိုကေဆိုင်ပိုင်ရှင်မှာ ၀င်ရောက်ဖမ်းဆီးသည့်
ထိုင်းအထူးရဲတပ်ဖွဲ့ဝင်များအားအပြင်အထန်ပြန်လည်တိုက်ခိုက်ခဲ့သည်။ ရဲဗိုလ်ချုပ်က“စုန်ခါခရိုင်နာထ၀ီတရားရုံးက ဖမ်းဝရမ်းယူပြီးဖမ်းဆီးခဲ့တာပါ။


အသက်၂၀အရွယ် သင်းသင်းစန်း နဲ့ အခြားမြန်မာမလေး၂ယောက်ပါ။ ခု သူတို့ ကို မိသားစုတွေ
လက်ထဲပြန်အပ်လိုက်ပါပြီ။ဆိုင်ပိုင်ရှင်ကိုဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားပါမယ်”
ဟုပြောသည်။

အဆိုပါ မြန်မာမိန်းကလေး ၃ဦးတို့ အား မေးမြန်းစစ်ဆေးချက်အရ။ ကာရာအိုကေဆိုင်သို့ 
ရောက်ရှိလာသောဧည့်သည်များအား ကြိုဆိုဧည့်ခံပုံများစနစ်မကျပါက၇ိုက်နှက်ကန်ကျောက်ပြီး
ခိုင်းစေကြောင်း အဆိုပါနေရာတွင်လေ့ကျင့်သင်ကြားပြီး ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပါက မလေးရှားနိုင်ငံသို့  ဆက်လက်ရောင်းချမည် ဖြစ်ကြောင်း၊ ထွက်ဆိုသွားကြသည်။

ဆိုင်ပိုင်ရှင်မလေးရှားနိုင်ငံသားသည်အလုပ်ချိန် အပြင်အခြားအချိန်များတွင်လည်းစိတ်မထင်လျှင်
မထင်သကဲ့သို့မြန်မာလိင်အလုပ်သမများအားကြမ်းတမ်းစွာဆက်ဆံတတ်ခြင်းကြောင့် မခံမရပ်နိုင်ဖြစ်ပြီးရင်းနှီးသည့် မိတ်ဆွေများထံသို့ ဆက်သွယ်အကူအညီ တောင်းခဲ့ခြင်းဖြစ်သည်။

http://jacbaburma.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။