Home » » တစ်ပတ်အတွင်း ရန်ကုန်ရုပ်ရှင်

တစ်ပတ်အတွင်း ရန်ကုန်ရုပ်ရှင်

Written By မောင်စေတနာ on Saturday, August 21, 2010 | 4:23:00 PM



သမ္မတ၊ သွင်၊ မင်္ဂလာ - ပရိသတ်အကြိုက် သရုပ်ဆောင်အင်အားတွေကို သုံးပြီး ပရိသတ်ကြားထဲ ကြိုက်နှစ်သက်မှုရပြီးသား 'ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်' ၀တ္ထုကို ကျေးလက်ဟာသ ဇာတ်မြူးကားလေးအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ 'ကျောက်သင် ပုန်းတွေမိုးထားတဲ့အိမ်' ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၀ ရက်နေ့က စတင်ပြီး သမ္မတ၊ သွင်၊ မင်္ဂလာနဲ့ မန္တလေးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီ ဇာတ်ကားလေးမှာ မြို့ပေါ်တက်ပြီး ဆိုင်ကယ်ဝယ်ရာက ဆိုင်ကယ်ပွဲစား သော်တာဖုန်း ရောက်လာပြီး ဦးလေး ကိုဖေသန်းရဲ့မြှောက်ပင့်ပေးမှုကြောင့် ဦးလေးရဲ့ငယ်ချစ် ဒေါ်ရွှေနွယ်ရဲ့သမီး မိချောကို အရပိုးဖို့တစ်မျိုး၊ ဆိုင်ကယ် ကို အကြောင်းပြပုံစံမျိုးစုံနဲ့ အမြတ်ထုတ်ဖို့တစ်ဖုံ ကြိုးစားရာကဖြစ်လာတဲ့ အလွဲတွေကို ကျေးလက်ဒေသ နောက်ခံရှုခင်းတွေနဲ့ ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ငယ်ချစ်နဲ့ကွဲကွာခဲ့ရတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဖေသန်း မှာ တူမတစ်ယောက်၊ ညီမတစ်ယောက်တို့နဲ့ နေထိုင်သလို တစ်ဖက်မှာလည်း ကိုဖေသန်းရဲ့ငယ်ချစ်ဒေါ်ရွှေနွယ်က ဖခင်ဦးကြာနု၊ သမီးမိချော နဲ့ တူနှစ်ယောက်နဲ့အတူ နေထိုင်နေခဲ့ ကြတယ်။


ဒေါ်ရွှေနွယ်ရဲ့ တူနှစ် ယောက်မြို့တက်ဆိုင်ကယ်ဝယ်ရာက ဆိုင်ကယ်ပွဲစား သော်တာဖုန်း တစ်ယောက် ဦးလေးကိုဖေသန်းရဲ့ရွာကို ဆိုင်ကယ်လာပို့ရင်း ရောက်လာတဲ့ အခါ ဒေါ်ရွှေနွယ်ရဲ့သမီး မိချောကို ချစ်ကြိုက်သွားသလို ဆိုင်ကယ်ကို အကြောင်းပြုလို့ ဒေါ်ရွှေနွယ်တို့ မိသားစုဆီက ပုံစံမျိုးစုံနဲ့ပိုက်ဆံရဖို့ ကိုလည်း ကြံစည်ခဲ့တယ်။

ဦးလေး ဖြစ်သူကလည်း သူ့ငယ်ချစ်နဲ့ဝေးကွာခဲ့တာကြောင့် တူဖြစ်သူ သော်တာဖုန်းကို မိချောနဲ့နီးစပ်ဖို့အရေးမှာ အကြံအစည်တွေ အမျိုးမျိုးပေးရာက ဘယ်လိုအလွဲတွေ ဖြစ်လာတယ်ဆိုတာကို မိသားစုနှစ်ခုကြား အခြေခံပြီး ဟာသဖြစ်ရပ်များစွာနဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဝေးကွာသွားတဲ့ချစ်သူနှစ်ဦး အဖြစ် ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာ၊ လူလည် ဆိုင်ကယ်ပွဲစား သော်တာဖုန်း နဲ့မိချောတို့အဖြစ် ပြေတီဦးနဲ့သက်မွန်မြင့်တို့က ပါဝင်ထားပါတယ်။ ဒီဇာတ်ကားလေးကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ကျော်ရဲအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ ချောရတနာ၊ ခင်လှိုင်၊ ထူးခန့်နိုင်၊ဆင်မတို့နဲ့ အဓိကပုံဖော် ရိုက်ကူးထားပါတယ်။

ရှေ့ဆောင်- သမ္မတ၊ သွင်၊ မင်္ဂလာ မှာ ပရိသတ် ရုံပြည့်ရုံလျှံ အားပေးခဲ့တဲ့'ဟတ်ထိတယ်'အချစ်ဟာသ ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၀ ရက်နေ့မှာ ရှေ့ဆောင်ရုပ်ရှင်ရုံမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ ယောက်ျားစိတ်ပေါက်နေသူ ကောင်မလေးနဲ့ မိန်းမစိတ်ပေါက်နေတဲ့ ကောင်လေးတို့ရဲ့အချစ်ကို ထူးထူးခြားခြား တွေ့မြင်ရမှာဖြစ် ပါတယ်။ ဒါ့အပြင် ငယ်စဉ်ကကွဲကွာခဲ့ပြီး အသက်တွေကြီးခါမှ ပြန်ဆုံတွေ့ခွင့်ရတဲ့ ဦးလွင်နဲ့ဒေါ်နွဲ့တို့ရဲ့ အချစ်၊ အိမ်မွေးတိရိစ္ဆာန်လေးတွေ ကို အကြောင်းပြုလို့ အမြဲရန်ဖြစ်နေကြရာက ချစ်ခြင်းဘက်ကို ရောက်ရှိသွားကြတဲ့ ကောင်လေးနဲ့ ကောင်မလေးရဲ့ အချစ်၊ သံယောဇဉ်အချစ် တွေနဲ့ အိမ်ထောင်ဖက်တွေကို အမြဲ စိတ်ပူနေတတ်တာတွေကို ရယ်စရာ အဖြစ်အပျက်တွေနဲ့ ပုံဖော်ရိုက်ကူး ထားခြင်းပဲဖြစ်ပါတယ်။ 'ဟတ်ထိတယ်' ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က သရုပ်ဆောင် ရန်အောင်၊ ရဲအောင်၊ အောင်လွင်၊ သူထူးစံ၊ မိုးအောင်ရင်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်၊ အရိုင်း၊ ဗေလုဝ၊ ပွင့်၊ ဒေါ်နွဲ့နွဲ့စန်းတို့နဲ့ အဓိက ပုံဖော်ထားပါတယ်။



နေပြည်တော် - နေပြည်တော် ရုပ်ရှင်ရုံမှာကတော့ Russell Crowe, Cate Blanchett, Max von Sydow, Willion Hurt တို့ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Robin Hood ဇာတ်ကားကို ဆက်လက်ရုံတင် ပြသမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Ridley Scott ကရိုက်ကူးထား တာဖြစ်ပါတယ်။ အောင်မြင်ခဲ့ပြီးသား ဇာတ်ကားဖြစ်တဲ့ Robin Hood ကိုပဲ Gladiator ဇာတ်ကားရဲ့ ဒါရိုက်တာ က ပြန်လည်ရိုက်ကူး ဖန်တီးထားတာဖြစ်ပါတယ်။


န၀ဒေး၊ မဟာမြိုင် - လူငယ်တွေ ကြားမှာ အချစ်ဆိုတာကို ပေါ့ပေါ့ဆဆ သဘောမထားဘဲ လေးလေးနက်နက် သဘောထားသင့်တယ်ဆိုတာကို ဖန်တီး ပြထားတဲ့ 'အချစ်များ' ဒီဗီဒီဇာတ်ကားကို သြဂုတ်လ ၂၀ ရက်နေ့မှာ န၀ဒေးနဲ့ မဟာမြိုင် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီ ဇာတ်ကားထဲမှာအဘွားဖြစ်သူ ကွယ်လွန်သွားပြီးတဲ့နောက် အကြွေးတွေ ပတ်လည်ဝိုင်းပြီးကျန်ခဲ့တဲ့ သွန်း ဆိုတဲ့လူငယ်လေးဆီကို အဘွားရဲ့ သေတမ်းစာအရ အမွေတွေလွှဲပြောင်းပေးဖို့ ရှေ့နေမလေး မေမုန်းမာန် ရောက်ရှိလာခဲ့ပါတယ်။ အဘွားရဲ့ သေတမ်းစာအရ အမွေတွေကို သွန်း ပိုင်ဆိုင်ဖို့အတွက် ဘာအကြောင်းပြချက်မှမရှိဘဲ သူထားရစ်ခဲ့တဲ့ ရည်းစားဟောင်း ခုနစ်ယောက်ကို သူတို့ ကျေနပ်တဲ့အထိ တောင်းပန်ရမှာဖြစ်ပြီး ရှေ့နေမလေးမေမုန်းမာန်က သက်သေအဖြစ် လိုက်ပါပေးရမှာပဲ ဖြစ်ပါတယ်။ ချစ်သူဟောင်းတွေရဲ့အမုန်း၊ အာဃာတတွေနဲ့ ကလဲ့စားချေမှုတွေကို ခံစားပြီးချိန်မှာတော့ သွန်းရဲ့ရင်ထဲမှာ ရှေ့နေမလေးကို မြတ်မြတ်နိုးနိုး ချစ်နေမိခဲ့ပါပြီ။ ဒီအခါမှာ သူသိခွင့်ရလိုက်တာက သွန်းနောက်ဆုံးထားခဲ့တဲ့ ချစ်သူဟောင်း မေမာယာရဲ့အစ်မအရင်းဟာ ရှေ့နေမလေးဖြစ်နေပြီးတော့ သွန်း အဆက်ဖြတ်ခဲ့တာကြောင့် ညီမ လေး အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ကလဲ့စားချေဖို့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အမွေပေးဖို့မှာခဲ့တယ်ဆိုတာကလည်း သွန်းကိုကလဲ့စားချေခဲ့ခြင်း ဆိုတာပါပဲ။ ဒါကြောင့် သွန်း တစ်ယောက် အချစ်စစ်ကို ပိုင်ဆိုင်ခွင့်မရနိုင်တော့ဘူးလား ဆိုတာ ဒါရိုက်တာမီးပွားက ပုံဖော်ရိုက်ကူး ထားပါတယ်။ 'အချစ်များ' ဒီဗီဒီ ဇာတ်ကားမှာ မင်းမော်ကွန်းနဲ့ အတူ စိုးမြတ်နန္ဒာ၊ ခိုင်သင်းကြည်၊ ပုလဲ ၀င်း၊ သဇင်၊ သင်ဇာဝင့်ကျော်၊ မိုးယုစံ၊ခရစ္စတီးနားနဲ့ ၀ါဆိုမိုးဦးတို့က အဓိက ပါဝင်ထားကြပါတယ်။


မြို့ပတ်ရုပ်ရှင်ရုံများ - ၀ဇီရာရုံ(၁)မှာ တော့ ဒါရိုက်တာမိုက်တီး ရိုက်ကူးပြီး သရုပ်ဆောင်လွင်မိုး၊ လူမင်း၊ ခန့် စည်သူ၊ စိုးမြတ်သူဇာ၊ မေကဗျာ၊ သင်ဇာဝင့်ကျော်နဲ့ အေးမြတ်သူတို့ ပါဝင်ထားတဲ့ '၀ါဆိုဖယောင်းတိုင်' ရုပ်ရှင် ဇာတ်ကားကို သြဂုတ်လ ၂၀ ရက် နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ၀ဇီ ရာရုံ(၂)မှာတော့ သရုပ်ဆောင် သူထူးစံ၊ မင်းဟိဏ်း၊ ဆုရွှန်းလဲ့တို့ အဓိကပါဝင်ထားတဲ့ 'ဇော'ဒီဗီဒီ ဇာတ်ကားကို ရုံတင်ပြသမှာဖြစ်ပါ တယ်။ ရွှေမန်း၊ စံပြ၊ သီတာရုပ်ရှင်ရုံ တွေမှာတော့ 'ဟတ်ထိတယ်' ရုပ်ရှင် ဇာတ်ကားကို ရုံတင်ပြသမှာဖြစ်ပြီး မြို့မရုပ်ရှင်ရုံမှာတော့ 'Khiladi 420' အိန္ဒိယ အချစ်အက်ရှင် ဇာတ်ကားကို ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ရွှေဗဟို၊ ဘုရင့်နောင်၊ ဧရာဝတီရုံတွေမှာ တော့ ဒါရိုက်တာ ကိုဇော်(အရုဏ် ဦး)ရိုက်ကူးထားတဲ့ 'သူငယ်ချင်း ယောက္ခမ' ရုပ်ရှင်ဇာတ်ကား ရုံတင် ပြသမှာဖြစ်ပြီး ကျော်ရဲအောင်၊ လွင်မိုး၊ စိုးမြတ်သူဇာ၊ မိုးဟေကိုတို့ အဓိက ပါဝင်ထားတယ်ဆိုတာ တင်ပြပေးလိုက်ရပါတယ်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။