Home » , » ကလေးသူငယ်များအား အဓမ္မ တောင်းရမ်းခိုင်းစေသော လူကုန်ကူးမှု ရှစ်မှုရှိခဲ့

ကလေးသူငယ်များအား အဓမ္မ တောင်းရမ်းခိုင်းစေသော လူကုန်ကူးမှု ရှစ်မှုရှိခဲ့

Written By မောင်စေတနာ on Tuesday, July 26, 2011 | 4:52:00 AM

http://www.nayzawlin1.org/images/resized/images/1-malaysia_200_200.jpg
၂၀၁၀ ပြည့်နှစ်အတွင်း အရွယ်မရောက်သေးသော ကလေးသူငယ်များ အား အဓမ္မ တောင်းရမ်းခိုင်းစေသော လူကုန်ကူးမှု ပြည်တွင်းပြည်ပ၌ ရှစ်မှုဖြစ်ပွားခဲ့ရာတွင် မလေးရှားနိုင်ငံနှင့် ဆက်စပ်၍ခြောက်မှု၊ ထိုင်းနိုင်ငံနှင့် ဆက်စပ်၍ တစ်မှုနှင့် ပြည်တွင်း၌ပင် တစ်မှုတို့ဖြစ်ကြပြီး အဓမ္မတောင်းရမ်း ခိုင်းစေခံခဲ့ရသူ ကလေးသူငယ် ၁၅ ဦးအား ဖော်ထုတ်ရရှိခဲ့ပြီး တရားခံ ၂၆ ဦး ပါဝင် ကျူးလွန်ခဲ့ကြခြင်းဖြစ် သည်ဟု သိရှိရသည်။

အဓမ္မ တောင်းရမ်းစေခိုင်းရန် အလို့ငှာ လူကုန်ကူးမှုများကို ကျူးလွန်ခဲ့ကြရာတွင် စားဝတ်နေရေး ခက်ခဲမှု အပေါ် အလုပ်ရမည် လိမ်လည်၍အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့၍ ကျူးလွန်ခဲ့ကြသည်။

ဖြစ်စဉ်များမှာ ကျောင်းကုန်းမြို့ နယ်မှ မောင် . . . ၁၀ နှစ်နှင့် မ . . . ကိုးနှစ်တို့အား ရန်ကုန်မြို့တွင် ကလေးထိန်းအလုပ်ဖြင့် တစ်လငွေ ကျပ် ၁၀၀၀၀ ရရှိမည်ဟု လိမ်လည် စည်းရုံးခဲ့ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်၍ တစ်ရက်လျှင် မလေးရှား ရင်းဂစ် ၁၀၀ ရရှိရန် စာအုပ်ရောင်းခိုင်းခဲ့သည်၊၊ ယင်းအပြင် ဖျာပုံမြို့နယ် မှ မောင်..ခုနစ်နှစ်၊ ... ငါးနှစ်၊ ... သုံးနှစ်တို့အား မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပို့ဆောင်ပြီးတစ်ရက်လျှင် မလေးရှားရင်းဂစ် ၁၀၀ ရရှိအောင် တောင်းရမ်းစေခိုင်းခဲ့သည်။

လှိုင်သာယာမြို့နယ်မှ အသက် ၁၆ နှစ်နှင့် ၁၅ နှစ်အရွယ် ကလေး နှစ်ဦးအား မလေးရှားနိုင်ငံသို့ ပို့ဆောင်၍ တောင်းရမ်းစေခဲ့သည်။ ယင်းအပြင် တွံတေးမြို့နယ်နေ အသက် ၁၀ နှစ်၊ ရှစ်နှစ်နှင့် ငါး နှစ်အရွယ် ကလေးသုံးဦးအား မလေးရှားနိုင်ငံ စာအုပ်ဆိုင်တွင် တစ်လငွေ ကျပ် ၅၀၀၀၀ ရရှိမည်ဟု လိမ်လည်ကာ သူတောင်းစားအဖြစ် အဓမ္မ စေခိုင်းမှုကို ကျူးလွန်ခဲ့ကြသည်။ မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်လည်း တရားခံ အောင်နိုင်ထွန်းပါ ခုနစ်ဦးတို့ သည် တစ်မြို့တည်းနေ အသက် ၁၄ နှစ်၊ ၁၂ နှစ်နှင့် ၁၁ အရွယ် ကလေး သုံးဦးအား မလေးရှားနိုင်ငံသို့ ပို့ဆောင်၍ အဓမ္မ တောင်းရမ်းခိုင်းခဲ့သည်။ ယင်းအပြင် ဒလမြို့နယ်နေ မကြည်ကြည် အပါအ၀င်နှစ်ဦးတို့က ၁၄ အရွယ် ကလေးငယ်တစ်ဦးကို မလေးရှားနိုင်ငံတွင် အဓမ္မတောင်း ရမ်းစေခိုင်းခဲ့သည်။

ကျိုက်မရောမြို့ နယ်မှ တရားခံ လှမောင်ပါ ၂ ဦးတို့ ကလည်း ဒေါ်... ၄၅ နှစ်နှင့် မောင်... ခုနစ်နှစ် သားအမိတို့အား ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တောင်းရမ်းစေခိုင်း ရန် ဘတ် ၆၀၀၀ ဖြင့် ရောင်းစားခဲ့ ကြသည်။ကွတ်ခိုင်မြို့နယ်မှ မောင်.. ၁၉ နှစ်၊မိုးညှင်းမြို့နယ်မှ မောင် ... ၁၆နှစ်၊ ပျဉ်းမနားမြို့နယ်မှ မောင် ... ၁၄ နှစ်တို့အား ကိုရင်ဝတ်ဖြင့် အဓမ္မအလှူခံခိုင်းပြီး တစ်ရက်လျှင် ကျပ် ၂၅၀၀ စီ ရှာဖွေခိုင်းခဲ့သည်။ ဖြစ်စဉ် တစ်ခုချင်းစီအလိုက် ကျူးလွန်သည့်တရားခံများမှာ သီးခြားစီ ဖြစ်ပြီး နေထိုင်ရာဒေသလည်း မတူညီကြောင်း သိရသည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။