Home » » သင့်မျက်လုံး ကိုသနားလျှင် ဂရုစိုက်ဖို့ လိုအပ်နေပြီ။

သင့်မျက်လုံး ကိုသနားလျှင် ဂရုစိုက်ဖို့ လိုအပ်နေပြီ။

Written By မောင်စေတနာ on Saturday, August 7, 2010 | 10:43:00 PM



သင့်မျက်လုံးကိုသနားလျှင်ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက်အလုပ်လုပ်ကိုင်နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်းတို.ဖြစ်ပေါ်လာတာ
ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။

ဒီလိုမချွတ်ယွင်းအားမနည်းအောင်ကျွန်တော်တို့ဘယ်လိုကာကွယ်
ကြမလဲ။ အောက်ပါ နည်းလမ်းလေး တွေကိုလိုက်နာပေးလိုက်ပါ။

နေရာ မှန်ပါစေသင့်ရဲ. ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာ မှန်ထားတက်ဖို.အရေးကြီးပါတယ်။ သင်.ရဲ. ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေသင့်ရဲ.လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ. ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

အလင်းရောင်သင့် အခန်းတွင်း အလင်းရောင်ပျံ.နှံ.နေပါစေ။ ဒါမှ ကွန်ပျူတာ screenမှလာသော
reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါစေ။ ကွန်ပျူတာ screen အားသင့်မျက်စိနှင့်
သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်Anti-reflective Lenses ပါသော မျက်မှန် ကို တပ် ပေးခြင်းဖြင့် တောက်ပသောအရာမှမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့်အားကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lensesထည့်ထားတဲ့မျက်မှန်ကို ညွန်းပါလိမ့်မယ်။


မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ. အရာတခုခုကို ကြည့်ကြည့်ပေးပါ။ဒါနည်းလမ်း
ဟာသင့်ရဲ. ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀လောက်မျက်စ
ိအား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကိုရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀လောက်လမ်းလျှောက်ခြင်းဖြင့်သွေးလှည်ပတ် စေပါတယ်။

မျက်စဉ်း ခတ်ပေးပါလူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့်ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ်တာကို
သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။
ထိုသို.ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖ၀ါးအုပ်ခြင်းထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင်.၇ဲ.လက်ဖ၀ါး နှစ်ခုအား နွေးလာသည်အထိပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖ၀ါးနဲ. သင့်မျက်စိနှစ်ဖက်ကို၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖ၀ါးမှ လာသော နွေးထွေးမူသည်သင့်ရဲ.
ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်းအားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင်. မျက်နှာသစ်ပေးပါ။ အင်မတန်လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။လက်ဖက်ခြောက် အထုပ်သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲရေခဲသေတ္တာထဲထည်.ထားပြီး အားတဲ့အချိန်ကျရင် ထိုလက်ဖတ်ခြောက်အထုပ်၂ထုပ်
အားသင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

အစားအသောက်ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။
သံပရာရည်၊အသီးအရွက်၊ခရမ်းချဉ်သီး၊ ဥ နှင့် နို.ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။
မျက်စိရောဂါ ကင်းဝေကြပါစေ။

honeychorama@gmail.com မှ
မိုးယံ

အရင်တုန်းက ဖတ်ဖူးထားတာထက်ပိုစုံတယ်။ ကျေးဇူးပါ ညီရေ။
နောက်တစ်နည်းက ညအိပ်ယာဝင်ခါနီးရင် ကွမ်းရွက်ပို မျက်စိ ပေါ်မှာ
မိနစ် 20 အုံထားပေးရင် လည်း အရမ်းကောင်းပါတယ်။
Share this article :

4 comments:

မိုးယံ said...

အရင်တုန်းကလည်း ဒါမျိုးလေးတွေ ဖတ်ထားဖူးတယ် ။ ပေ20 တို့ မျက်စိဖွင့်ပတ် 20 တို့ ခုဒီမှာတော့ ပိုစုံတယ် ကျွန်တော်က ကွန်ပျူတာ မှာ အချိန်များစွာသုံးရသူပါ တစ်နေ့ကို 9 နာရီ အထက်ကွန်ပျူတာ ကြည့်ရတယ် ။ ကျေးဇူးပါ ညီလေး။နောက်တစ်နည်းက မျက်စိ ကွမ်းရွက်အုပ်ထားပေးရင်လည်း အရမ်းကောင်းတယ်။

မိုးယံ said...

အရင်တုန်းက ဖတ်ဖူးထားတာထက်ပိုစုံတယ်။ ကျေးဇူးပါ ညီရေ။

နောက်တစ်နည်းက ညအိပ်ယာဝင်ခါနီးရင် ကွမ်းရွက်ပို မျက်စိ ပေါ်မှာ မိနစ် 20 အုံထားပေးရင် လည်း အရမ်းကောင်းပါတယ်။

naylinnhtun said...

ကျေးဇူးပဲကိုနေဇော်လင်းရေ စံပယ်ပန်းက မျက်လုံးအတွက်အကြိုးတော်တော်ပြုတာ သတိထားမိပြီဗျ ကျွန်တော် အခုပဲ စံပယ် ၃ ပွင့်သွားခူးပြီး ရေသန့် ဗူးလေးထဲမှာ ရေနည်းနည်းလေထည့်ပြီးစိမ်ထားလိုက်တယ် ပြီးရင်အဲ့ဒီစံပယ်စိမ်ရေခပ်မလို့ လေ စံပယ်စိမ်ရေခပ်ရင်မျက်စိမှာ မျက်သားတတ်ပြီးမျက်လုံးဝေဝါးတာတွေပျောက်စေတယ်လို့ လည်းကြားဖူးလို့  အဲ့ဒါအခုသတိရပြီး စလုပ်ကြည့်ပြီဗျု့  ကျေးဇူးအထူး ကိုနေဇော်လင်းရေ

naylinnhtun said...

ကျေးဇူးပဲကိုနေဇော်လင်းရေ စံပယ်ပန်းက မျက်လုံးအတွက်အကြိုးတော်တော်ပြုတာ သတိထားမိပြီဗျ ကျွန်တော် အခုပဲ စံပယ် ၃ ပွင့်သွားခူးပြီး ရေသန့် ဗူးလေးထဲမှာ ရေနည်းနည်းလေးထည့်ပြီးစိမ်ထားလိုက်တယ် ပြီးရင်အဲ့ဒီစံပယ်စိမ်ရေခပ်မလို့ လေ စံပယ်စိမ်ရေခပ်ရင်မျက်စိမှာ မျက်သားတတ်ပြီးမျက်လုံးဝေဝါးတာတွေပျောက်စေတယ်လို့ လည်းကြားဖူးလို့  အဲ့ဒါအခုသတိရပြီး စလုပ်ကြည့်ပြီဗျို့  ကျေးဇူးအထူး ကိုနေဇော်လင်းရေ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။