Home » » မ လေး ရှား ဆို တာ ၁

မ လေး ရှား ဆို တာ ၁

Written By မောင်စေတနာ on Friday, July 23, 2010 | 5:36:00 PM



အရင်တုန်းက မလေးရှားဆိုတာ ဘယ်လိုနိုင်ငံမှန်းကို
မသိခဲ့ရပါဘူး တစ်ကယ်တန်းရောက်ခဲ့တဲ့ အချိန်ကျ
တော့အရာအားလုံးကို ပွင့်လင်းစွာ မြင်တွေ့နေရတယ်။

မလေးရှားကို ရောက်တာလည်းအချိန်ကြာခဲ့ပါပြီ အခုလို
ပြောနိုင်တာကလည်း တိုးတက်နေတဲ့ နည်းပညာအကူ
အညီနဲ့ပါ။ မလေးရှားမှာ ကြုံရတဲ့ ဒုက္ခတွေရဲ့ တစ်စိတ်
တစ်ပိုင်းပဲပြောပါရစေနော် .....


မလေးရှားကို စရောက်ပြီ ဆိုတာနဲ့ အေဂျင့် လာမကြိုလို့
လေဆိပ်မှာ နှစ်ည သုံးည အိပ်ရတဲ့ သူတွေလည်း အများ
ကြီးပါ။ အလုပ်မကောင်းလို့ ဘဝပျက်နေတဲ့ သူတွေလည်း
အများကြီးပါ။ ယောက်ျားလေး ဆိုရင်တော့ ရင်ဆိုင်ဖြေရှင်း
နိုင်တဲ့ သတ္တိရှိမှာပါ။

မြန်မာလူမျိုး အချင်းချင်း ကူညီမယ်မရှိဘူး ခေါင်းပုံဖြတ်နေတဲ့
သူတွေလည်း အများကြီး တကယ်လို့များ မလေးရှားနိုင်ငံကို
လာခဲ့မယ်ဆိုရင်မလေးရှားမှာ ရှိနေတဲ့ မိတ်ဆွေ သူငယ်ချင်း
တွေဆီကို ဆက်သွယ်ပြီးမှ လာစေချင်ပါတယ်။

မလေးရှားနိုင်ငံက ရောက်လာကြတဲ့ မြန်မာ မိန်းကလေးတွေ
ဟာ မလေးနိုင်ငံသူ တရုတ်လူမျိုးတွေရဲ့ ဝတ်စား ဆင်ယဉ်မှု့
ကို အတုခိုးလို့ ဒုက္ခရောက်ကြတဲ့ သူတွေလည်းရှိနေပါတယ်
တချို့ဆိုရင် အကျင့်စာရိတ္တ ပျက်စီးပြီး ငွေကို အလွယ်ရတဲ့
လမ်းကိုလျှောက်နေကြတဲ့ သူတွေလည်း အများကြီးဖြစ်နေပါ
တယ်။ ဒါကြောင့် သူငယ်ချင်း မိတ်ဆွေ ညီအစ်ကို မောင်နှမများ
လာချင်တယ်ဆိုရင် သေချာစုံစမ်းပြီးမှ လာစေချင်ပါတယ်

စာမရေးတတ်တဲ့ အတွက် သည်းခံပေးပါနော် အမှားပါခဲ့ရင်......
အားလုံးကိုပျော်ရွှင်စေချင်သူ ....
http://forverfriends.ning.com

ဒီစာလေးက ဗဟုသုတ ရစေရန်အတွက် ရည်ရွယ်၍ တင်ပေးထားပါ။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။