Home » » ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဒုတိယ ၀န်ကြီးမြန်မာနိုင်ငံသို့ လာရောက်မည်။

ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဒုတိယ ၀န်ကြီးမြန်မာနိုင်ငံသို့ လာရောက်မည်။

Written By မောင်စေတနာ on Thursday, July 22, 2010 | 2:48:00 PM



ထိုင်းမြန်မာ နယ်စပ် သောင်ရင်းမြစ် မြ၀တီဘက် ကမ်းတွင် ကမ်းပါး ကြံ့ခိုင်ရေး အတွက် အခိုင် အမာ ဆောင်ရွက် မှုများ လုပ်ဆောင် နေ ကြောင်း သိရသည်။ ယင်သို့ လုပ်ဆောင် လာရခြင်းမှာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ မှစပြီး သောင်ရင်း မြစ်ကမ်း တလျှောက် တွင် ထိုင်းနိုင်ငံ မှ စက်ယန္တယား ကြီးများ၊ လူအင်အား များဖြင့် ရေထိန်း နံရံများ ပြုလုပ် နေခဲ့သည့် အတွက် ရေကြောင်း ပြောင်းလဲကာ မြန်မာ ဘက်ကမ်းကို တိုက်စား လာပါသည်။ ယင်း ကိစ္စ အတွက် ပြည်တွင်းမှ တာဝန်ရှိသူ များက ထိုင်း တာဝန်ရှိသူ တို့ထံ တရားဝင် ကန့်ကွက်စာ လေးကြိမ် တင်ပြခဲ့ ရာ တင်ပြတိုင်း လုပ်ငန်း ရပ်ဆိုင်း မည်ဟု အကြောင်း ပြန်သော်လည်း တစ်ရက်လောက် နားပြီး လုပ်ငန်း ပြန်စမြဲ ဖြစ်ကြောင်း နှင့် ယခု ကန့် ကွက် သည့် အခါလည်း ရပ်ဆိုင်း မည်ဟု အကြောင်း ပြန်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြား ပါသည်။ ယင်း အတွက် မြ၀တီ ဘက်ကမ်း တွင် အမှတ် ၅ ရပ်ကွက်၊ သံတံတား အနီးတွင် သံဆန်ကာ ခြင်းကြီးများ ချပြီး ကျောက်ဖြည့်ကာ ရေတိုက်စား မှုကို ခံနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။


တစ်ဘက်တွင် မဲဆောက် နှင့် မြ၀တီကြား ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားကို ဇူလိုင်လ ၁၂ ရက် နေ့ကတည်းက ပိတ်ထားခဲ့ ကြောင်း သိရသည်။ ဤ အတော အတွင်း ထိုင်း ဒုတိယ ကုန်သွယ်ရေး ၀န်ကြီး အလောင်ခွန် ပွန်လာဘုက မြစ်ကမ်းပါး ကာကွယ်ရေး တည်ဆောက်မှုမှ ဖြစ်ပေါ်သော အထင် အမြင် လွဲမှား စေမှုကြောင့် နယ်စပ် ပိတ်ထားကာ ကုန်သွယ်မှုကို ထိခိုက်ခြင်း မှာ မဖြစ် သင့်ကြောင်း၊ ယင်းမှာ ယခု ကိစ္စတွင် ပါဝင် ပတ်သက် သူများ ပေါ့ဆ မှုကြောင့် ဖြစ်ပွား ရခြင်း ဖြစ်ကြောင်း၊ အခြေခံ အားဖြင့် မည်သည့် ဆောက်လုပ်ရေး စီမံကိန်း မဆို နှစ်နိုင်ငံ နယ်စပ် ကော်မတီများ၏ ညှိနှိုင်း ဆွေးနွေး အတည် ပြုချက် ရပြီးမှ လုပ်သင့်ကြောင်း သူက ပြောကြား သည်။ သူက ဆက်လက်ပြီး မကြာမီ သူ မြန်မာ နိုင်ငံသို့ သွားပြီး မြန်မာ တာဝန် ရှိသူ များနှင့် နားလည်မှု ရရှိရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။ ထိုင်း အစိုးရသည် မဲဆောက် မြ၀တီ နယ်စပ်တွင် အထူး စီးပွားရေးဇုံ ထူထောင်ရန် စီမံကိန်း ရေးဆွဲထားပြီး နယ်စပ် ကုန်သွယ် မှုမှာ တစ်နှစ်လျှင် ဘတ်သန်း ၁၄၀ ခန့် ရှိသည်ဟု ဆိုသည်။
http://www.htwd.info/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။