ထီး လေး နဲ့ ကျွန် တော် ....
ဟာ့ .... မိုးကလည်း
ဒုက္ခပဲ .... လုပ်ပီ ... မိုးရ
အပြင်သွားခါနီးမို့ ကျွန်တော် ဒေါသဖြစ်နေမိသည်။ ဘာကြောင့်လဲ
ဆိုတော့ ကျွန်တော် အပြင်သို့ သွားလျှင်ထီးမယူ တတ်ပါ။ ထီးဆောင်း
ပြီးလည်း မသွားတတ်ပါ။ထီးယူရမှာ ထီးဆောင်းရမှာ ကျွန်တော်စိတ်ထဲ
မနှစ်သက်ပါ။ ထီးကိုင်ပြီး သွားနေရတာ အပိုအလုပ်တစ်ခုလို့ကျွန်တော်
ထင်နေမိသည်။
ဒါကြောင့် ကျွန်တော်ဟာ ဘယ်တော့မှ ထီးမယူတတ်ပါ။
အခုလည်း ကျွန်တော်အပြင်သွားခါနီး ရုတ်တစ်ရက် မိုးရွှာသည့်
အတွက် ကျွန်တော်စိတ်ထဲ ကသိကအောင့် ဖြစ်နေတာ အမှန်။
ထီးကိုင်ပြီး သွားနေရတာ အပိုအလုပ်တစ်ခုလို ကျွန်တော်ထင်
နေမိတယ်။ဒါကြောင့် ကျွန်တော်အိမ်နဲ့ လည်း BUS STOP က
လည်းသိပ်မဝေးတော့ကျွန်တော်ရှည်ရှည်ဝေးဝေး သိပ်မစဉ်းစား
မနေတော့ပဲ အိမ်ကနေ BUS STOP ရှိရာကို အပြေးလေး သွား
လိုက်ပြီး လိုင်းကားအလာကို စောင့်နေမိတယ်။

ကျွန်တော်ကိုယ်မှာ မိုးရေတွေက နည်းနည်းစိုနေပြီ။
ကိစ္စ္မရှိဘူး ကားပေါ်ရောက်ရင် သွေ့ခြောက်သွားမှာပဲလို့ ကျွန်တော်
တွေးပြီး စောင့်နေမိတယ်။
ဟော့ ... ကားလာပါပြီ .....
ကျွန်တော်ကားခ RM 2.50 ပေးပြီး KL ကိုကားစီးလိုက်တယ်။ မိနစ်20
လောက်ကြာတော့KL ရောက်တော့ ကားပေါ်က ဆင်းပြီး ကျွန်တော်
ဝယ်စရာရှိတာ လုပ်စရာရှိလုပ်ဖို့ အပြေးလေးသွားလိုက်တယ်။ မိုးက
လည်း အခုအချိန်ထိ မတိတ်သေးတော့ ဟိုပြေးလိုက် ဒီပြေးလိုက်ပေါ့။
နောက်တစ်နာရီလောက်တော့ ကျွန်တော်ရဲ့ အလုပ်တွေ ကိစ္စတွေ
ပြီးနေပြီမို့ အိမ်အပြန်ဖို့ကားစောင့်ရပြန်တယ်။ မိုးကလည်း သည်း
နေတုန်းဗျ။ ဒီလိုပဲ ကားလာတော့ ပြေးတက်ရတာပေါ့။ ကားပေါ်ရောက်
တော့ ကျွန်တော် ခေါင်းမူးနေပြီ ဒါနဲ့အိမ်ကို ရောက်တော့မြန်မြန်လေး
ရေချိုး ထမင်းစားပြီး ခေါင်းကလည်း မူးနေတာမို့ ကွန်ပျူတာ လည်း
မကြည့်နိုင်တော့ဘူး စောစောလေးပဲ အိပ်ရာဝင်လိုက်တယ်။
မနက်ကျတော့ ကျွန်တော်မထနိုင်တော့ဘူး အလုပ်လည်း မသွားနိုင်
တော့ဘူး။ နှာစေး ချောင်းဆိုး အအေးမိနေတော့ဆိုင်က ကျွန်တော်
သူဌေးဆီကိုဖုန်းဆက်ပြီး နားရက်ရဖို့ပြောပြီးဆက်အိပ်နေလိုက်တယ်။
ခဏလေးအိပ်ပြီး အိပ်ရာကနိုးတာနဲ့ ဆေးခန်းကို သွားရတာနဲ့ နဂိုက
တည်းက ဆေးကြောက်တတ်တဲ့ ကျွန်တော်ဟာ အခု ဆေးထိုး ဆေး
သောက်ရတာနဲ့နေမကောင်းလို့ အိပ်နေရတာနဲ့ ဘာမှလည်း မလုပ်ရ
ဘူး ဘာမှလည်းမလုပ်နိုင်ဘူးဖြစ်နေတယ်။
ဒါတွေအားလုံးဟာ ထီးယူရမှာကြောက်တဲ့ ကျွန်တော်ရဲ့ အပြစ်တွေလေ။
အခုတော့ ကျွန်တော်အလုပ်လည်းပျက်နေပြီ။စာတွေလည်း ဆက်မရေးနိုင်
သတင်းတွေလည်း မတင်နိုင် သွားစရာ ရှိတာနဲ့ လုပ်စရာရှိတာလည်း မလုပ်
နိုင်နဲ့ တကယ်ကို လူပိုတစ်ယောက်လိုဖြစ်နေပြီ။ နေမကောင်းဘူးဆိုတော့
ကွန်ပျူတာကိုလည်း မကြည့်ချင်တော့ဘူး မထိုင်နိုင်တော့ဘူး ခေါင်းမူးနေ
တယ်ဆိုတော့လေ။
ထီးဆောင်းရမှာ ကြောက်တတ်သော ကျွန်တော်အတွက်သင်ခန်းစာ ပေးလိုက်
ခြင်းပင် ဒါကြောင့် ကျွန်တော်နောက်တစ်ခါဆို အပြင်သွားရင်ကျန်းမာရေးကို
ဂရုစိုက်တဲ့အနေနဲ့ မိုးရွှာနေတဲ့ အချိန်လေးမှာထီးလေးဆောင်းဖို့ ဆုံးဖြစ်လိုက်
ပါပြီ။ အခု ကျွန်တော်နေကောင်းပေမဲ့ ချောင်းဆိုးနေတုန်းပဲ ။
ဒီနေ့လည်း ကျွန်တော်အလုပ်ကညနေ (၃) နာရီပြီးတယ်ဆိုတော့ ရေမိုးချိုး
အဝတ်အစားလဲပြီးအပြင်သွားဖို့လုပ်နေတုန်း လာပြီလာဗျ ... ကိုရွှေမိုး က
ဘာပဲဖြစ်ဖြစ်ပါ ... ( မလေးရှားမှာက မိုးကအမြဲလိုလို ရွှာတတ်တာပါ )
ကျွန်တော်ဟာ ဆုံးဖြတ်ချက်ပြောင်းထားသူမို့ အိမ်မှာရှိတဲ့ထီးလေးကိုယူပြီး
ကျောပိုးအိပ်လေးကိုလွယ်ကာ အိမ်မှ ထွက်လိုက်တယ်။
အပြင်မှာ မိုးတွေက ရွှာနေတာမို့ ထီးလေးကို ဖွင့်ပြီး BUS STOP ရှိရာ
ကို သွားလိုက်တယ်။ အဲ ... ဒီတစ်ခါတော့ မပြေး ရတော့ဘူးပေါ့။ကျွန်တော်
ဆောင်းထားတဲ့ ထီးလေးကိုကြည့်လိုက်တော့ ကျွန်တော်ကို လှောင်နေ
သလိုလို ကျွန်တော်ရဲ့ စိတ်ထဲခံစားရတယ်။
ပြန်စဉ်းစားပြီး ရီနေမိတယ်။ ကျွန်တော့် ဘေးနားက ကုလားမလေးတွေက
ကျွန်တော်ကို ကြည့်လျှက် .... ဟ ဟ ...
ဘာပဲဖြစ်ဖြစ်ပါ ထီးဆောင်းရမှာ ပျင်းတတ်သော ကျွန်တော်ဟာ ထီးလေးက
ပေးသော သင်ခန်းစာရနေပြီမို့အဓိပ္ပာယ်များစွာနဲ့ ပြုံးနေမိတယ်ဗျ .....
စာဖတ်သူ မိတ်ဆွေများရော ကျွန်တော်လိုပဲ

ထီးဆောင်းရမှာ ပျင်းသလားခင်ဗျား ....
လေးစားစွာဖြင့်
နေဇော်လင်း
1:30, am
နေဇော်လင်း
1:30, am
0 comments:
Post a Comment