Home » , » ကွာလာလမ်ပူလ်တွင် မြန်မာဆိုင်များ စစ်ဆေးခံရ (မလေးရှား သတင်း)

ကွာလာလမ်ပူလ်တွင် မြန်မာဆိုင်များ စစ်ဆေးခံရ (မလေးရှား သတင်း)

Written By မောင်စေတနာ on Tuesday, March 4, 2014 | 9:24:00 AM

ကွာလာလမ်ပူလ်ရှိ ဈေးဆိုင် ဖွင့်ပိုင်ခွင့်လုပ်ငန်းလိုင်စင်များ စိစစ်ခြင်း ပထမအကြိမ်ကို လွန်ခဲ့သော စနေနေ့၌ ပြုလုပ်ရာ လိုင်စင်မရှိသော မြန်မာ အမျိုးသား ပိုင်ဆိုင်သည့် အရက်ဆိုင် တစ်ဆိုင်နှင့် နိုင်ငံခြားသား ၁၉၀ အား ဖမ်းဆီး ပါသည်။ 

 ၂ နာရီအတွင်းသာ စိစစ်ခြင်း ပြုလုပ်စဉ်အတွင်း မြန်မာ ၈၁ ဦး၊ ဘင်ဂလားဒေရှ် ၂၅ ဦး၊ နီပေါ ၂၈ ဦး၊ အင်ဒိုနီးရှား ၁၅ ဦး အိန္တိယနိုင်ငံသား ၄ ဦး၊ ပါက္ကစတန် ၃ဦး၊သိရိလက္ကင်္ာ ၂ဦး၊ ပါလစ်စတိုင်း ၂ ဦး၊ ဖိလီပိုင် ၂ ဦး နှင့်ဗိယက်နန် တစ်ဦးတို့အား ဖမ်းဆီးရပါသည်။ 

 ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi က နိုင်ငံခြားသား ၅၀၀ ဦးအားစစ်ဆေးရာ မည်သည့် အထောက်ထား မျှမရှိသည့် အမျိုးသမီး ၁၇ ဦး အပါအဝင် ၁၉၀ ဦး နှင့် မလေးရှား နိုင်ငံသားများ၏ က နောက်ကွယ်မှကြီးကြပ်သည့် ဆိုင်ခန်းအချို့ကိုတွေ့ရှိရကြောင်း ပြောကြားရာပါသည်။ 

"ကျနော်တို့ လုပ်ငန်းရှင် သုံးယောက်ကိုလည်း ဖမ်းဆီးပါတယ်၊ နှစ်ယောက်က မလေးရှားနိုင်ငံသား အမျိုးသမီးတွေဖြစ်ပြီး ပါမစ်မဲ့နိုင်ငံခြားသားတွေကို ဆိုင်မှာကြီးကြပ် လုပ်ကိုင်ခိုင်းတဲ့သူတွေပါ၊ တစ်ယောက်က မြန်မာနိုင်ငံသား UNHCR ကဒ်ကိုင်နေသူဖြစ်ပြီး ပါမစ်မဲ့ အရက်ဆိုင်ဖွင့်နေလို့ပါ" ဟုပြောကြားကာ၊ ဆက်လက်၍ ဈေးဆိုင်များမှာ စားသောက်ဆိုင်၊ တယ်လီဖုန်းအရောင်းဆိုင်၊ ဆေးအရောင်းဆိုင်များကို Jalan Silang အနီးတွင်ဖွင့်လှစ်သည်ဟု ပြောကြားပါသည်။ 

ယခုနှစ် နိုင်ငံခြားသားပါမစ်မဲ့များအား လူဝင်မူကြီးကြပ်ရေးဌာန၊ အမျိုးသား မှတ်ပုံတင်ဌာန၊ မြို့ပြလုပ်အားပေးတပ်ဖွဲ့(Rela)၊ ကွာလာလမ်ပူလ် မြှိုတော်မှ အရာရှိများ နှင့်လာတ်စားမူတိုကဖျတ်ရေး ဌာနမှ အရာရှိစုစုပေါင်း ၁၉၅ ဦး၏ဆောင်မူဖြင့် ၉၁၅ နေရာတွင် စစ်ဆင်မှုပြုလုပ်ရာတွင်နိုင်ငံခြားသား ၆,၂၉၃ ဦးနှင့်လုပ်ငန်းရှင် ၆၉ ဦးအား ဖမ်းဆီးခဲ့ပြီး နိုင်ငံခြားသား ၆၁၁၆ ဦးအား မိခင်နိုင်ငံသို့ပြန်ပို့ပြီး ဖြစ်ကြောင်းပြောကြားပါသည်။ 

UNHCR ကဒ်ကိုင်သော မြန်မာနိုင်ငံသားက မိမိသည် မလေးရှားနိုင်ငံတွင် ငါးနှစ်တာကာလအတွင်းနေထိုင်ပြီဖြစ်ကြောင်း၊ UNHCR ဒုက္ခသည်ကဒ်ကို လွန်ခဲသော လေးလခန့်က ရရှိခဲ့ကြောင်း ၊ လစာဝင်ငွေ ၂၀၀၀ ရင်းဂစ်ဖြစ်ကြောင်း သတင်းထောက်များ ထံ ပြောကြားပါသည်။ ဒီသတင်းကို www.nst.com.my မလေးရှားဝဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြထားသည်။ Tuangpu Siyin (Malaysia ) 

 နေဇော်လင်း 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia News) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။