Home » » အိုဘားမား၏ Twitter အကောင့်ထဲ ခိုးဝင်သူ ဖမ်းမိ

အိုဘားမား၏ Twitter အကောင့်ထဲ ခိုးဝင်သူ ဖမ်းမိ

Written By နေဇော်လင်း1 on Friday, April 23, 2010 | 10:01:00 PM


ပဲရစ် (မတ် ၂၅)
အမေရိကန် သမ္မတ အိုဘားမား အပါအဝင် နာမည်ကျော် ပုဂ္ဂိုလ်များ၏ Twitter အကောင့်ထဲသို့ ခိုးဝင်ခဲ့သူ ပြင်သစ်လူမျိုးတစ်ဦးကို သက်ဆိုင်ရာမှ ဖော်ထုတ်ဖမ်းဆီးမိထားပြီဟု သတင်းများတွင် ဖော်ပြပါရှိသည်။

ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင်နေထိုင်သော အမည်မဖော်လိုသည့် အဆိုပါအမျိုးသားကို ပြင်သစ်ရဲတပ်ဖွဲ့နှင့် FBI တို့မှ အင်္ဂါနေ့တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ Hacker Croll ဟု နာမည်ပြောင်ပေးထားသည့် ထိုသူသည် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက လူသုံးများသည့် အင်တာနက် ဆက်သွယ်ရေး စာမျက်နှာ Twitter ၏ ဝန်ထမ်းကဲ့သို့ ဆိုက်ဘာလုံခြုံရေးကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး အမေရိကန် သမ္မတ အိုဘားမား၊ နာမည်ကျော်အဆိုတော် ဘရစ်တနီ စပီးယားတို့၏ အကောင့်များကို ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုအပြုအမူမှ ငွေကြေးအကျိုးအမြတ် တစုံတရာ မျှော်ကိုးခြင်း မရှိသလို အကောင့်များကို နှောင့်ယှက်ခြင်း၊ ဖျက်ဆီး ရေးသားသွားခြင်းများ မလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းက သူ ထိုသို့ ဝင်ရောက်နိုင်ကြောင်း သက်သေပြနိုင်သည့် စာမျက်နှာ အချို့ကို ဓာတ်ပုံရိုက်ယူပြီး အခြားသော အင်တာနက် ဖိုရမ်များတွင် တင်ပြခဲ့ခြင်းဖြစ်သည်။


Hacker Croll ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ခတ္တပြန်လွှတ်ပေးထားသော်လည်း ဇွန်လထဲတွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။ ပြစ်မှုထင်ရှားပါက ပြင်သစ်နိုင်ငံဥပဒေအရ ထောင်ဒဏ် ၂ နှစ်အထိ ကျခံရဖွယ်ရှိသည့်အပြင် ငွေဒဏ် ပေါင် ၃ သောင်းအထိလည်း ပေးဆောင်းရနိုင်သည်ဟု သိရသည်။

Twitter အင်တာနက် စာမျက်နှာကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း တိုက်ခိုက်ခံခဲ့ရပြီး လာရောက်အသုံးပြုသူများကို အမေရိကန် ဆန့်ကျင်ရေး အင်တာနက် စာမျက်နှာများသို့ ရောက်ရှိသွားအောင် ဖျက်ဆီးထားခဲ့ဖူးသည်။
http://www.thanlwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။