Home » » ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ချန်ဂီလေဆိပ် ရွေးချယ်ခံရ

ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ချန်ဂီလေဆိပ် ရွေးချယ်ခံရ

Written By နေဇော်လင်း1 on Friday, April 23, 2010 | 9:15:00 PM


စင်္ကာပူ (မတ် ၂၄)
စင်္ကာပူနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သော ချန်ဂီလေဆိပ်ကို ၂၀၁၀ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ရွေးချယ်လိုက်ကြောင်း လေယာဉ်နှင့် လေကြောင်းဆိုင်ရာ သုတေသန အဖွဲ့ကြီးတစ်ခု ဖြစ်သည့် Skytrax မှ ကြေညာလိုက်သည်။

ချန်ဂီလေဆိပ်သည် ယမန်နှစ်ကလည်း ထိုဆုအတွက် တောင်ကိုရီးယားလေဆိပ် အင်ချွန်းနှင့် ဟောင်ကောင်လေဆိပ်တို့နောက်တွင် တတိယနေရာအဖြစ် ရွေးချယ်ခံခဲ့ရဖူးသည်။ ယခုနှစ်တွင် ချန်ဂီလေဆိပ်သည် ထိုလေဆိပ်နှစ်ခုကို ကျော်ကာ ပထမအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ ယခုနှစ်အတွက် Skytrax မှ ဦးစီး၍ ၂၀၀၉ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကမ္ဘာ့လှည့်ခရီးသွား ၉.၈ သန်းထံမှ ကောက်ယူထားသည့် အချက်အလက်များကို အခြေခံကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


Skytrax ၏ ဥက္ကဌဖြစ်သူ Mr Edward Plaisted က “စင်္ကာပူချန်ဂီလေဆိပ်ဟာ ကမ္ဘာ့အကောင်းဆုံး လေဆိပ်တွေထဲက တစ်ခုအနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ရပ်တည်နေခဲ့တာပါ။ ၂၀၁၀ မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ကြားက နံပတ်တစ်နေရာကို တက်လှမ်းလိုက်နိုင်ပြီဖြစ်လို့ ကျွန်တော့်အနေနဲ့ အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုရရှိသော အကောင်းဆုံးဆုသည် ချန်ဂီလေဆိပ်အတွက် ယခုနှစ်အတွင်း တတိယမြောက်ရရှိသော ဆုဖြစ်ပြီး ယမန်လက Wanderlust နှင့် DestinAsian တို့မှ ရွေးချယ်သော ကမ္ဘာတလွှား အကောင်းဆုံးလေဆိပ်ဆုများကို ရရှိခဲ့သေးသည်။ ချန်ဂီလေဆိပ်သည် Wanderlust ဆုကို စုစုပေါင်း ရှစ်ကြိမ်နှင့် DestinAsian ဆုကို ငါးကြိမ် ဆွတ်ခူးထားပြီးဖြစ်သည်။ ချန်ဂီလေဆိပ်သည် စတင်ဖွင့်လှစ်သည့် ၁၉၈၁ ခုနှစ်မှဆိုလျှင် နိုင်ငံတကာဆုပေါင်း ၃၄၀ ခန့် ပေးအပ်ခံထားရပြီးဖြစ်သည်ဟု သိရသည်။
http://www.thanlwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။