Home » » ယာယီနိုင်ငံကူးလက်မှတ် ပြန်ရရန် ဆန္ဒပြသူများ အလုပ်ထုတ်ခံရ

ယာယီနိုင်ငံကူးလက်မှတ် ပြန်ရရန် ဆန္ဒပြသူများ အလုပ်ထုတ်ခံရ

Written By နေဇော်လင်း1 on Tuesday, April 20, 2010 | 2:31:00 PM


p h o t o ; g o o g l e
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်ဆောင် အရပ်ရှိ Thai Fishing Net Industry Co.Ltd စက်ရုံမှ ယာယီ နိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရန် တောင်းဆိုသော အလုပ်သမား (၃၂)ဦး ယမန်နေ့က အလုပ်ထုတ် ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယင်းအလုပ်သမားများသည် ပြီးခဲ့သည့် ဧပြီလ(၁၀) ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့သောကြောင့် အလုပ်ရှင် က ၎င်းသိမ်းယူထားသည့် ယာယီနိုင်ငံကူး လက်မှတ်ပြန်ပေးထားသူများဖြစ်ပြီး ယမန်နေ့က အလုပ်ပြန်ဆင်း ရာတွင် ယခုကဲ့သို့ အလုပ်ထုတ်ခံရခြင်းဖြစ်သည်ဟု အဆိုပါစက်ရုံမှ အလုပ်သမ ဒေါ်တင်ရီ က ဧရာဝတီသို့ ပြောသည်။

“မနေ့က ကျမတို့ အလုပ်ဆင်းဖို့ သွားတော့ အလုပ်သမား (၃၂) ယောက်ကို စက်ရုံထဲ ၀င်ခွင့်မရှိတော့ဘူး၊ အလုပ်ထုတ်ပစ်လိုက်ပြီလို့ လုံခြုံရေးဝန်ထမ်းက ပြောတယ်၊ ကျန်တဲ့အလုပ်သမားတွေကလည်း ပတ်စ်ပို့တောင်း တုန်းက အားလုံးအတူတူ တောင်းကြပြီး အထုတ်ခံရတဲ့အခါ ခေါင်းဆောင်ပြောတဲ့လူတွေပဲ ခံရတာ ဆိုတော့ မကျေနပ်လို့ မနေ့က အများစုက အလုပ်မဆင်းကြတော့ဘူး”ဟု ၎င်းက ဆိုသည်။


အလုပ်ရှင်သူဌေးက Work Permit မပြုလုပ်ရသေး၍ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေး၍ မရကြောင်း၊ ပိုက်ဆံမကြေသေး၍ မထုတ်ပေးနိုင်ကြောင်း၊ ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူ၍ ရကြောင်း ခြိမ်းခြောက် ပြောဆိုသည်ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ တဦးဖြစ်သော ကိုသန်းဇော်မြင့်ကလည်း ပြောဆိုသည်။

“အစကတော့ Work Permit ကိစ္စတို့၊ ငွေမကြေသေးလို့ တို့ နဲ့ လှည့်ပတ်နေတယ်၊ မပေးချင်လို့၊ မနေ့က ကျတော့ ရဲကိုခေါ်ပြီး ကျနော်တို့ကို ခြိမ်းခြောက်တယ်၊ မင်းတို့ ယာယီပတ်စ်ပို့ က ဘာမှ သုံးစားမရဘူး၊ မင်း တို့မှာ Work Permit မရှိလို့ ငါတို့ ဖမ်းလို့ ရတယ်။ လ၀က ကလည်း မင်းတို့ကို ဖမ်းချင်ရင် အချိန်မရွေး ဖမ်းလို့ရတယ်”ဟု စက်ရုံရှေ့ တွင် ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အလုပ်သမားများက ယာယီပတ်စ်ပို့ နှင့် Work Permit ပြုလုပ်ရန် ဘတ်ငွေ ၈၆၀၀ ကို အလုပ်ရှင် သူဌေးထံ သို့ ပေးသွင်းရကြောင်း၊ သင်္ကြန်မတိုင်မီထိ ဘတ်ငွေ ၈၀၀၀ ကိုပေးသွင်းပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယာယီ ပတ်စ်ပို့ ဖိုးကြေပြီဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။

အဖြုတ်ခံရသော အလုပ်သမားများနှင့် နစ်နာမှုများကို အလုပ်သမား ကူညီရေးအဖွဲ့ အစည်းများမှ တဆင့် အလုပ်သမား အခွင့်အရေးကာကွယ်ရေးအဖွဲ့ (ဆ၀ါဒီကန်)သို့တိုင်းတန်းနိုင်ရန် စီစဉ်ထားသည်ဟု အလုပ်ဖြုတ်ခံရသူ ဒေါ်မိကလည်း ပြောသည်။

“ကျမတို့ မှာ အခုကိစ္စတွေနဲ့ ပတ်သက်လို့ တာဝန်ယူဆောင်ရွက်ဖို့  ခေါင်းဆောင် ၅ယောက်ရွေးထားတယ်၊ ဒီတနင်္လာနေ့ ကျရင် သူဌေးကို တိုင်မယ်၊ ကျမတို့ ကို မတရားအလုပ်ဖြုတ်ပစ်တဲ့အတွက် နစ်နာကြေးတွေ တောင်းဖို့ စီစဉ်နေကြတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်ရုံတွင် မြန်မာအလုပ်သမား ၁၅၀ ကျော်ရှိပြီး အလုပ်သမား အားလုံး ယာယီပတ်စ်ပို့  လုပ်ထားကြပြီး ဖြစ်ကြောင်း သိရသည်။

ထိုင်းလှုပ်ရှားမှုကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက“ကျနော် တို့ အလုပ်သမားတွေ ကိုယ့်ရပိုင်ခွင့်ကို ကိုယ်တိုက်ယူတာကို ကြိုဆိုတယ်၊ ကိုယ့်နဲ့ အတူ ရှိရမယ့် ပတ်စ်ပို့ စာအုပ်ကို လုပ်ပြီးကတည်းက ကိုယ်နဲ့ ထားရမှာ၊ အဲဒီကတည်းက တောင်းရမှာ၊ အလုပ်သမားတွေ အနေနဲ့ အခက်အခဲကြုံလာရင် ဘယ်သတင်းဌာနကို ပြောရမလဲ၊ ဘယ်အလုပ်သမားအဖွဲ့ ကို အဆက် အသွယ် လုပ်ရမလဲဆိုတာလည်း သိထားဖို့ လိုတယ်၊ ပိုအရေးကြီးတာကတော့ အလုပ်သမားအခွင့်အရေးကို သိအောင်လုပ်ထားရမယ်” ဟုပြောသည်။

ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်နေကြသော မြန်မာ အလုပ်သမား ၂ သန်းမှ ၄သန်းခန့်ရှိသည်ဟု အလုပ်သမား အရေးဆောင်ရွက်နေကြသော အဖွဲ့ အစည်းများက ခန့် မှန်းကြသည်။
ဘစောတင်
Saturday, April 17, 2010
E-mail Print http://www.irrawaddy.org/
Share this article :

1 comments:

Anonymous said...

ဘာမှလာပြောမနေနဲ့ ။ကိုယ်သဘောနဲ့ ကိုယ်ကျွန်သွားခံတာ
ဘယ်ကောင်မှလာမခံခိုင်းဘူး။ဖြစ်သမျှခံ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။