Home » » မလေးရှားတွင် တစ်လအတွင်း ဒုတိယမြောက် မြန်မာ တစ်ဦး အသတ်ခံရ

မလေးရှားတွင် တစ်လအတွင်း ဒုတိယမြောက် မြန်မာ တစ်ဦး အသတ်ခံရ

Written By နေဇော်လင်း1 on Tuesday, April 20, 2010 | 1:54:00 PM


မလေးရှား UNHCR မှ ထုတ်ပေးထားသည့် ဒုက္ခသည် အဖြစ် အသိအမှတ် အသက် ၄၀ နှစ် အရွယ်ရှိ
မြန်မာ အလုပ်သမား ကိုမြင့်ဆွေ ဆိုသူသည် ဂျလန် တီလောခ် ဘာတူ ရှိ သေတ္တာ တစ်ခုထဲတွင် ယမန်
နေ့ မနက်က သေဆုံးလျှက်တွေ့  ရှိရသည် ဟု ရှမ် အလန် ရဲဌာန မှ တာဝန်ရှိသူ တစ်ဦးက မလေးရှား
သတင်းစာ တစ်စောင်သို့ ပြောသည်။

ကိုမြင့်ဆွေ သည် စနေနေ့ က အခြားတစ်နေရာတွင် အသတ်ခံရပြီး နောက်ရဲကတွေ့ ရှိသောနေရာတွင်
လာရောက် စွန့် ပစ်ခံရခြင်းဖြစ် နိုင်သည် ဟု သတင်းစာက အမှုစစ်ရဲ အရာရှိ ၏ ပြောစကား ကို ကိုးကား
ပြီးဖော်ပြထားသည်။



ကိုမြင့်ဆွေ ၏ ရုပ် အလောင်း ကို တန်ကူ ရာမန် ဆေးရုံ သို့ ပို့ ဆောင်ထားသည်။
သေဆုံးချိန်တွင် ဇနီးနှင့်သားသမီး သုံးဦးကျန်ရှိသည်။

ကိုမြင့်ဆွေ သေဆုံးမှုသည် မလေးရှား နိုင်ငံဉ် တစ်လ အတွင်း ဒုတိယမြောက် မြန်မာ တစ်ဦး သေဆုံးခြင်း
ဖြစ်ပြီး ယခုလ ၅ ရက်နေ့ က အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား ကို မင်းစောဦး ဆို သူသည်
မလေးရှားနိုင်ငံဆီလန်ဂါရှိ ကလန် မြို့ မှ ပိုက်စက်ရုံ တစ်ခု ရှေ့ တွင် လဲကျသေဆုံးနေသည် ကို ရဲက
စစ်ဆေးတွေ့ ရှိခဲ့သေးသည်။
ဆက်စပ်သတင်း(အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား မလေးရှားနိုင်ငံ ဆီလန်ဂေါ တွင် အသတ်ခံရ)
photo; google http://freedomnewsgroup.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။