Home » » အချိန်ကောင်းများကို ကြည့်ရှုနိုင်မည့်ဝက်ဘ်ဆိုက် နှစ်ဆန်းတစ်ရက်နေ့တွင် ပြန်လည်လွှင့်တင်မည်။

အချိန်ကောင်းများကို ကြည့်ရှုနိုင်မည့်ဝက်ဘ်ဆိုက် နှစ်ဆန်းတစ်ရက်နေ့တွင် ပြန်လည်လွှင့်တင်မည်။

Written By မောင်စေတနာ on Saturday, April 10, 2010 | 3:09:00 PM


p h o t o ; g o o g l e
ခွဲစိတ်မွေးဖွားရန် အချိန်ကောင်းများ၊ လုပ်ငန်းသစ်စတင်ရန် အချိန်ကောင်းများကို ယခုလာမည့်နှစ်ဆန်း ၁ ရက်နေ့မှစတင်ကာ ၀က်ဘ်ဆိုက်အသစ် ပြန်လည်လွှင့်တင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံနက္ခတ်ပညာရှင် များအသင်းမှ စုံစမ်းသိရှိရပါသည်။

အဆိုပါ ၀က်ဘ်ဆိုက်အား ပထမဦးဆုံး အကြိမ်အဖြစ် ၂၀၀၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ခြောက်လတာ အခမဲ့သုံးစွဲနိုင်ရန် လွှင့်တင်ထားရှိခဲ့ပြီး ခွဲစိတ်မွေးဖွားရန်အတွက် အချိန်ကောင်းများကို www.bornchildmyanmarmyanmar.com နှင့် စီးပွားရေးလုပ်ငန်းသစ် စတင်ရန် အချိန်ကောင်းများကို www.luckybusinessmyanmar.com ဟူသည့် အမည်များဖြင့် ၀က်ဘ်ဆိုက် လွှင့်တင်ထားရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


''ဒီဝက်ဘ် ဆိုက်နှစ်ခုကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့အထိ ခြောက်လတာလွှင့်တင်ခဲ့ပြီး ဒီနှစ်အတွက်ကိုလည်း ဇန်န၀ါရီလဆန်းပိုင်းကစပြီး ပြန်လွှင့် နိုင်ဖို့စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်မလွှင့်တင်ဖြစ်ခဲ့ဘူး။ ကလေးခွဲစိတ်မွေးဖွားချိန်ကောင်းကို လွှင့်တင်ခဲ့တဲ့အခါမှာ မြန်မာနိုင်ငံမှာ ရှိတဲ့မြို့နယ်ပေါင်း ၅၂၈ မြို့နယ်မှာရှိတဲ့ခွဲစိတ်မွေးဖွားမယ့် မိခင်လောင်းတွေအတွက် ၀က်ဘ်ဆိုက်ထဲမှာပါတဲ့ နက္ခတ်အချိန်တွေနဲ့ညှိပြီး ရင်သွေး မွေးဖွားနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်ကို လွှင့်ခဲ့စဉ်တုန်းကမိခင်လောင်းတွေရဲ့ စိတ်ဝင်စားမှုကို တော်တော်များများခံခဲ့ရတယ်။ လုပ်ငန်းသစ်စတင်နိုင်တဲ့ အချိန်ကောင်းတွေတင်ထားတဲ့ ၀က်ဘ်ဆိုက်မှာတော့ လုပ်ငန်းသစ်စတင်လုပ် ကိုင်သင့်တဲ့ အချိန်ကောင်းတွေနဲ့ လုပ်ငန်းဆိုင်းဘုတ်တင်နိုင်တဲ့ အချိန်ကောင်းတွေကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြမယ့်သူတွေ အကျိုးရှိရှိ အသုံးပြုနိုင်အောင် နက္ခတ်အချိန်ကောင်းတွေ ဖော်ပြပေးထားပါတယ်'' ဟု မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ဦးဇေယျာကိုက ပြောပါသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။