Home » » မြန်မာအပါအ၀င် စင်ကာပူသို့ ရွှေ့ပြောင်း ရောက်ရှိနေသူများအား သတ်မှတ်အရည်အချင်း ပြည့်မီလျင် SPass နှင့် PR ဆက်လက်ပေးသွားမည်ဟု သိရ

မြန်မာအပါအ၀င် စင်ကာပူသို့ ရွှေ့ပြောင်း ရောက်ရှိနေသူများအား သတ်မှတ်အရည်အချင်း ပြည့်မီလျင် SPass နှင့် PR ဆက်လက်ပေးသွားမည်ဟု သိရ

Written By မောင်စေတနာ on Saturday, April 10, 2010 | 3:01:00 PM


မြန်မာနိုင်ငံသားများ အပါအ၀င် အခြားနိုင်ငံရပ်ခြားအသီးသီးမှ စင်ကာပူသို့ ရွှေ့ပြောင်းအခြေချကာ ရောက်ရှိလုပ်ကိုင်နေကြသူများအား ဧပြီလဆန်းပိုင်းမှ စတင်ကာ လူဝင်မှု ကြီးကြပ်ရေးက ချမှတ်ထားသည့် သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီလျင် SPass ၊ PR ဆက်လက် ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူ ၀ါရင့်ဝန်ကြီး Mr.Goh Chok Tong က စင်ကာပူသတင်း မီဒီယာ ၀က်ဘ်ဆိုက်တစ်ခုတွင် ဧပြီလဆန်းပိုင်းက ပြောကြားသွားခဲ့သည်။

စင်ကာပူနိုင်ငံအနေဖြင့် စီးပွားရေးအကျပ်အတည်း တစ်နှစ်ကျော် လွန်အပြီးတွင် ပြန်လည်ထူထောင် ရေးကာလအပိုင်းမှ စတင်ကာ စီးပွားရေး၊ အလုပ်အကိုင်နေရာများ တွင် ကျွမ်းကျင်လုပ်သား၊ အထွေထွေလုပ်သား လိုအပ်ချက်များရှိလာခြင်းကြောင့် စင်ကာပူတွင်ကျောင်းတက်ပြီးသူများမှာ ယင်းနိုင်ငံတွင်ပင် ပြန်လည်၍ အလုပ်လုပ်ကိုင်လို သူများ ရှိလာခဲ့ကြသည်။


ယခုအခါ စင်ကာပူနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသူများထဲတွင် အချို့မှာကျောင်းသားဗီဇာဖြင့် သွားရောက်ကာ အမှန်တကယ် ကျောင်းတက်ရောက်နေသူ များ၊ အချို့မှာ အလုပ်အကိုင်ဦးတည်ချက်ဖြင့် ရောက်ရှိနေကြသူများရှိကြကာ စင်ကာပူလူဝင်မှုကြီးကြပ်ရေးတွင် နေထိုင်ခွင့်အသီးသီးဖြင့် အလုပ်လုပ်ကိုင်လိုသူများ မြန်မာအပါအ၀င် လျောက်ထားသူပေါင်း နေ့စဉ်သောင်း ချီရှိကြသည်ဟု သိရှိရသည်။

သို့ရာတွင် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ရိုက်ခတ်မှုကြောင့် စင်ကာပူတွင် ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှ စတင်ကာ ကျောင်းတက်ရောက်ပြီး သူများမှာလည်း ယခင်ကကဲ့သို့ အလုပ်အကိုင်ရရှိမှု မလွယ်ကူတော့ဘဲ အချို့မှာ နေရပ်သို့ပြန်လာရမှုများ ရှိခဲ့ကြသည်။



ထို့ပြင် စင်ကာပူနိုင်ငံတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကာလမှပင် ရောက်ရှိနေကြသူများသည်လည်း နေထိုင်ခွင့်အသိအမှတ်ပြု ပြန်လည် လျောက်ထားရာတွင် အခက်အခဲများ နှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
အခုအချိန်မှာ စင်ကာပူကိုသွားကြတဲ့ မြန်မာတွေထဲက နေထိုင်ခွင့်တွေ ကျပ်နေကြသလို ရောက်နှင့်နေပြီးသား တွေမှာလည်း ပီအာ သက်တမ်းတိုးတာ၊ အသစ် လျောက်တာတွေမှာ အတော်ခက်ခဲ ကြတာတွေဟာ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေက နိုင်ငံခြားသားရွေး ခန့်တာတွေရယ်


အများစုမှာ စင်ကာပူတွင် S pass ရလို၍ လျောက်ထားရာ၌ ပယ်ချခံရခြင်း၊ ပီအာနေထိုင်ခွင့် လျောက်ထားသူများအနေဖြင့် အကြိမ်ကြိမ် လျောက်ထားသော်လည်း ငြင်းပယ်ခံ ရခြင်းများ၂၀၀၉ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ အရည်အချင်းပေါ်ကြည့် ၍ အကန့်အသတ်များဖြင့် ပေးလာခဲ့ကြောင်း စင်ကာပူကျောင်းများသို့ တက်ရောက်ပြီး နိုင်ငံသို့ ပြန်လည် ရောက်ရှိနေကြသူများက ပြန်လည် ပြောပြခဲ့ပါသည်။

ယင်းကဲ့သို့ စင်ကာပူတွင်ရွှေ့ပြောင်းအခြေချ လုပ်ကိုင်လိုသူများ ကြုံတွေ့နေကြရသည့် နေထိုင်ခွင့် ရရှိရေးကန့်သတ်မည် ဆိုသည့်သတင်း များစွာထွက်ပေါ်လာခဲ့ခြင်းကို စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအနေဖြင့် သတ်မှတ်အရည်အချင်း ပြည့်မီမှုရှိသူတိုင်းအား ကြိုဆိုပါကြောင်း စင်ကာပူ ၀ါရင့်ဝန်ကြီး Mr.Goh Chok Tong ကပြောကြားသွားခဲ့ပါသည်။


''အခု အသစ်ရောက်ရှိလာကြမယ့် နိုင်ငံရပ်ခြားက ရွှေ့ပြောင်းအခြေချလာရောက်မယ့် သူတွေဟာ စင်ကာပူနိုင်ငံသားတွေရဲ့ အရည်အသွေးတန်ဖိုးတွေကို ဒဏ်ခံကာကွယ်သွားရမှာဖြစ်သလို စင်ကာပူလူ့အဖွဲ့အစည်းတွင်းမှာလည်း တက်ကြွစွာ ပါဝင်လုပ်ကိုင်သွားကြဖို့ပါ''ဟု စင်ကာပူဝါရင့်ဝန်ကြီး Mr. Goh Chok Tong က ပြောကြားခဲ့သည်။


ထို့ပြင် မြန်မာနိုင်ငံရှိ စင်ကာပူနိုင်ငံရေးနှင့် ပညာရေးရာနှံ့စပ်ကျွမ်းကျင်သူတစ်ဦးက''အခုအချိန်မှာ စင်ကာပူကိုသွားကြတဲ့ မြန်မာတွေထဲက နေထိုင်ခွင့်တွေ ကျပ်နေကြသလို ရောက်နှင့်နေပြီးသား တွေမှာလည်း ပီအာ သက်တမ်းတိုးတာ၊ အသစ် လျောက်တာတွေမှာ အတော်ခက်ခဲ ကြတာတွေဟာ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေက နိုင်ငံခြားသားရွေး ခန့်တာတွေရယ်၊ ပြီးတော့ MOM ကလည်း နေထိုင်ခွင့်ကို ကိုတာစနစ် နဲ့ပေးတာတွေကြောင့် စင်ကာပူနိုင်ငံသားတွေဟာ ဝေဖန်ချက်တွေ ထုတ်ခဲ့ကြတယ်။ ဒါကြောင့် PR၊ S pass တွေရဖို့ ခက်ခဲလာတာတွေဖြစ်လာခဲ့ရတာပါ။ စီးပွားရေးနာလန်ပြန်ထူလာခဲ့ရင် အလုပ်အကိုင်နေရာတွေမှာ local နဲ့ နိုင်ငံခြားသားဦးရေဟာ မျှတလာလိမ့်မယ်လို့ ထင်ပါတယ်'' ဟု သုံးသပ်ခဲ့သည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။