Home » » ပစ်သတ်ခံရသော မြန်မာများအတွက် စုံစမ်းပေးရန် HRW တောင်းဆို

ပစ်သတ်ခံရသော မြန်မာများအတွက် စုံစမ်းပေးရန် HRW တောင်းဆို

Written By မောင်စေတနာ on Wednesday, March 10, 2010 | 10:24:00 PM



ဖေဖော်ဝါရီ ၂၅ ရက်က ထိုင်းစစ်သားများပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ကလေး ၃ ဦးကို တင်ဆောင်လာသော
ကားကိုတွေ့ရစဉ် (ဓာတ်ပုံ - HRW)

Tuesday, 09 March 2010 18:55 သန်းထိုက်ဦး
E-mail Print
ထိုင်းစစ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မြန်မာပြည်သား ကလေး ၃ ဦး အမှုနှင့် ပတ်သက်ပြီး ထိုင်းအစိုးရကို ချက်ချင်း စုံစမ်း စစ်ဆေးပေးရန် အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch - HRW)က တောင်းဆို လိုက်သည်။

ယင်း အသက်မပြည့်သေးသော ကလေးငယ် ၃ ဦး သေဆုံးသွားသည့် အတွက် ထိုင်းအစိုးရအား စုံစမ်း စစ်ဆေးပေးရန် HRW အဖွဲ့က လွန်ခဲ့သည့် အပတ် သောကြာနေ့က ထုတ်ပြန်ထားသည်။

“ဒီကားကို စစ်တပ်က ဘယ်လို ပစ်ခတ်သလဲ၊ ဘာကြောင့် ပစ်ရသလဲ ဆိုတာတွေကို အစိုးရက ချက်ချင်း စုံစမ်းစစ်ဆေးဖို့ လိုပါ တယ်” ဟု Human Rights Watch အဖွဲ့၏ အာရှတိုက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ်က ပြောသည်။


“ဘယ်သူတွေ ဒဏ်ရ ရသွားမယ်၊ သေဆုံးသွားမယ် ဆိုတာကို ထည့်မတွက်ဘဲနဲ့ ကားကိုပစ်ခတ်တယ် ဆိုတာဟာ လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ ပစ်ခတ်မှုမှာ တာဝန်ရှိသူတွေဟာ ဖြစ်ခဲ့တာတွေ အတွက် တာဝန်ခံရမှာပါ”ဟု သူက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တရားမ၀င် မြန်မာပြည်သား ၁၃ ဦးကို တင်ဆောင်လာသော ကားကို ထိုင်းနိုင်ငံ တောင်ပိုင်း
ရနောင်းမြို့ အ၀င် စစ်ဆေးရေး ဂိတ်တခုသို့ အရောက်၌ ထိုင်းလုံခြုံရေး တပ်များက စစ်ဆေးရန် တားဆီး သည်ကို ကားသမားက မရပ်ပေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဖြစ်တဲ့အချိန်က မနက် ၅ နာရီလောက်မှာ။ ဆိပ်ခံ တံတားနားမှာ စစ်သားတွေက ကားကို စစ်ဆေးဖို့ ရပ်ခိုင်းတာကို ကားသမားက သတိမပြုမိဘူး။ အဲဒါနဲ့ စစ်သားတွေက သေနတ်တွေနဲ့ ပစ်တယ်။ အသက် လေး၊ ငါး နှစ်အရွယ် ကလေး ယောက်ျားလေးတ ယောက်၊ ခြောက်နှစ်၊ ခုနစ်နှစ် အရွယ် မိန်းကလေးတယောက် နဲ့ ၁၆ နှစ်အရွယ် ယောက်ျားလေး တယောက်သေသွားတယ်။ ကား ထဲပါ လာတဲ့ ၅ ယောက်လည်း ဒဏ်ရာတွေ ရသွားတယ်”ဟု HRW အဖွဲ့ ကဆိုသည်။

ယင်း ထိုင်းလုံခြုံရေးတပ်များ ပစ်ခတ်မှုကြောင့် ကလေး ၃ ဦး သေဆုံးသွားပြီး ဒဏ်ရာ ရရှိခဲ့သူ ၅ ဦးကိုလည်း ရနောင်း ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရကြောင်းလည်း သိရသည်။

ပါနန်း ရဲစခန်းမှ တာဝန်ကျ ရဲတဦးက“အဖမ်းခံရတဲ့ လူတွေကတော့ စခန်းမှာ ရှိနေပါတယ်၊ ဒဏ်ရာရတဲ့ လူနာတွေလည်း ဆေးရုံ မှာပဲ၊ အမှုကတော့ တရား ဥပဒေအရ ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူနှင့် ဖမ်းဆီးခံရသော မြန်မာပြည်သား အများစုသည် မွန်ပြည်နယ်နှင့် တခြားမြို့မှ ဒေသခံများဖြစ်ကြပြီး ကော့သောင်း မြို့မှ တဆင့် ရနောင်းမြို့သို့ လာရောက် အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။

HRW ၏ ထုတ်ပြန်ချက်တွင် ဘရက်ဒ် အဒမ်စ်က“ရွှေ့ပြောင်း အလုပ်သမားတွေရဲ့လုပ်အားက ထိုင်းနိုင်ငံရဲ့ စီးပွာရေးကို အများ ကြီး အထောက်အကူပြုတယ်။ ဒါပေမယ့် အခွင့်အရေး ချိုးဖောက်မှုနဲ့ ခေါင်းပုံဖြတ်မှုတွေမှာ အလုပ်သမားတွေက ကာကွယ်မှုနည်း နည်းပဲရတယ်၊ အခုလိုမျိုး အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရတဲ့ အချိန်မှာ ထိုင်းအစိုးရ အနေနဲ့ တရားမျှတမှု ရှိတယ် ဆိုတာကို အလုပ်သမားတွေ ကိုပြရမယ့် အချိန်ဖြစ်တယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်းကလည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ ပြည်သား ၉ ဦးကို ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။ ၎င်း တို့ကို ငွေကြေးတောင်းခံစဉ် ထွက်ပြေးသည့် အတွက် လိုက်လံဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီမှကူးယူတင်ပြပါသည် ....
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။