သတင်း
မလေးရှား (18.6.2014)
လူပိုတင်ဆောင်လာသော ကား အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ရာမှ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးကြောင်း ယနေ့ မလေရှားထုတ်သတင်းများတွင် တင်ဆက်သွားခဲသည်။
အရှေ့ကမ်းရိုးတမ်း အဝေးပြေးလမ်းမကြီး၏ ကီလိုမီတာ ၁၃၄ မိုင်တိုင် အနီး တွင် တိမ်းမှောက်ခဲ့သော အဆိုပါ ကားမတော်တဆမှုတွင် သေဆုံး သူ ၄ ဦး ရှိပြီး တစ်ဦးသာ ခရီးသွား အထောက်အထား ပါဝင်ကြောင် နှင့် ထိုအထောက်အထားမှ မြန်မာနိုင်ငံသားဖြစ်ကြောင်း သိရသည် ။
ကွမ်တမ်း မော်တော်ယာဉ် ထိန်းချုပ်ရေး ရဲဌာမှ လက်ထောက်အရာရှိ Supt Zainalabidin Othman ပြောကြားချက်အရ သေဆုံးသူအားလုံး မြန်မာနိုင်ငံသားများ ဖြစ်နိုင်ကြောင်း ၊ တစ်ဦးသာ စာရွက်စာတမ်းပါပြီး အခြား ၃ ဦးမှာ မည်သူမည်ဝါမသိရကြောင်း ၊ သို့သော် နိုင်ငံခြား သားများဖြစ်သောကြောင့် မြန်မာနိုင်ငံသားများသာ ဖြစ်နိုင်ကြောင်း ။
မ်
က်မြင်များ၏ ပြောကြားချက်အရ အဆိုပါယာဉ်မှာ အရှိမ်မထိန်းနိုင်ပဲ လမ်းပြောင်းပြန်ဝင်ရောင်ပြီး တစ်ဘက်မှကားကို တိုက်မိခြင်းဖြစ်ကြောင်းကို ယနေ့ သတင်းစာများတွင် ဖော်ပြသွားခဲ့သည် ။
သေဆုံးသူ ၄ ဦးလုံးအား ညပ်မိနေသော ကားအတွင်မှ ထုတ်ယူပြီး နီးစပ်ရာ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း နှင့် ယာဉ်မောင်းမှာ Tanah Merah, Kelantan နေ အသက် ၃၀ ရှိ Che Mohd Azuwan Che Hashim ဖြစ်ပြီး အဆိုပါကားသည် ကွာလာလမ်ပူ (သို့) ကလန်တမ်းသို့ ဦးတည်မောင်းနှင်နေသော ယာဉ်ဖြစ်ကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသော ဒိရိုင်ဘာအားလည်း ဆေးရုံသို့တင်ပို့ထားရကြောင်း ကို Thestar သတင်းဌာနက ဖော်ပြသွားခဲ့သည် ။
အဆိုပါ ဒဏ်ရာ ရရှိသူများ နှင် သေဆုံးသူများ၏ ရုပ်အလောင်းများကို Sultan Ahmad Shah Hospital (Temerloh) . သို့ပို့ဆောင်ထားကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်ကို မလေးရှားရောက်မြန်မာများ သိရှိစေရန် မလေးရှားရောက် မြန်မာများ facebook စာမျက်နှာမှ ဘာသာပြန်တင်ဆက်ပေးသည် ။
Ref : Thestar , Malaysia Kini , News Straight time.
Photo : သေဆုံးသူများ အသုံးပြုခဲ့သည့် ယာဉ်
Ref : ဘာသာပြန် : မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာ
Ref : www.facebook.com/mmrinmy
0 comments:
Post a Comment