ကေအယ် မြန်မာဆိုင်တန်း 1+3D ရှေ့မှာ ဒါဝမ်ကီး ရဲစခန်းမှ အရပ်ဝတ်ရဲတွေဟာ ဗန်ကား WKM - 7468 နံပတ်နဲ့ ကားထိုးထားပြီး မြန်မာဆိုင်တန်းရှေ့နှင့် ကားရပ်ထားသော နေရာတစ်ဝိုက်မှ ခရီးသွားသူများကို ရဲကဒ်ပြပြီး စစ်ဆေးနေပါတယ်။ လူတိုင်းကိုတော့ မစစ်ပါဘူး ...
သူတို့စစ်ချင်တဲ့ လူတွေကို ပတ်စပို့ နှင့် အထောက် အထားများကို စစ်ဆေးပါတယ်။ ကဒ်ပြစရာ တစ်ခုခု ပြရင် လွတ်ပါတယ်။ အထောက်အထား ဘာမှမရှိရင်တော့ ကားပေါ် ခေါ်တင်သွားတာတွေ ရှိပါတယ်။
အခု ဘာမှမရှိတဲ့သူ ၁၀ ယောက်
လောက်ကို ကားပေါ်ခေါ်တင်ပြီး ခေါ်သွားလိုက်ပါပြီ ...
အရပ်ဝတ်နဲ့ ရဲတွေအဖမ်းခံရရင် မလေးငွေ ၅၀၀ ကနေ ၃၀၀ အထိ
တောင်းတတ်ပါတယ်။ အဖမ်းခံရသူ မိသားစု သူငယ်ချင်းတွေမှ
ဒါဝမ်ကီး ရဲစခန်းမှာ သွားထုပ်ရပါတယ်။
ဒီလို ငွေပေးပြီး ထုပ်တဲ့ အချိန်မှာ တစ်ချို့ရဲတွေနဲ့ စကားပြောဆို
အဆင်ပြေမယ့် တစ်ချို့ရဲတွေက မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံတာကို
ခံရပါတယ်။
အဖမ်းခံရသူ မိန်းကလေးဆို ပိုဆိုးပါတယ်။ မခံနိုင်တဲ့
စကားတွေနဲ့ ပြောဆိုတာကို ခံရပါတယ်။
ကေအယ်မှာ စနေ့နေ့ ၊ တနင်္ဂနွေနေ့တွေဆို လူစည်ကားတဲ့အတွက်
ရဲများ နှင့် လုယက်သူများ ၊ ခါးပိုက်နှိုက် သူများ ၊ လမ်းသွားရင်
ဖုန်းတွေကိုပြပြီးဖုန်းရောင်းသူများ နေရာ တော်တော်များများမှာ
ရှိပါတယ်။
ကေအယ်တွင် ညပိုင်းအချိန် အပြင် သွားလာခြင်းများကို
ရှောင်ကြပါ။ ညပိုင်းအချိန်ဆို ပိုက်ဆံတောင်းတဲ့ ရဲတွေများပါတယ်။
မလေးရှားမှာ အထောက် အထား မရှိရင် လူစည်ကားတဲ့ နေရာ
ရဲတွေများတဲ့ နေရာတွေကို ရှောင်ပြီး သွားလာကြပါ။
ရဲဖမ်းခံရရင် ငွေနဲ့ရှင်းလို့ ရပေမယ့် တစ်ချို့ဆို ငွေနဲ့ ရှင်းလို့ မရပဲ ထောင်ထဲ
ထည့်ထားတာတွေ ရှိပါတယ်။ မိမိတို့ ရှာဖွေထားတဲ့ ပိုက်ဆံတွေဟာ
အချိန်ခဏလေး အတွင်းမှာ ကုန်သွားနိုင်ပါတယ်။
ဒါကြောင့် အထောက်အထား မရှိသူများ
သတိထားနိုင်ရန် အတွက် အသိပေးလိုက်ပါသည်။
မလေးရှားရောက် ရွှေမြန်မာများ အားလုံး ဘေးရန်ကင်းဝေးပြီး
အလုပ်အကိုင်များ အဆင်ပြေကြပါစေ။
နေဇော်လင်း
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin15





.jpg?width=750)

0 comments:
Post a Comment