

မလေးရှားလေကြောင်း (MAS)မှခရီးဆောင်အိတ်၂အိတ်သာ
သယ်ခွင့်ပြုတော့မည် အထူးသတင်း မလေးရှား
မလေးရှားလေကြောင်းလိုင်း (MAS) မှ မနက်ဖြန် ၂၈.၅.၂၀၁၄ မှစတင်ကာ ခရီးဆောင်အိတ်
သယ်ယူခွင့် စည်းမျဉ်များကို ပြောင်းလဲသတ်မှတ်ကြောင်း ယနေ့မလေးရှားနိုင်ငံတစ်ဝှမ်းရှိ
သတင်းဌာနများမှ တဆင့် ကြော်ငြာသွားခဲ့သည် ။
အဆိုပါစည်ကမ်းသစ်အရ မည်သည့် CLASS တွင်စီးမည့်ခရီးသည်မဆို ယခင် ခရီးဆောင်အိတ် မည်မျှ သယ်သယ်
(ရရှိသော သတ်မှတ်ကီလိုအတွင်း အိတ်မည်မျှများစေ) ရခဲ့သော်လည်း ၂၈.၅.၂၀၁၄ မှ စတင်ကာ ခရီးဆောင်အိတ် ၂
လုံးသာ သယ်ယူခွင့် ရတောမည်ဖြစ်ကြောင်းသိရသည် ။
ခရီးသည် များအနေဖြင့်
ECONOMY CLASS အတွက် ၃၀ ကီလို
BUSINES CLASS အတွက် ၄၀ ကီလို
FIRST CLASS အတွက် ၅၀ ကီလို
အတိုင်း ယခင်လို ကီလို အပြည့်သယ်ခွင့်ရှိသည်
သို့သော် ယခင် ကဲ့သို့ အိတ် ၃-၄ အိတ် ခွဲသယ်ခွင့်မရတော့ပဲ ကီလို ၃၀ ကို အများဆုံး ၂
အိတ်သာခွဲပြီး သယ်ဆောင်နိုင်တော့မည်ဖြစ်သည် ။
မလေးရှား မှ ရန်ကုန်သို့ ပြန်မည့် ခရီးသည်များအားလုံးသည်လည်း ၂ အိတ်သာ သယ်ဆောင်ခွင့်ရကြတော့မည်ဖြစ်သည် ။
ထပ်မံပြီး သတ်မှတ်ကီလိုထက် ပိုလာမည့် ခရီးသည်များအတွက် ၅ ကီလို ပိုလျှင် ယခင် ၆၀ ရင်းဂစ်မှ ယခု ၇၀ ရင်းဂစ်သို့
၁၀ ရင်းဂစ် ပိုမိုပေးဆောင်ရမည်ဖြစ်သည် ။
ထို ဈေးသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံး တူတူပင်ဖြစ်သည် ။
အသက် ၂ နှစ်အောက်ခလေး လက်မှတ်အတွက်မူ ၁၀ ကီလို သယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည် ။
ဆက်လက်ပြီး HAND-CARRY အနေဖြင့် ယခင်အတိုင်း ၇ ကီင်္လိုကို လက်ပ်တော့ပ် ၊ ပိုက်ဆံအိတ်သေး ၊ လက်ဆွဲ(သို့)
ဘေးလွယ် (သို့) ကျော်ပိုးအိတ် စသဖြင့် အဆင်ပြေသလို သယ်ယူနိုင်သေကြောင်းသိရပါသည် ။
ထို့ကြောင့် မလေးရှားရောက် မြန်မာများ အားလုံး နှင့် မြန်မာပြည်မှ မလေးရှားသို့ လာရောက်မည့် မြန်မာများ အားလုံး ၊
အလုပ်အကိုင် အေဂျင်စီများအားလုံး နှင့် ခရီးသွားလုပ်ငန်းများအားလုံး ယနေ့ သိရမည်မှာ မလေးရှား အဲလိုင်း (MAS) စီးမည်ဆိုပါက
၁. ခရီးသည်တစ်ဦးလျှင် LUGGAGE(ခရီးဆောင်အိတ်) ၂ လုံးသာခွင့်ပြုခြင်း
၂. ကီလိုပို ၅ ကီလိုလျှင် ယခင် ၆၀ မှ ယခု ၇၀ ရင်းဂစ်သို့ တိုးခြင်း
တို့ကို သတိထား စီးနင်းကြရမည်ဖြစ်ကြောင်း.. ရွှေလူငယ် ခရီးသွားကုမ္မဏီ အနေဖြင့်
သတင်းထုတ်ပြန်ကြော်ငြာပေးပါသည် ။
မလေးရှားရောက်မြန်မာများ မိမိသူငယ်ချင်းများ သိရှိစေရန် ဆက်လက်မျှဝေ
(share) ပေးပါရန် မေတ္တာရပ်ခံသည် ။
မရှင်းလင်းသည်များ မေးလိုပါက
ရွှေလူငယ် ခရီးသွားဝန်ဆောင်မှုကုမ္မဏီ (မလေးရှား)
----------------------------------------------------------
အခန်း-၂ ၊ မြန်မာမီနီရှော့ပင်းစင်တာ
မောရှမ်းစားသောက်ဆိုင် အပေါ်ထပ် (သို့)
ရွှေတောင်နံပတ်ဝမ်း စားသောက်ဆိုင် အောက်ထပ်
ဂျလန်းလီပို့ပူဒူး ၊ ကွာလာလမ်ပူ ။
Hot Line - 0124468842 , 0164468842
Line/Fax - 0320222265 -10am-6pm Only
Ref; မလေးရှားရောက် ရွှေမြန်မာများ
နေဇော်လင်း
Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin15
0 comments:
Post a Comment