Home » , » မလေးရှားတွင် မြန်မာများနေသော တိုက်ခန်းသို့ ရဲများဝင်ရှာရာမှ အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

မလေးရှားတွင် မြန်မာများနေသော တိုက်ခန်းသို့ ရဲများဝင်ရှာရာမှ အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

Written By မောင်စေတနာ on Wednesday, May 28, 2014 | 5:50:00 PM

 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပ်ပုန်းမြို့နယ်ရှိ မြန်မာများ နေထိုင်သော တိုက်ခန်းများတွင် တရားမ၀င်နေထိုင်သူများကိုမလေးရှားရဲတပ်ဖွဲ့များ ၀င်ရောက်ဖမ်းဆီးရာ ရခိုင်အမျိုးသား တစ်ဦး သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သတင်းရရှိသည်။ 

မေလ ၂၅ ရက် ညတွင် မလေးရှားရဲ ၁၅ ဦးခန့်က ရခိုင် အမျိုးသား ကိုအောင်စိုးလင်း၏ တိုက်ခန်းသို့ လာရောက်ပြီး တရားဝင်နေထိုင်ခြင်းရှိ၊ မရှိလာ ရောက်စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးရာတွင် ကိုအောင်စိုးလင်းမှာ ကြောက်လန့်၍ ၎င်း၏ တိုက်ခန်းရှိ ရေပိုက်လုံးမှတစ်ဆင့်အောက်သို့ ဆင်းရာ ရေပိုက်လုံး ပြုတ်ကျကာ ဒဏ်ရာများရရှိ၍ ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်းမေလ ၂၆ရက်တွင် ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။ 

ကိုအောင်စိုးလင်းသည် ကပ်ပုန်းမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် လုပ်ကိုင်နေသူဖြစ် ပြီးတရားမ၀င် နေထိုင်ခြင်းကြောင့် ဖမ်းဆီးခံရမည်ကို ကြောက်လန့်၍ ထွက်ပြေးခုန်ချခြင်းဖြစ်ကြောင်း ကပ်ပုန်းမြို့တွင် နေထိုင်သော ကိုအောင်ကျော်စိုးက ပြောသည်။ ‘‘သူကတရားမ၀င်နေထိုင် တာ။ လာဖမ်းတာကို ကြောက်ပြီး ထွက်ပြေးတာ။ ရေပိုက်လုံးကနေ ပြုတ်ကျပြီး ဖြစ်သွားတာ။ ဆေးရုံ ရောက်မှ ဆုံးသွားတာပါ’’ ဟု ကိုအောင်ကျော်စိုးက ပြောသည်။ 

မလေးရှားနိုင်ငံရှိ ရဲတပ်ဖွဲ့ ၀င်များသည် ၎င်းတို့နိုင်ငံတွင် လာရောက်နေထိုင်သော မြန်မာ နိုင်ငံသားများအား တရားဝင်နေ ထိုင်ခြင်းရှိ၊ မရှိ ဖမ်းဆီးစစ်ဆေး ခြင်းများ ပြုလုပ်နေပြီး တရားမ၀င် ဖြစ်ပါက ဖမ်းဆီးအရေးယူဒဏ် ငွေရိုက်ခြင်းများ ပြုလုပ်ကာ တရားဝင်ဖြစ်ပါက ငွေတောင်းခံခြင်း များပြုလုပ်နေကြောင်း မလေးရှားရောက် မြန်မာများက ပြောသည်။ ထိုသို့ပြုလုပ်နေသော်လည်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအနေဖြင့် အကာအကွယ်ပေးမှု တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်း မရှိကြောင်းမလေးရှားရောက် မြန်မာများကပြောသည်။ 

‘‘မလေးရဲတွေက ပတ်စ်ပို့ရှိ လည်း အကြောင်းအမျိုးမျိုးရှာပြီး ငွေတောင်းတာပဲ။ အမှန်က မြန်မာသံရုံးက တာဝန်ယူဖြေရှင်းပေးရမှာ စာအုပ်ရှိလည်း ဖမ်း၊ မရှိလည်းဖမ်း ဘာမှ မထူးဘူး။ မြန်မာ အစိုးရက အလုပ်သမားတွေကို ကာကွယ်ပေးဖို့ မလုပ်မချင်း မလေးက မြန်မာတွေခံနေရမှာပဲ’’ဟု ကွာလာလမ်ပူမြို့တွင် နေထိုင်သော ကိုမျိုးညွန့်က ပြောသည်။ 

Author: ငြိမ်းချမ်း 
7DAY DAILY 

 နေဇော်လင်း 

Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin15
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။