Home » , » ဆွံအနားမကြားသူ ထောင်ဒဏ် ၃၅ နှစ် စီရင်ခံရ

ဆွံအနားမကြားသူ ထောင်ဒဏ် ၃၅ နှစ် စီရင်ခံရ

Written By မောင်စေတနာ on Tuesday, January 7, 2014 | 12:21:00 PM

ကွာလာလမ်ပူလ်။ ။ ဆွံအနားမကြားသူ တစ်ဦးသည် ဘဏ်အရာရှိ အား မုဒီမ်းကျင့် ပြီးလုယက် သဖြင့် ထောင်ဒဏ် ၃၅ ကျခံရန် တရားရုံး၌ စိရင်ချက်ချလိုက်ပါသည်။ တရားသူကြီး Emilia Kaswati Mohamad Khalid က ပြစ်မူထင်ရှားသော တစ်ရားခံ Mohamad Azhan Johan ၂၈နှစ် အား ထောင်ဒဏ်နှင့် ကြီမ်ဒဏ် ခြောက်ချက် ကျခံစေရန် စီရင်လိုက်ပါသည်။ 

ရုတ်တရက် စိတ်ဖောက်ပြန်သော Azhan အား တနင်္လာနေ့တွင် စိရင်သော အမှုသုံးခုမှာ၊ မုဒီမ်းမူ၊ အနိုင်ထက်စီးနှင်းပြီး ဓမ္မတာ ဆန့်ကျင်ကာ လိင်ဆက်ဆံမူ့ ၊ ထို့နောက် ရင်းဂစ် ၁၀၀ အားလုယက်မှု တို့ဖြစ်သည်။ 

 အဓ္ဓမူ ကျူးလွန်သောကြောင့် ၁၅ နှစ်၊ ဓမ္မတာ ဆန့်ကျင်သော လိင်ဆက်ဆံသောကြောင့် ၁၃ နှစ် နှင့် ၇ နှစ်မှာ လုယက်မူတို့ကြောင့်ဖြစ်သည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ နံနက် ၇ နာ နှင်ပ ၇း၁၅ မိနစ်အတွင်း Menara UAB, Jalan Tun Perak ရှိ ဓါတ်လှေကား ၁၄ လွှာအရောက် တွင်တရားခံက ကအဆိုပါ အမျိုးသမီးအား အိမ်သာအတွင်း အနိုင်ထက်စိးနှင်း ဒရွတ်တိုက်ခေါ်ဆောင်ပြီး သော့ခတ် ကျူးလွန်ခြင်းဖြစ်ပါသည်။ 

ထို့နောက် မုဒီန်းမူ့ မကျူးလွန်ခင်နှင့် ကျူးလွန်းပြီးအတွင် ဓမ္မတာဆန့်ကျင်ကာ လိင်ဆက်ဆံပြီး ထို့နောက် ရင်းဂစ်ငွေ ၁၀၀ ကျပ်အား အမျိုးသမီး ၏ပိုက်ဆံအိတ်မှနိုက်ယူကာ ထွက်ပြေးတီမ်းရှောင်သွားသည်ဟု ဆိုပါသည်။ ကျူးလွန်ခံရသူ အမျိုးသမီး ၃၈ နှစ်မှာ တရားရုံးတွင်လိုက်ပါလာပြီး စိရင်ချက်ကိုပါ ကြားနာပါသည်။ သူမ၏ ပြောကြားချက်အရ အခင်းဖြစ်ပွားအဆောက်အအုံအတွင်း ရှိနေသူ အားလုံးကထိုအခင်းကိုသိရှိသဖြင့် လွန်စွာအရှက်ရကာ မိမိကိုယ် မိမိ အဆုံးစီရင် လိုစိတ်ဖြစ်ရကြောင်း ပြောပါသည်။ 

 "ကျမ အပြင်ကိုထွက်လို့မဖြစ်ပါဘူး ဒီကိစ္စကြောင့် စိတ်ပိုင်းဆိုင်ရာ ကော ကျန်းမာရေးပိုင်းဆိုင်ရာပါ ထိခိုက်ရပါတယ်" ငိုယိုကာပြောပြသည်။ "ကျမအိပ်လို့မပျော်ပါဘူး တစ်ယောက်တည်းနေတဲအချိန်ဆိုယင် သူကျမကို မတရားလုပ်တာပြန်မြင်ယောင်ရလို့ အိပ်ဆေးတောင် ဆောင်ထား ရပါတယ်" ဟုဆိုပြီး အလုပ်မှ ကျန်းမာရေး ခွင့်သုံးလ ယူရကြောင်းထပ်မံဖြည့်စွတ်ပြောကြားပါသည်။ 

အမူကိုတရားရုံး၏ ကိုယ်ဟန်လက်ဟန်ဘာသာပြန်သူ Tan Lee Bee က ဘာသာပြန်ပါသည်။ DPP Nadiah Malek Fauzie ကပြင်ထန်သော စိရင်ချက်ချရန်တောင်းဆိုပါသည်။ တရားခံ Azhan မှာ ဇနီးသည် ခလေး ခုနှစ်နှစ် နင့် ကိုးနှစ် အရွယ် တို့အား ထောက်ပံ့ ရသဖြင့် ပြစ်ဒဏ်သက်ညှာ ရန်အသနားခံသော်လည်း တရားရုံးကပယ်ချပါသည်။ 

thutatuam 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။