Home » , » မလေးရှားရောက် မြန်မာများ အတွက် ဒီနေ့ သတင်းကောင်းလေးပါ

မလေးရှားရောက် မြန်မာများ အတွက် ဒီနေ့ သတင်းကောင်းလေးပါ

Written By မောင်စေတနာ on Sunday, January 5, 2014 | 11:30:00 AM

ဒီနေ့ 5.1.2014 တနင်္ဂနွေနေ့မှာ မလေးရှားရောက် မြန်မာများ အတွက် ဒီနေ့ သတင်းကောင်းလေး တစ်ခု ပြောပြချင်ပါတယ်။ ကေအယ် အနီး တစ်ဝိုက်တွေမှာ အရင်လတွေက ကေအယ် မြန်မာဆိုင် တန်းဖက် ၊ မိုင်ဒင်း ၊ ကိုတာရာယာ ၊ ပါစာစီနီး ဖက်တွေမှာ ဗန်ကားထိုးကာ အရပ်ဝတ်အကျီင်္ ဝတ်ပြီး ရဲကဒ်ပြကာ ခရီးသွား သူများကို အထောက်အထား စစ်ဆေးနဲ့ WMK 7468 ကားဟာ အရင်က တစ်ပတ်မှာ ၄ ရက်လောက် အထိ  ရှိခဲ့ ပါတယ်။ 

သူတို့တွေဟာ သာမန် ရဲတွေထက် ရာထူးကြီးပြီး ဆိုဂိုကုန်တိုက်နားက ဒါဝမ်ကီး ရဲစခန်းမှလည်း ဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးတာဟာ အစိုးရရဲ့ စေခိုင်းခြင်း မဟုတ်ပဲ .... သူတို့ဘာသာ ပိုက်ဆံရှာစားတဲ့ ရဲတွေဖြစ်တယ်။ WMK 7468 ကားနဲ့ ဖမ်းမိသူများဟာ အထောက်အထား မရှိသူ မခိုင်လုံသူ များကိုဖမ်းပြီး ဒီလို အဖမ်းခံရင် 500 မှ 1500 အထိ တောင်းပါတယ်။ 

ဒီလို ကိစ္စတွေကို လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဆက်တိုက်ဆိုသလို ကေအယ် အနီးတစ်ဝိုက်မှာ ဖြစ်ခဲ့ပါတယ်။ အခုလ ၁၂ လပိုင်း နောက်ပိုင်းမှာတော့ ဒီလိုကိစ္စတွေကို တာဝန်ရှိသူများထံ တိုင်တန်းမှုတွေ များလာတာကြောင့် အခုနောက်ပိုင်းမှာ ဗန်ကား WMK 7468 ကို ကေအယ် အနီးတစ်ဝိုက်မှာ မမြင်ရတော့ပါ။ ဒီကားကြောင့် ကျနော်တို့ မြန်မာတွေ ဒုက္ခရောက်တာတွေ မလိုလားပါ။ ဗန်ကား WMK 7468 မရှိတော့ ဖမ်းဆီးတာတွေ လျှော့သွားတာ အမှန်ပါ။ ဒီသတင်းကို ကေအယ်မှ ရေလာဂိုဏ်းချုပ် အရာရှိတစ်ယောက်မှ ပြောပြပါတယ်။ 

ကျွန်တော် ဖြစ်စေချင်တာက အခုလို အရပ်ဝတ်နဲ့ စည်းကမ်းမဲ့ ဖမ်းဆီးတာမျိုး မဟုတ်ပဲ သူတို့ အထောက်အထား စစ်ချင်ရင် ရဲယူနီဖောင်းနဲ့ မှန်မှန်ကန်ကန် စစ်တာမျိုးပဲ ဖြစ်စေချင်တာပါ။ မလေးရှားနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ မြန်မာများအားလုံး မိမိတို့ သွားလာတဲ့ နေရာမှာ သတိထားကြဖို့ပါ။ ရဲတွေထဲမှာ ရဲအတုတွေ ရဲကဒ်အတု ပြပြီးစစ်တာ ၊ ရဲယောင်ဆောင်ပြီး စစ်တာတွေရှိတယ်။ ရဲဆိုပြီး ယုံလို့မရဘူး .... ရှိတဲ့ ဖုန်းတွေ ပိုက်ဆံတွေ ပါသွားလိမ့်မယ်။ 

တစ်ချို့တွေဆို ငါကရဲ မင်း ပတ်စပို့ပြ လို့ ပြောပြီး ရဲကဒ်မပြပဲ စစ်တာ ၊ ရဲယူနီဖောင်းမဝတ်ပဲ စစ်ဆေးတာတွေ ရှိပါတယ်။ အပြင် သွားလာရင် လုယက်သူ ၊ တွေလည်း ပေါသလို ခါးပိုက်နှိုက် တွေလည်း ပေါပါတယ်။ ဒါကြောင့် မိမိတို့ အရေးကြီးတဲ့ ဖုန်း ၊ ပတ်စပို့ ၊ ပိုက်ဆံ ၊ စာရွက်စာတမ်း စတဲ့ အရာတွေကို သတိသက်မလွတ်စေပဲ သေသေချာချာ ထားပြီး သွားလာစေချင် ပါတယ်။ 

မလေးရှားနိုင်ငံရောက် မြန်မာများ ဘေးရန်ကင်းပါစေ .... 

နေဇော်လင်း 
Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။