မနေ့က ညနေပိုင်း ၆း၀၀ နာရီလောက် ကျွန်တော်အိမ်ရဲ့ တဖက် ရပ်ကွက်မှာရှိတဲ့ ကုန်တိုက်ကို
တယောက်တည်း အတွေး ပေါင်းများစွာနဲ့ လမ်းလျှောက် သွားခဲ့တယ်။ မြန်မာပြည် ပြန်ခါနီး
အိမ်ကို ဖုန်းဆက်ပြီး မိဘ ဆွေမျိုးတွေကို ဘာမှာ မလဲမေးတော့ အမေက အားရပါးရပြောတယ်။
''သားကြီးရေ ... အမေ့အတွက် လက်နဲ့ ထောက်တဲ့ ဖုန်းလေး တစ်လုံးလောက် နဲ့ ရွှေရောင် လက်ပါတ်နာရီ
လေး တစ်လုံး လောက်ဝယ် လာခဲ့ပါ '' ဒါနဲ့  ၀ယ်ခဲ့မယ် .... အမေ ကတိပေးပြီး အမေမှာတဲ့ ဖုန်းနဲ့နာရီ လည်းဝယ်မယ်။ ကျွန်တော့် အတွက် လိုအပ်တဲ့ အ၀တ်အစား နဲ့ တခြားသူတွေ အတွက်လည်း လက်ဆောင် ပစ္စည်းလေးတွေလည်း ၀ယ်မယ်ပေါ့။
ကုန်တိုက် ဘေးလှေကား ကနေတက်လာခဲ့တယ်။ ကုန်တိုက်ထဲ ရောက်တော့ လူက ခပ်ကျဲကျဲဘဲ ရှိနေသေးတာ ၇း၀၀ နာရီကျော်လောက်ဆို လူတွေက များလာတော့မှာ လူရှင်းနေတုန်း ဈေးဝယ်ဝယ်လို့ ကောင်းတယ် ... လူများလာရင် အရောင်း
ဝန်ထမ်းတွေလည်း စိတ်မရှည်ကျတော့ ၀ယ်ရတာ ပစ္စည်းရွေးရတာ စိတ်တိုင်းမကျ ဖြစ်ရတာပေါ့။
ဒါနဲ့ ... နာရီဆိုင်ကို အရင်ဝင်ပြီး မိန်းမပါတ် ရွှေရောင် နာရီလေးတွေ ထည့်ထားတဲ့ ဆိုင်ရှေ့ မျက်နှာစာက မှန်ဗီရီုထဲက နာရီ ပုံစံမျိုးစုံကို သဲကြီးမဲကြီး ငုံ့ကြည့်နေတုန်း ရုတ်တရက် နောက်ကနေ လူတယောက် ဖြတ်ပြေးသွားတယ်။ လှည့်ကြည့်လိုက်တော့ ကျွန်တော်နဲ့ သိပ်ပြီး မတိမ်းမယိမ်း လူလတ်ပိုင်းအရွယ်
မလေးလူးမျိုး တယောက် လက်ထဲမှာလည်း မိန်းမကိုင် လက်ကိုင်အိတ် တစ်လုံးကို ကိုင်ပြီး အတင်းပြေးနေတာ ....
တစ်ဆက်ထဲမှာပဲ အသက် လေးဆယ်ကျော် အရွယ်လောက်ရှိမယ် ထင်ရတဲ့
တရုတ် အမျိုးသ္မီးတယောက် နဲ့ ဆယ်နှစ် ကျော်လောက် ကောင်လေး တစ်ယောက် အသံကုန် အော်ဟစ်ပြီး
ပြေးလိုက် လာကြတယ်။ သေချာပြီ ပိုက်ဆံအိတ် လုပြေးတာ လူတွေလည်း ဟိုကြည့်ဒီကြည့်နဲ့ ယောင်နေတုန်း ကုန်တိုက် လုံခြုံရေး တယောက်က ခုဏကပြေးနေတဲ့ လူကိုရှေ့က
နေပြီး လက်တဖက်နဲ့  ၀တ်ကျေ တန်းကျေ လှမ်းတားတယ်။
ဒါကို ပြေးနေတဲ့လူက လက်ထဲကအိတ်နဲ့
မျက်နှာကို လှမ်းရိုက်ပြီး တွန်းတိုက်ပြီး ဆက်ပြေးတာ လုံခြုံရေးလည်း ယိုင်လဲပြီး ဟိုဆွဲဒီဆွဲ လှမ်းဆွဲတာ
ဘေးနားက ကြော်ငြာ ဆိုင်းဘုတ်တွေပါ လဲပြီး ကျန်နေခဲ့တယ်။ အဲဒီလူပြေးတဲ့ လမ်းမှာရှိနေတဲ့ ယောက်ကျား မိန်းမ နှစ်ယောက် သုံးယောက်ကလည်း ကြောက်လန့် တစ်ကြားနဲ့ ကိုယ့် ပိုက်ဆံအိတ်လေးတွေ ဖုန်းလေးတွေကို သေချာကိုင် ထားပြီး ဘေးကို ရှောင်ပေးကြတယ်။
လုယက်သမားလည်း ကုန်တိုက်ပေါ်
ကနေ ကျွန်တော် တက်လာတဲ့ လှေတံခါးအတိုင်း ဆင်းပြေး အောက်ရောက်တော့ အသင့်စောင့်နေတဲ့
ဆိုင်ကယ်ပေါ် အသာတက်ခွပြီး ထွက်သွားလေပြီ။။။။ အဖြစ် အပျက်က မိနစ်ပိုင်း အတွင်း မြန်ဆန်စွာဖြစ်
ပျက်ခဲ့လေတော့ အားလုံးက မှင်တက် မိနေကြတာပေါ့။ ခဏနေမှ တစ်ယောက်ပေါက် အချင်းချင်းပြော
ဆိုနေကြပြီး အခြေအနေက ပုံမှန် ပြန်ဖြစ်သွားတယ်။
အလုခံလိုက်ရတဲ့ တရုတ်မကြီးလည်း ကလေး လက်ထဲက ဖုန်းကိုယူပြီး ဖုန်းဆက်နေတယ်။ ကူညီမည့်သူမရှိ အားပေးစကား ပြောမည့်သူ
မရှိ ... လုသွားတဲ့ လူတွေနောက်လည်း လိုက်မည့်သူမရှိ ခေါင်းပါး လိုက်တဲ့ ကိုယ်ချင်း စာနာစိတ်
ရှားပါး လိုက်တဲ့ ..... မေတ္တာ တရားတွေဗျာ .....
ဒါကြောင့်လည်း .... လုယက် သူတွေ အတွက် အခွင့် အရေး
ကောင်းနေတာပေါ့။ မလေးရှားနိုင်ငံမှာ လုယက်မှု အသေးစား လေးတွေ ဆိုတာ နေ့စဉ်နှင့် အမျှ
ထမင်းစား ရေသောက် သလို နေရာတိုင်းမှာ နေ့စဉ် ဖြစ်ပျက်နေတာ ပေါ့ဗျာ.....
ကျွန်တော် ကရော ဘာလို့ ဝင်ပြီး မကူညီတာလဲ ... ???
လုပြီး ပြေးတဲ့လူကို ဘာကြောင့်လိုက်ပြီး မဖမ်းတာလဲ?????
တခြားသူတွေကရော ဘာကြောင့် .............. ??????????
ကျွန်တော် မလေးရှားမှာ ၂နှစ်လောက်ကြာတော့ စားသောက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ တစ်နေ့ ဆိုင်
မှာ လူတွေ အရမ်းကြနေတုန်း ဆိုင်ထဲကို အိန္ဒိယ လူမျိုး တစ်ယောက်ဝင်လာပြီး Coffee Ice တထုပ်
ဝယ်တယ်။ ကျွန်တော် Coffee ထည့်ပြီး ပေးမလို့ ကြည့်တော့ အဲဒီလူက မရှိတော့ဘူး ..... ဆိုင်ရဲ့ အပြင်ဘက်က စားပွဲတစ်ဝိုင်းမှာ တရုတ်မလေး ၃ယောက် လက်ကိုင်အိပ် တွေကို စားပွဲပေါ်တင်
ခေါက်ဆွဲကိုငုံ့ပြီး စားနေကြတာကို ..... အဲဒီလူက ဖျတ်ခနဲ ယူပြီး အသင့်စောင့်နေတဲ့ ဆိုင်ကယ်ပေါ်ပြေး
တက်တယ်။
ဒါကိုမြင်တဲ့ ကျွန်တော်က ဟေ့ ... ဟေ့ ..... (အော်လည်း အော်တယ်) လက်ထဲရှိတဲ့ Coffee Ice ထုပ်နဲ့ လှမ်းပစ်တယ် ... သူ့ပခုံးကိုထိတယ် လှည့်တောင် မကြည့်ဘူး .... ဆိုင်ကယ်သမားနဲ့ လုတဲ့ လူနဲ့ ချိန်ကိုက် ကွက်တိပါပဲ ... ဝေါ ကနဲ ..... မောင်းထွက် သွားတယ်။ ဒီတော့မှ တရုတ်လူမျိုး မလေးလူမျိုးတွေလည်း ထပြီးအော်တယ်။
ဆိုင်ထဲမှာ စားနေတဲ့
လူတွေလည်း လည်ပင်း ရှည်လေးတွေနဲ့ ဟိုကြည့်ဒီကြည့် စားပွဲပေါ်တင်ထားတဲ့ ဖုန်း၊ပိုက်ဆံအိတ်တွေ
ဘောင်းဘီအိတ်ထဲ ထိုးထည့်ကြ ၊ လက်ကိုင်အိတ်တွေ ပေါင်ပေါ်တင်ကြပြီး ပုံမှန်ဘဲ ပြန်ပြီး စားသောက်
နေကြတယ်။ ဆိုင်ရှင် သူဌေးကတော့ မိန်းကလေးတွေ နားသွားပြီး စကားတစ်ခွန်း နှစ်ခွန်းပြောပြီး ရဲစခန်းကို ဖုန်းဆက်တယ်။
ပြီးတော့ ကောင်တာမှာ ပြန်ပြီးထိုင် သူ့ပိုက်ဆံတွေ သေချာ သိမ်းဆည်းနေ
တာပေါ့ ... နေ့ခင်းပိုင်း လူရှင်းတော့ ကျွန်တော့်ကို ခေါ်ပြီး ပြောတယ်။ လုတဲ့ သူတွေကို အဲလို သွားမလုပ်နဲ့တဲ့ .... သူတို့က အဖွဲ့တွေနဲ့နေတာ မင်းကိုလာပြီး လုပ်လိမ့်မယ်။ ဆိုင်ကိုလည်း ဖောက်ခံရ လိမ့်မယ်တဲ့ ..... အဲဒီ အချိန်ကျရင် ငါတို့ကို ဘယ်သူကမှ လာပြီး
ကူညီမှာ မဟုတ်ဘူးတဲ့ နောက်ကို မလုပ်နဲ့  စေတနာနဲ့  ပြောတာတဲ့ဗျာ ..... ကူညီမိတာ မှားတာပေါ့ ....
အော် ..... မလေးရှားရယ် .... မလေးရှားကို ရောက်နေမှတော့ မလေးရှား လိုပဲ ... ကိုယ့်အန္တရာယ် အတွက် မဆိုင်သလိုပဲ ကျင့်ရတော့တာပေါ့ ....
မလေးရှားရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ....
Written By ; ပုချို (ဖန်ခါးမြေသား)
https://www.facebook.com/ chopu.layy
https://www.facebook.com/
မလေးရှားနိုင်ငံ၏ ဗဟုသုတများကို ရေးသားတင်ပြ ခြင်းသာ ဖြစ်ပါသည်။ (မည်သူ တစ်ဦး တစ်ယောက်ကိုမှ ထိခိုက် ပုတ်ခတ် စော်ကား ရေးသားထားခြင်း မရှိပါ။) အပိုင်းဆက်များကို ဆက်လက်စောင့်မျှော် ဖတ်ရှုကြပါရန် .....
Admin
Nay Zaw Lin1
Live Free Online Radio Media (Malaysia)
Website - http://
Facebook - https://www.facebook.com/
0 comments:
Post a Comment