Home » , » နောက်ဆုံးရ (မလေးရှား သတင်းများ နှင့် သတိထားရမည့် အချက်များ)

နောက်ဆုံးရ (မလေးရှား သတင်းများ နှင့် သတိထားရမည့် အချက်များ)

Written By မောင်စေတနာ on Monday, December 2, 2013 | 2:17:00 PM

အခုရက်ပိုင်းထဲ ကြားရတဲ့ သတင်းတွေက မလေးရှားက နေရာ တော်တော်များများတွေမှာ အော်ပရာဇီ (တရားမဝင် နိုင်ငံခြားသားကို စီစစ် ဖမ်းဆီးခြင်း) စတဲ့ သတင်းတွေကို အသိတွေမှ တဆင့် ဆက်တိုက် ဆိုသလို ကြားနေရပါတယ်။ ဒါကြောင့် တရားဝင် မြန်မာများ အနေနဲ့ မိမိတို့ နေထိုင်တဲ့ နေရာရပ်ကွက်တွေမှာ တစ်ခုခု ထူးခြားနေရင် သတိထားပြီး နေထိုင်သွားလာကြပါ။ 

အခု သတင်းနဲ့ ပက်သက်ပြီး ကိုပီတာပေါက် ဖွေ့ဘုတ် စာမျက်နှာ မှာလည်း အခုလို ရေးသားထားပါတယ်။ 

ဒါလား SWEET DECEMBER ( မလေးရှားသတင်း) 

(၁.၁၂. ၂၀၁၃ )ယနေ့နံနက်ပိုင်း SHAH ALAM က ALAM MEGAH PUTRA HEIGHT (RAPID BUS U 65) ဂိတ် ဆုံးက FLAT တွေမှာ မနက် ၁နာရီ ကနေ ၄ နာရီကျော်တဲ့ အထိ အော်ပရာစီ ၀င်ဖမ်းသွားပါတယ်..။ နိုင်ငံခြားသား များ အခန်းမှန်သမျှကို ဖွင့် ခိုင်း ပါတယ်..။ မဖွင့်ပေးရင် CUTTER တွေနဲ့ ဖြတ် ပြီးဖွင့် ၀င် ပါတယ်..။ 

နောက် တခုက ကော်ဖီ ရှောပ့် ဆိုင်က မွန် အမျိုးသားနှင့် သူ့အမျိုးသမီး စိုက်ပျိုး ရေးပါမစ်နဲ့ စားသောက်ဆိုင်လုပ်လို့၂ယောက်စလုံးကို ဖမ်းသွားပါတယ်.။ ပူချုန်းဘက် SHAH ALAM ဘက်က BUS ကားဖြင့် လာသူများ MID VALLEY ကုန်တိုက် မှတ်တိုင်မှာ ဆင်းလျင် သတိ ထားပါ..။ ရှာစားရဲများ အရပ်ဝတ်ဖြင့် စောင့်၍ တောင်းစားနေပါတယ်..။သတိပြု ဖို့ပါ..။ 

အခုရက်ပိုင်းမှာပဲ KOTA DAMASARA ဘက်မှာလဲ အော်ပရာစီဝင်ဖမ်းနေကြောင်း သိရပါတယ်..။ အဖမ်း အစီးများ မရပ်သေး တာကြောင့် အနေအထိုင် အသွားအလာများ ဆင်ခြင် သတိထား ကြပါရန် အသိပေး ပါတယ်။ မလေးရှားရောက် ရွှေ ညီအစ်ကို မောင်နှမများ ခင်ဗျာ..။ 

နောက်ထပ် သတင်းတစ်ခုက UN ကဒ်အတုနဲ့ လုပ်ပြီး နေထိုင်သူများကို မှန် ၊ မမှန် သေချာ စစ်ဆေးသွားမယ်လို့ မလေးရှား UN ရုံးမှ သတင်းထုပ်ပြန်ထားတာကို ကျွန်တော်တို့ရဲ့ မလေးရှား သတင်းထောက် Thu Tatuam မှ ပေးပို့ထားပါတယ်။ 

မ ေ လ း ရွ ာ း ေ က အဲ လ် နဲ့ တ စ် ခွ င် မှာ နို ဝ င် ဘာ ၃ ၀ ရ က်ေ န့မှ စတင်ကာ ရဲ ရ ယ် လာ လ ဝ က နဲ့ လု ပ် အားေ ပး ဝ န် ထ မ်း တို့  ရဲ့ေ အာ် ပ ရာ စီ ပွဲ မှာ UNHCR လဲ ပါ ဝ င် မ ယ် လို့ UNHCR က သ က် ဆို င် ရာ ကွန် မြူ နိ တီေ တွ ကို ယ နေ့ ည သ တ င် ပို့ ထား ပါ တယ် ။ 

( ဒါတွေက သတင်း အနေနဲ့ အသိပေး တင်ပြတာပါ။ မကြောက်ကြပါနဲ့ သတိထားဖို့ အတွက် တင်ပေးနေတာပါ။) 

ဒါကြောင့် အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ် (ကွာလာလမ်ပူ) နှင့် အခြားနေရာများ ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေးပါတယ်။ 

ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့ ရှောင်ကြပါ။ (မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။ ဖုန်းရောင်းတာတွေ ဝယ်တာတွေ ဂရုစိုက်ပါ။ လမ်းတွေမှာ ဖုန်းတွေပြပြီး ရောင်းလျှင် လုံးဝမဝယ်မိပါစေနဲ့ ဖုန်းအတုတွေပါ။ ဈေးပေါတယ် ဆိုပြီး မဝယ်မိပါစေနဲ့ နေ့စဉ် အလိမ်ခံရနေပါတယ်။ 

နောက်တစ်ခု လမ်းသွားရင်း ..... အကို မြန်မာလား .... ကျနော်ကို ကူညီပါ။ ကျနော်မှာ ဖုန်းအလုခံရလို့ ကျနော်ကို ဖုန်းတစ်ချက်လောက် ဆက်ခိုင်းပါ စတဲ့ အကူညီတောင်းတာကိုလည်း ဂရုစိုက်ပါ။ ကိုယ်က စေတနာနဲ့ ကူညီပေမယ့် ဖုန်းဆက်ချင်ယောင်ဆောင်ပြီး ဖုန်းယူပြီး ထွက်ပြေးသွားတာတွေ ကြုံတွေ့နေပါတယ်။ 

နောက်တစ်ခု - ကျနော်မှာ ပိုက်ဆံအိပ် ပျောက်သွားလို့ ကျနော်ကို ခရီးလမ်းစရိတ် အတွက် ကူညီပါ .... စတာတွေ လမ်းသွားရင်း ကြုံတွေ့လာရင် ပိုက်ဆံအိပ်ဖွင့်ပြီး ပေးမလို့ လုပ်နေတုန်း ပိုက်ဆံအိပ်ကို လုပြေးသွားတာတွေကို ခဏခဏ ကြုံတွေ့နေပါတယ်။ ဒါတွေဟာ တကယ် အခက်အခဲ ဖြစ်နေလို့ အကူညီတောင်းနေတာထက် ၊ ဒါကို အခွင့်ကောင်းယူပြီး လုယက်သူတွေ ရှိနေပါတယ်။ ဒါကြောင့် ကူညီရင် သေချာကူညီကြပါ။ မိမိ ကူညီတဲ့သူက မိမိကို ပြန်ပြီး ဒုက္ခပေးတတ်ပါတယ်။ 

ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရပါတယ်။ ကားစီးတဲ့ အချိန်မှာ ဖုန်းပြောတာတွေ ၊ စကားပြောတာတွေကို တိုးတိုးသာသာ ပြောကြပါ။ အခုလို ဖြစ်နေတာ စိတ်တော့ မကောင်းဘူး) ကျနော် ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး .... ကိုယ်ဖြစ်ရင်တော့ ကိုယ်တိုင် ခံရမှာပါ။ ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အားလုံး သတိထားကြပါ။ 

မလေးရောက် မြန်မာများ အားလုံး သွားလေရော ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ .... 

Admin 
Nay Zaw Lin1 
Live Free Online Radio Media (Malaysia) 
Website - http://www.malaysiaonlineradiomedia.com/ 
Facebook Page - https://www.facebook.com/pages/Nayzawlin1/292530074131729
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။