တွေ့ ရ ကြုံ ရ - မလေးရှား အပိုင်း ၁ (အမှတ်တရ ရသ ဆောင်းပါး)
မြန်မာနိုင်ငံကို အပြီးပြန်လာဖို့ သေချာ စဉ်းစားဆုံးဖြတ် လိုက်ပြီ ..... ဟုတ်ပါတယ် ....
အဲဒီတော့ ... အရင်ကနဲ့ မတူတော့တဲ့ အပြောင်းအလဲတွေ ရှိနေပြီဖြစ်တဲ့ အတွက် အပြန်ခရီးမှာ ဘယ်လိုတွေ ကြုံတွေ့ ရမလဲ သိချင်စိတ်တွေ ဖြစ်နေမိတယ်။
မလေးရှား နိုင်ငံကို စရောက်ခဲ့တုန်းက အတွေ့ အကြုံလေး
တချို့ ကို ပြောပြချင်စိတ် ဖြစ်လာတယ်ဗျာ (ရီစရာလေး တခုပေါ့ဗျာ)
မလေးရှားကို စရောက်ပြီး မှတ်မှတ်ရရ ၅ ရက်မြောက်နေ့  မနက် ၇း၀၀ နာရီလောက် အိပ်ရာထပြီး
ဈေးသွားကြတာပေါ့ ... ဘ၀မှာ ပထမဆုံးအကြိမ် ကိုယ့်ထမင်းကိုယ် ချက်စားရမယ့် နေ့ပေါ့။
ဒါပေမယ့်လည်း ကိုယ်နဲ့ စိတ်ထား တိုက်ဆိုင်တဲ့ သူငယ်ချင်း ၃-ယောက်
ပေါင်းပြီး ချက်စားကြမယ်ပေါ့။ စက်ရုံမန်နေဂျာ ထုပ်ပေးတဲ့ကြိုတင် စားစရိတ် ချေးငွေလေးတွေ ကိုင်ပြီး ဈေးထဲမှာ
အရင်ဆုံး ဈေးသက်သာတဲ့ မုန်ညင်းရွက် RM2.00 ဖိုးဝယ်လိုက်တယ်။ ပီးတော့ အသားတန်းဘက်ကို
လျှောက်လာ လိုက်ကြတယ်။
ယောင်လည်လည်နဲ့ ဟိုဟာဈေးကြီးတယ် ဒါမတန်ဘူး ၀ိုင်းဝန်း ဆုံးဖြတ်ကြပြီး ... နောက် ... ကြက်သားတန်း ဘက်ကိုရောက်လာကြတယ်။
စက်ရုံမှာ အရင်ရောက်နှင့်နေတဲ့ နီပေါ နိုင်ငံ သားတွေက
ကြက်သားက ဈေးအ
ပေါဆုံး ပြောစကားကြောင့် ကြက်သား ဆိုင်ရှေ့ မှာ ပြိုင်တူ ဆိုသလို ရပ်လိုက်ကြတယ်။
ကြက်သား ရောင်းတဲ့ ဆိုင်ရှင် တရုပ်ကြီးက ကြက်အရှင်တွေ ထည့်ထားတဲ့ ခြင်းကြီးတွေကို မေးငေါ့ပြ တယ် ... အကောင်လဲတဲ့...
မလေးစကားကို မြန်မာပြည်မှာတည်းက ကြိုတင် လေ့လာထားနှင့်တဲ့ ... ကျွန်တော်က အနည်းငယ် နားလည်နေတော့ ... ကျန်တဲ့ ၂ယောက်ကို ... ဘာသာပြန် မေးလိုက်တယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အရှင်တွေတော့ မ
သက်ခိုင်းချင်ဘူး ဆိုတဲ့ အဖြေ ထွက်လာတယ်။
ဒီတော့ အဆင်သင့် လုပ်ပြီးသား တစ်ကောင်ကိုရွေးလိုက်ကြတယ်ပေါ့ ...
ချိန်လိုက်တော့ ၁ ကီလိုခွဲကျော်တယ် ... RM 8.50 တဲ့ ... ဒီလောက်တော့ ၀ယ်မယ်ကွာ ... နောက်လှည့်
ပြီးပြော လိုက်တော့ ..
နှစ်ယောက် ကလည်း ပြိုင်တူ ခေါင်းညိမ့်ကြတယ်။ ဒါနဲ့ ဆိုင်ရှင်ဘက်ပြန်လှည့်ပြီး
ခုတ်ပေးပါပေါ့ ...
ချက်ချင်းဘဲ လက်မြန်တဲ့ တ၇ုပ်ဈေးသည်က စက္ကန့်ပိုင်းအတွင်း ကြက်တကောင်ကို
အပြီး ခုတ်လိုက်တယ်။ နောက် ... အသားတုံးတွေကို အိတ်ထဲထည့်တယ် နောက်ဆုံးကျန်နေတဲ့
အမြစ်အသဲ တစုံကိုယူမှာလားတဲ့ ....
ဟင် ... ဘယ်လိုလူလဲ .... ဆိုတဲ့အကြည့်နဲ့  ကျွန်တော်တို့ ၀ိုင်းကြည့်
လိုက်ကြတယ်။ ဘယ့်နှယ့်ဗျာ ကြက်မြစ်ကြက်သဲ ... ဈေးကြီးမှကြီး မြန်မာပြည်မှာ ပိုက်ဆံရှိတဲ့ လူတွေမှ
စားနိုင်တာ ...
ယူမယ်ယူမယ်။ ပိုက်ဆံပေးလိုက်တယ်။
သူလှမ်းပေးတဲ့ ကြက်သား ထုပ်လေး လှမ်းအဆွဲ မျက်လုံးက ကြက်သား ခုတ်တဲ့ စဉ်းနီတုန်းကြီးဘေးက ပလက်စတစ်ပုံး အဖြူရောင်ကြီးနဲ့ ပြည့်လုပြည့်ခင် ထည့်ထားတဲ့ .. ကြက်မြစ်ကြက်သဲတွေကို မြင်လိုက်တယ်။ ဟာ ... အများကြီးပါလားးးး
သူလှမ်းပေးတဲ့ ကြက်သား ထုပ်လေး လှမ်းအဆွဲ မျက်လုံးက ကြက်သား ခုတ်တဲ့ စဉ်းနီတုန်းကြီးဘေးက ပလက်စတစ်ပုံး အဖြူရောင်ကြီးနဲ့ ပြည့်လုပြည့်ခင် ထည့်ထားတဲ့ .. ကြက်မြစ်ကြက်သဲတွေကို မြင်လိုက်တယ်။ ဟာ ... အများကြီးပါလားးးး
ကျွန်တော်က လက်ညှိး ထိုးပြီးတော့ ... ၁ ကီလို ဘယ်လောက်လဲ .... လစာထုပ်ရက်မှာ
ဝယ်ပြီးချက်စား မယ်ပေါ့ ... စိတ်ကူးနဲ့ မေးလိုက်တယ်။ နောက်က ရဲဘော်ရဲဘက် တွေကလည်း နားရွက်လေးတွေ
ထောင်ပြီးအသာ ကြည့်နေကြတယ် ။
ဆိုင်ရှင် တရုပ်က ကျွန်တော့် မျက်နှာကိုကြည့်တယ်။ ပြီးတော့
စတီးဇလုံ အလတ်စား ခပ်ဟောင်းဟောင်းလေနဲ့  အမြစ်အသဲတွေကို ခပ်လိုက်တယ်။ လက်တဖက်ကလည်း
ပလက်စတစ်အိတ် အနွမ်းလေး ကိုကိုင်
ပြီး ကျွန်တော်တို့ ၃ယောက်ဘက်ကို လှည့်ပြီးမေးလိုက်တယ်။ ရင်ထဲ အောင့်သက်သက်နဲ့  ... အံ့ဩနေတုန်း .........
နောက်က သူငယ်ချင်း ၂ ယောက်က မေးလာတယ် .. သူဘာပြောတာ တုန်းကွ ...
အော်.....အိမ်မှာ ခွေးဘယ် နှစ်ကောင်ရှိလဲတဲ့ .... အလကားပေးလိုက်ပါမယ် .... တဲ့ကွာ
ဟိဟိ .... တေရော ....
Written By ; ပုချို (ဖန်ခါးမြေသား)
Admin
Nay Zaw Lin1
Live Free Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/
2 comments:
အခု တော့ သူတို့နိုင်ငံသားတွေလဲ စားနေပြီဗျ
မဆိုးပါဘူး ရေးပုံကောင်းပါတယ်
Post a Comment