Home » , » Genting Highland တွင်ယနေ့ ကားမှောက်မှု ၃၇ ဦးသေဆုံး

Genting Highland တွင်ယနေ့ ကားမှောက်မှု ၃၇ ဦးသေဆုံး

Written By မောင်စေတနာ on Thursday, August 22, 2013 | 12:13:00 AM

Genting Highland တွင်ယနေ့အဆိုးဝါးဆုံးကားမှောက်မှု့ (သို့) မလေးရှားနိုင်ငံ၏ အဆိုးဝါးဆုံး ကားမှောက်မှု့ (37ဦးသေဆုံး) မလေးရှားနိုင်ငံ၏ ကြားဖြတ်အထူးသတင်းအနေဖြင့် Genting Highland (@) Casino မြို့တော် မှ ကွာလာလမ်ပူမြို့သို့ပြန်လည် ထွက်ခွာလာသည့် ခရီးသည်တင် Bus ကားတစ်စီး ယနေ့ 21.8.2013 နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် တောင်ဆင်လမ်းမှ အောက်ဘက် မီတာ ၆၀ ထိတိုင်အောင် ထိုးကျတိမ်းမှောက်မှု့သတင်းအား မလေးရှားရောက်မြန်မာများ facebook စာမျက်နှာမှ တင်ဆက်ပေးရပါသည် ။ 

မလေးရှားသမိုင်းတွင် အဆိုးဝါးဆုံးကားမှောက်မှု့ ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါကားမှောက်မှုတွင် ကားမှောက်သည့် အချိန်မှ ယခု ည 8 နာရီ အထိ ကားပေါ်ပါလာသူ ၃၇ ဦး သေဆုံးခဲ့ပြီး အများစုမှာ မလေးရှားနိုင်ငံသားများ ဖြစ်ကြောင်း thestar သတင်းဌာနမှ တင်ပြသွားခဲ့ပါသည် ။ 

တောင်ပေါ်မှာ မီတာ 60 ကျော် စောက်နက်သည့် တောင်ကြောလမ်းတွင် တိမ်းမှောက်သွားခဲ့သည့် Bus ကားမှာ Titiwangsa (တီတီဝမ်ဆာ) မှာ Genting Highland သို့အသွားအပြန်ပြေးဆွဲပေးနေသော Genting Bus ဖြစ်ပြီး တိမ်းမှောက်သည့် ကားပေါ်တွင် ခရီးသည် 53 ဦး တိုင်အောင် သတ်မှတ် ဦးရေထက်ပိုမို တင်ဆောင်လာခဲ့သော ကားဖြစ်သည် ။ 

ထိုကားတွင်စီးနင်းလာသောခရီးသည် 53 ဦမှ 37 ဦးယခုချိန်ထိ သေဆုံးခဲ့ပြီဖြစ်ပါသည် ။ သေဆုံးသူများထဲမှ ထက်ဝက်မှ မလေးနိုင်ငံသား တရုတ် ၊ မလေး (ဒရိုင်ဘာအပါ) နှင့် အန္ဒိယ တို့ပါဝင်ပြီးကျန်ထက်ဝက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၊အရှေ့အလည်ပိုင်း မှ ခရီးသည်များ နှင့် ထိုင်းလူမျိုးများပါဝင်ကြောင်း အာဏာပိုင်များမှ ထုတ်ပြန်သွားခဲ့သည် ။ 

မိုးရွာပြီး ချောနေသော တောင်ဆင်းလမ်းတွင် သတ်မှတ်ခရီးသည်ထက်ပိုမိုတင်ဆောင်လာသော အဆိုပါ Bus ကားမှာ မည်သည့် အတွက်ကြောင့် အဓိက တောင်အောက်ပြုတ်ကျခဲ့သည်ကို မစုံစမ်းနိုင်သေးသော်လည်း အသက်ရှင်သူများထဲမှ ပြန်လည်ပြောပြချက်အရ Bus ကားမှာ တောင်ဆင်း Chin Swee Cave ဘုရားကျောင်း အကျော်အရောက် မထိမ်းနိုင်ပဲ တောင်ပတ်လမ်း ထိန်းကွပ် ကွန်ကရစ် ဘောင်အားတိုက်ချကာမီတာ 60 ကျော်အထိ လိမ့်ကျ တိမ်းမှောက်ခဲ့ကြောင်း ၊ စတင်တိမ်းမှောက်စတွင် 33 ဦး သေဆုံးပြီး ဆက်လက် ရှာဖွေတွေ့ရှိချက်အရ ယခုချိန်ထိ 37 ဦးသေဆုံး ခဲ့ပြီးဖြစ်သည် ။ 

ယခုအချိန် တိုင်အောင် အာဏာပိုင်များမှာထို Bus ကားတိမ်းမှောက်မှုအတွက် ကြိုးစားလုပ်ကိုင်နေဆဲဖြစ်ပြီး အသက်ရှင်သူများကို Bentong ဆေးရုံတွင် ထားရှိကာ အထူးကုသလျှက်ရှိကြောင်း သိရသည် ။ 

Source : thestar http://www.straitstimes.com/breaking-news/se-asia/story/bus-plunges-ravine-genting-police-20130821 

http://www.straitstimes.com/breaking-news/se-asia/story/bus-plunges-ravine-genting-police-20130821 

Source by : မလေးရှားရောက်မြန်မာများ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။