Home » , » စက်တင်ဘာ(၁) ရက်နေ့မှ စတင်ကာ မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးမှုများ စတင်မည်

စက်တင်ဘာ(၁) ရက်နေ့မှ စတင်ကာ မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးမှုများ စတင်မည်

Written By မောင်စေတနာ on Saturday, August 24, 2013 | 8:15:00 PM

 
Khin Nyein Chan Oo 
မလေးအစိုးရကတော့ ပြတ်သားနေပြီ ဘပြောင်ရေ *********************************** လာမယ့် ၉ လပိုင်းမှ စတင်ပြီး မလေးရှားနိုင်ငံအတွင်း မှီတင်းနေထိုင်ကုန်သော တရားမ၀င် နိုင်ငံပေါင်းစုံမှ အိုဗာစတေးများ အား အဖွဲ့ ၄ ဖွဲ့ခွဲပြီး ဖမ်းဆီး၊ အရေးယူ(ထောင်ဒဏ်၊ ငွေဒဏ်၊ကြိမ်ဒဏ်)၊ ပြန်ပို့ စသည့် အစီအစဉ်များ ဖြင့် စတင်မည်ဖြစ်ပါကြောင်း ။ 

Chit Thu Sky 
မလေးရှား ရွေမြန်မာများ အထူးသတိထားရန် ... မလေးရှား မှရွေမြန်မာများခင်ဗျာ၊ ဒါကကျနော် သူငယ်ချင်း တစ်ယောက် Chat Box ကနေလာရောက်ပို့ ပေးတဲ့သတင်း ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း စုံစမ်းကြည့်ကြစေချင်ပါတယ်။ 

အမှန်ကတော့ ဒီလတွေဆိုတာ မလေးရှား ဟာရီရာယာနဲ့ လွတ် လပ်ရေး လဖြစ်တဲ့အတွက် ဖမ်းနေကျတော့မှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာတွေ အတွက်တော့ဒီနှစ်က အထူးသတိထားရ မယ့်နှစ်ဖြစ်နေတဲ့ အတွက် အခုသတင်းကို အတည်မပြုနိုင်သေး မေပဲ့တင်ပြပေးလိုက်ပါတယ်။ 

ယနေ့ ထုတ်သတင်းစာပါ ထုတ်ပြန် ထားချက် သတင်းပါ။ 1-9-2013 မှစပြီး တစ်နိုင်ငံအတိုင်းအတာဖြင့် သက်ဆိုင်ရာရပ်ကွက် လူကြီး၊အေးဂျင့်၊ရဲ၊ ရလာ နှင့် အင်မီဂရေးရှင်းတို့ ပူးပေါင်းပြီးအိုဗာ စတေးများ အားအော်ပရာစီဝင်ရောက် ဖမ်းဆီးစစ်ဆေး မည်ဖြစ်ကြောင်း၊ သူဌေးများကိုလည်း အိုဗာစတေး လက်ခံသူများအား ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာတားပါတယ်။

မလေးဘာသာ စကားတတ် ကျွမ်းသူများယနေ့ ထုတ် သတင်းစာပါအချက် အလက်များ လေ့လာဖတ်ရူစေလိုပါတယ်။ [ ယခုသတင်းသည် ကျနော့် သူငယ်ချင်းရဲ့ သူငယ်ချင်းစာရေးမက လာရောက်ပြီး၊ ယနေ့ သတင်းစာပါ အကြောင်းများနဲ့ ပတ်သတ်ပြီး သတိ ပေးပြောကြား လာခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။] 
 Chitthu Sky 

[24-8-2013]Qing Minya 
မလေးရှားရောက် မြန်မာအလုပ်သမားများ အတွက်  နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာများကို သိရှိရပါက ကူညီဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း၊ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ရှိ သံမှူးကြီး ( ဖုန်းအမှတ်- ၆၀၃ ၄၂၅ ၁၄၄၅၅ ) ထံသို့ လည်းကောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ စေလွှတ်ထားသော အလုပ်သမား အရာရှိ ( ဖုန်းအမှတ်- ၆၀၃ ၄၂၅ ၁၅၅၉၅ ) ထံသို့လည်းကောင်း ဆက်သွယ်နိုင်ပါကြောင်းနှင့် ၎င်းတို့မှလည်း ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

[Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/08/22/id-4313] 

Source by : ဖွေ့ဘုတ်ပေါ်မှ စုစည်းတင်ပြသည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။