Home » , » မလေးရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့် သူများအတွက် ပုံစံပြောင်းပြီ

မလေးရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့် သူများအတွက် ပုံစံပြောင်းပြီ

Written By မောင်စေတနာ on Tuesday, July 23, 2013 | 7:41:00 PM

 
ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံး သိသင့်တဲ့ သတင်းတစ်ခု အနေနဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဌာနရဲ့ နောက်ထပ်ပြောင်းလဲ လိုက်တဲ့ ဒဏ်ငွေများကို မြန်မာပြည်ပြန်ရန် ဆောင်ရွက်မည့်  သူများ သိရှိရအောင် ကျွန်တော်တို့ ရေးသား တင်ဆက်ပေးတာ ဖြစ်ပါတယ် ။ 

ယခင် မြန်မာပြည် သို့ပြန်ရန် ဆောင်ရွက်ပုံများမှာ ပတ်စပို့ရှိသူများ ၊ ပတ်စပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများ အားလုံး Putra Jaya အင်မီဂရေးရှင်းရုံးသို့သွားရောက်ပြီး Special Pass လျှောက်ထားရန် အတွက် တုံကင် ယူကာ ပြန်လည်ချိန်းဆို သောနေ့တွင် ဒဏ်ငွေ ၄၀၀ ရင်းဂစ်ပေးဆောင်ပြီး ချိန်ဆိုသောနေ့တွင်လေယာဉ် လက်မှတ်ဝယ်ကာ ပြန်ရန်သာဖြစ်သည် ။ 

ယခုပြောင်းလဲလိုက်သော အစီအစဉ် အသစ်တွင်တော့ ယခင်လို ဒဏ်ငွေဆောင် Special Pass ထုတ်ဖို့ ရက်ချိန်းစောင့်ရန် တိုကင်မပေးတော့ပဲ တိုက်ရိုက်တစ်နေ့တည်း Special Pass ပေးကာ ဒဏ်ငွေ ၄၀၀ ရင်းဂစ်အစား ပတ်စပို့စာအုပ်ရှိသူများအား - ဒဏ်ငွေ ၂၂၀၀ ရင်းဂစ် ပတ်စပို့မရှိပဲ CI သမားများအတွက် - ဒဏ်ငွေ ၃၀၀၀ ရင်းဂစ် သတ်မှတ်ပြီး တစ်ရက်တည်း Special Pass ထုတ်ပေးပြီဖြစ်သည် ။ 

သို့ကြောင့် မြန်မာပြည်သို့ တရားဝင်ပြန်ရန်ဆောင်ရွက်သူများ ပေးဆောင်ရမည့် ဒဏ်ငွေမှာ အလွန်မြင့်မား သွားပြီဖြစ်ပါသည် ။ ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့မှ စတင်ကာ ယခုကဲ့သို့ ဒဏ်ငွေ တောင်းခံလိုက် သောကြောင့် ပြန်မည့်သူများ အခက်တွေ့ကုန်ကာ တော်တော်လေး ကမောက်ကမ ဖြစ်ကြကြောင်းလည်း သိရသည် ။ 

သို့ကြောင့် မြန်မာပြည်ပြန်ရန် ဆောင်ရွက်မည့် သူများ အတွက် မိမိတို့ ပြန်လိုသောနေ့တွင် ပြန်နိုင်ပြီဖြစ် သော်လည်း ပေးဆောင် ရမည့် ဒဏ်ငွေများ  မှာတော့ အထက်ပါ အတိုင်း မြင့်တက်ခဲ့ပြီဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများသိရှိစေရန် ကျွန်တော်တို့ရေးသား တင်ဆက်ပေးရပါသည် ။ 

မလေးရှားရောက်မြန်မာများ Facebook Fun Page 
www.edinooyin.com 
Source by : www.facebook.com/mmrinmy
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။