Home » , , » ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပ

ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပ

Written By မောင်စေတနာ on Monday, July 22, 2013 | 10:31:00 AM

 

ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆို ရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီးကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ဇူလိုင်လ ၂၂ရက်၊ ၀ါဆိုလပြည့် အခါသမယနေ့၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီး ဘုရားများတွင် ၀ါဆိုကြာ သင်္ကန်းကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ 

ရန်ကုန်မြို့ရှိ တန်ခိုးကြီး စေတီတော်ဖြစ်သော ရွှေတိဂုံ ဘုရားတွင် နံနက်အစောပိုင်း ၄နာရီအချိန်၌ စေတီတော်၏ အရပ်လေးမျက်နှာရှိ ဘုရားများကို မျက်နှာတော် သစ်တော်မှုခြင်း၊ သောက်တော်ရေချမ်း ကပ်လှူခြင်း၊ ဆွမ်းတော်ကြီးများ ကပ်လှူခြင်း၊ သစ်သီးဆွမ်း၊ အချိုအချဉ် ခဲဘွယ်ဘော ဇယ်များ ကပ်လှူခြင်းနှင့် ၀ါဆို ရွှေကြာသင်္ကန်း ကပ်လှူခြင်းများကို ဘုရားဂေါပကအဖွဲ့များ ဦးဆောင်၍ ဘာသာရေး အသင်းအဖွဲ့များ၊ ၀န်ထမ်းများမှ ပြုလုပ်ခဲ့ကြပြီး ဘုရားဖူး အလှူရှင်များနှင့် နံနက် စောစောပိုင်း အချိန်ခါတွင် စည်ကားလျက်ရှိသည်။

ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်၊ ဆူးလေဘုရား၊ ကမ္ဘာအေးစေတီတော်၊ စွယ်တော်စေတီတော်နှင့် ဗိုလ်တစ်ထောင် စေတီတော်တို့တွင် ၀ါဆိုကြာသင်္ကန်းကပ်လှူပွဲ၊ ဘုရား ဆွမ်းတော်ကြီး ကပ်လှူပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ 

Source by : Eleven Media Group
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။