Home » , » မလေးရှားတွင် ယနေ့မှ စတင်၍ ဖမ်းဆီးနေပြီ

မလေးရှားတွင် ယနေ့မှ စတင်၍ ဖမ်းဆီးနေပြီ

Written By မောင်စေတနာ on Wednesday, June 5, 2013 | 5:49:00 PM

 

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မလေးရှားနိုင်ငံအတွင်း မြန်မာအများစု တည်ရှိသော နေရာများကို အော်ပရာဇီ (အဖမ်းအဆီး) ဝင်မည်ဖြစ်ကြောင်း အသိပေး ထုပ်ပြန်ထားပါသည်။

ယနေ့ 5.6.2013 ဗုဒ္ဓဟူးနေ့ အခြေအနေမှာ .... 

နေ့လည်ဖက်တွင် Selayang ဈေးကြီး တစ်ဝိုက်အောက်ပိုင်းကို မလေးရှား အာဏာပိုင်းများ စတင်ပိတ်ဆို့စစ်ဆေးနေပြီး ယနေ့ 6.5.2013 ဗုဒ္ဓဟူးနေ့ ပြီးခဲ့တဲ့ 11 နာရီက မလေးရှားကွာလမ်ပူမြို့လယ် မြန်မာဆိုင်တန်းများနေရာကို အထူးဖမ်းဆီးရေး အဖွဲ့လိုက် ဖမ်းသွားပြီး ယခု မြန်မာများ နေထိုင်ရာ နေရာများတွင် ပိုက်စိမ်တိုက် ဖမ်းဆီးရေးအဖွဲ့များ စတင်ဖမ်းဆီနေကြောင်း မလေးရှားရာက် မြန်မာများအဖွဲ့မှ သတင်းရရှိပါသည် ။ အချုပ်ကား (၈)စီးဖြင့် အဖမ်းခံရသော လူများကို တင်ဆောင်သွားခဲ့သည်။ 

 ယခုဖမ်းဆီးမှုများတွင် မလေးရှားတာဝန်ရှိသူများမှ တရားဥပဒေနှင့်အညီ လုပ်ဆောင်မည် ဖြစ်ပြီး ယခုလတ်လောတွင် အချုပ်ထဲထည့်မည် ဖြစ်ကြောင်း သိရှိရသည်။

ပထမဦးဆုံး မလေးရှား ကွာလာလမ်ပူတွင် ဖမ်းဆီးမှု့ အကြီးစား အပြီ ယခု ဆလာရန်းဈေး အား စတင်ဝိုင်း ထားပြီဖြစ်ပါသည် ။ ယနေ့ဖမ်းဆီးမှု့များ အားလုံးသည် မြန်မာနိုင်ငံသားမျာ ကြားဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုင်ခိုက်မှု့များအပေါ် ထိန်းချုပ်ကိုင်တွယ်နိုင်ရန် အတွက်နှင့် နိုင်ငံတကာမှ ဖိအားများဖြစ်မလာခင် မလေးရှား အာဏာပိုင်များစတင် အရေးယူနေသည်ဟု ယူဆရပါသည် ။ 

ယနေ့ဖမ်းဆီးမှု့များတွင် ကွက်ကြား ဖမ်းဆီးမှု့မဟုတ်တော့ပဲ ပိုက်စိပ်တိုက်ဖမ်းဆီးနေသည်ဖြစ်ပါသည် ။ လက်ရှိ သတင်းတင်ဆက်နေသည့်အချိန်တွင်ပင် ဆလာရန်း ဈေးတစ်ဝိုက် ဈေးအောက်ပိုင်းအားလုံး ၊ လူနေအိမ်ခန်းများ အောက်ထပ်အားလုံးကို ဝိုင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။

ယခု Ampang , Cheras , Kuala Lumpur , Selayang ၊ စွန်ဂိုင်းပလို့ ၊ ကလန်းဒေသများတွင် တပြိုင်နက် အော်ပရာစီ ဝင်လျှက်ရှိပါကြောင်းကို မလေးရှားရောက် မြန်မာများသိရှိရန် အချိန်မှီ သတင်းရေးသားရပါသည်။ နောက်ထပ်သိရှိရသည်မှာ မလေးရှားနိုင်ငံ ပီနန်တွင်လည်း အဖမ်းအဆီးကိစ္စများကို မကြာမှီအချိန်တွင် စတင်မည်ဖြစ်ကြောင်း မလေးရှား ရဲဝန်ထမ်းတစ်ဦးထံမှ သိရှိရပါသည်။ 

သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက် အထား မရှိသူ (မခိုင်လုံသူ) အိုဗာစတေး သမားများ အနေဖြင့် ကေအယ်၍ အခြား နေရာများသို့ သွားလာပါက သတိဖြင့် နေထိုင် သွားလာကြပါရန် ဘေးရန် ကင်းဝေး စေရန်အတွက် အထူးသတိပေး အပ်ပါသည်။ နောက် .... ရရှိလာသော သတင်းများကို အချိန်မှီ တင်ဆက်ပေးသွားပါမည်။ 

မလေးရှားနိုင်ငံရောက် မြန်မာများ အားလုံး ဘေးရန် ကင်းဝေး ကြပါစေ ..... 

မလေးရှားရောက် မြန်မာများအတွက် မလေးရှားသတင်းများကို အောက်ပါလိပ်စာတွင် ဝင်ရောက်ဖတ်ရှုပါ။ http://www.malaysiaonlineradiomedia.com/search/label/Malaysia 

Free Online Radio Media (Malaysia News) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။