Home » , » ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ

ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ

Written By မောင်စေတနာ on Wednesday, June 5, 2013 | 11:11:00 AM



ယခုလက်ရှိ ကွာလာလမ်ပူ မြန်မာဆိုင်များတည်ရှိရာ လမ်းများအားလုံးပိတ်ဆို့စစ်ဆေးမှု့ (အော်ပရာစီ) စတင်ပြုလုပ်နေပြီ ယနေ့ 5.6.2013 နံနက် 11 နာရီမှ စတင်ပြီး ကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များတည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင်များ ၊ လမ်းထောင့်များ တွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား(ပြည်သူ့စစ်) များပါဝင်သည့် အထူးစီမံချက် တစ်ရပ်ပြုလုပ်ကာ မည်သူ့ကိုမဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။

 ပြီးခဲ့တဲ့ 4 ရက်ဆက်တိုင် မြန်မာနိုင်ငံသားများ ကြားတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု့များ ကြောင့် ယနေ့ကွာလာလမ်ပူတစ်ဝိုက် Block Checking များ ၊ နေအိမ်များသို့ ရှောင်တခင် စစ်ဆေးမှု့များ နှင့်ုမြန်မာနိုင်ငံသားများနေထိုင်မှု့ များသောနေရာဒေသများတွင် အထူးစီမံချက် ဖြင့် ဖမ်းဆီးစစ်ဆေးမှု့များ ပြုလုပ်နေတာဖြစ်တယ်လို့ ဖမ်းဆီးသည့် အဖွဲ့တွင်ပါဝင်သော ရေးလားမှ ပြောပြခဲ့တာ သိရပါတယ် ။ 

သို့ပါသောကြောင့် ယနေ့ 5.6.2013 ညနေပိုင်း အဖမ်းဆီးများရှင်းလင်းသည်အထိ အထောက်အထား မရှိသော မြန်မာနိုင်ငံသားများ ကွာလာလမ်ပူမြို့သို့ သွားလာမှု့ ဆင်ခြင်ရန် သတိပေးရပါတယ် ။ ယခု ချိန်အထိ Mydin ဒေါင့် ၊ ကိုတာယာရာ ထောင့် ၊ ဂျလန်းစီလန်း ၊ ဂျလန်းလီပို့ပူဒူး စသည့် မြန်မာဆိုင်များတည်ရှိရာလမ်းများ နှင့် မြန်မာဆိုင်တိုင်း စီ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စစ်ဆေးဖမ်းဆီးနေကြောင်း မလေးရှားရောက် မြန်မာတို့အား အချိန်မှီ သတိပေးရပါသည် ။ 

Source by : မလေးရှားရောက် မြန်မာများ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။