Home » , » အထူးဖမ်းဆီးမှုတွင် မြန်မာ 300 ကျော်အား စစ်ဆေးဖမ်းဆီးခဲ့ကြောင်း

အထူးဖမ်းဆီးမှုတွင် မြန်မာ 300 ကျော်အား စစ်ဆေးဖမ်းဆီးခဲ့ကြောင်း

Written By မောင်စေတနာ on Friday, June 7, 2013 | 12:46:00 AM

 

အထူးဖမ်းဆီးမှု့တွင် မြန်မာ 300 ကျော်အား စစ်ဆေးဖမ်းဆီးခဲ့ကြောင်းတရားဝင်ကြော်ငြာ 

 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အထူးစီမံချက်တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံသား 300 ကျော်အား ရှာဖွေထိမ်းသိမ်းနိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံ နာမည်ကြီးသတင်းဌာနဖြစ်သော The Star သတင်းဌာနရဲ့အင်တာနက် စာမျက်နှာမှာ တရားဝင်ကြော်ငြာသွားခဲ့ပါတယ်။ ယနေ့ 5.6.2013 အတွက် အထူးအဖွဲ့ဝင် များဖြင့်ဖွဲ့စည်းထားသော အဖွဲ့ များစွာဖွဲ့ကာ စတင်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း။ 

ထိုသို့ဖမ်းဆီးရသည့်အကြောင်းရင်းမှာ မေလ 30 ရက်နေ့မှ ဇွန်လ 4 ရက်နေ့အတွင်း ဖြစ်ပွားနေသည့် ဘာသာရေး ပဋိပက္ခ များကြောင့် ထိရောက်စွာ ကိုင်တွယ် ရန် စတင်ခြင်းဖြစ်ကြောင်း ။ မြန်မာနိုင်ငံသား 2 ဦးသေဆုံးပြီး အချို့မှာ လက်ရှိဆေးရုံတွင်ပင် ဆက်လက် ကူသနေရဆဲဖြစ်ကြောင်း ၊ ပြဿနာ 7 ကြိမ်တိတိဖြစ်ပွားခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ။ 

မလေးရှားတွင် သွေးထွက်သံယို ပြဿနာများ မပေါ်ပေါက်ရန် နှင့် တရားမဝင်နေထိုင်သူများအား မြန်မာပြည်သို့ပြန်ပို့ပြီး ကာကွယ်ရာရောက်ကြောင်း ဖော်ပြသွားပါတယ် ။ နိုင်ငံပိုင် သတင်းစာကဲ့သို့ လက်ရှိ အစိုးရထုတ် သတင်းစာဖြစ်တာကြောင့် သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို ဖော်ပြတဲ့ သတင်းလောက်ပဲ ရေးသား တင်ဆက်ထားတာကိုတွေ့ရပါတယ် ။ 

ထိုသတင်းတွင်ပဲ အောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသော အသုံးနှုန်းအားသုံးစွဲထားပြီး ထိုသို့ ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရှိ တာဝန်ရှိ အုပ်စုကြီး 2 စုနှင့် တွေ့ဆုံးထားပြီးဖြစ်ကြောင်းကိုပါ The Star သတင်းဌာနက ဖော်ပြသွားပါတယ် ။ မည်၍ မည်မျှ အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု မဖော်ပြထားပဲ Task Force ဟုသုံးစွဲထားပြီး ယနေ့အများဆုံးဖမ်းဆီးသည့်နေရာအဖြစ် Brickfield (မြန်မာဆိုင် များနေရာအား မဖော်ပြ) နှင့် Sentul တို့တွင် အများဆုံးဖမ်းဆီးခဲ့ကြောင်းကို သာဖော်ပြသွားခဲ့ပါသည်ကို ..။ 

မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာက ဘာသာပြန် တင်ဆက်ပေးရပါသည် ။ ဆက်လက်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး မိမိတို့ပတ်ဝန်ကျင်တွင် ထူးခြားဖြစ်စဉ် ၊မှု့ခင်းဖြစ်စဉ်များရှိလာပါက အသိပေးနိုင်ပါသည်။

Source by :မလေးရှားရောက်မြန်မာများ (facebook)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။