မလေးရှား အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများနှင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များ အပါအ၀င် မလေးရှား၌ အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသား အလုပ်သမား ၃၀၀ ကျော်သည် ဇွန် ၂၂ ရက်(ယနေ့) မှစတင်ပြီး ဇွန်နောက်ဆုံးပတ်အထိ မြန်မာနိုင်ငံသို့ ဆက်တိုက် ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။
ထိုကဲ့သို့ ပြန်လည်ရောက်ရှိမည့်သူ များသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်နှင့် ဌာနေပြန်ခွင့်နှင့် လေယာဉ်လက်မှတ် အခမဲ့ လှူဒါန်းမှုများဖြင့် ရောက်ရှိလာကြသူများ ဖြစ်ပါသည်။
ဇွန် ၂၂ ရက်တွင် ပြန်လည်ရောက်ရှိမည့် ၂၀ ဦးအနက် ဆလာရန်း အကြမ်းဖက်မှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သူ ကိုကိုမောင်၊ ပထမဆုံး တိုက်ခိုက်ခံခဲ့ရပြီး ဒဏ်ရာရရှိသူ ကိုမင်းဇော်ဦးနှင့် မိသားစု၊ ပထမဆုံး သေဆုံးခဲ့ရသော ကိုမင်းဇော်၏ မိသားစုနှင့် ဆူဘန်းဒေသတွင် တိုက်ခိုက်ခံခဲ့ရပြီး ဓားခုတ်ဒဏ်ရာများ ရရှိခဲ့သူ ရခိုင်လူငယ် နှစ်ဦးနှင့် အခြားသော အခက်အခဲ ရှိနေသူများ ပါဝင်မည်ဟု သိရသည်။
လက်ရှိ အချိန်တွင် မလေးရှားနိုင်ငံသို့ တရားမ၀င် ရောက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည့် အတွက် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား (C of I) ရရှိပြီးသူ အရေအတွက်မှာ ၁၀၀၀ ခန့် ရှိနေကြောင်း သိရသည်။
ထိုသူများထဲမှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးသို့ သွားရောက်ပြီး ဌာနေပြန်ခွင့် လျှောက်ထားပြီး လေယာဉ်လက်မှတ်ဝယ်ယူရန် အခက်အခဲ ဖြစ်နေသူများကို ဧရာဝတီ ဖောင်ဒေးရှင်းမှ စိစစ်ပြီး အခမဲ့ ပြန်လည်ပို့ဆောင် ပေးနေခြင်းဖြစ်သည်။ မလေးရှား လူဝင်မှုကြီးကြပ်ရေး အနေဖြင့် ဌာနေပြန်လိုသူ မြန်မာနိုင်ငံသားများကို တစ်နေ့လျှင် ၂၀ ဦးခန့်သာ စိစစ်ပေးနေရာမှ ဇွန် ၁၉ ရက်မှ စတင်ကာ တစ်နေ့လျှင် လူ ၄၀ ဦးခန့် စိစစ်ပေးနေကြောင်း သိရသည်။
Source by :http://www.news-eleven.com/
0 comments:
Post a Comment