Home » , , » မြန်မာအလုပ်သမားများ အတွက် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်လျှောက်လွှာများ လက်ခံ

မြန်မာအလုပ်သမားများ အတွက် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်လျှောက်လွှာများ လက်ခံ

Written By မောင်စေတနာ on Saturday, June 22, 2013 | 12:29:00 PM

 

မလေးရှားရောက် မြန်မာအလုပ်သမား များအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဇွန် ၁၈ ရက်မှ စ၍ အလုပ်လျှောက်လွှာများ လက်ခံလျက် ရှိကြောင်း အဆိုပါ ၀န်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် ဇွန် ၁၇ ရက်မှ ၂၁ ရက် နေ့အထိ မလေးရှား နိုင်ငံတွင် အလုပ်လုပ်ကိုင် နေသည့် မြန်မာအလုပ်သမား အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၁၉ ဦးတို့မှာ အလုပ်သမား ၀န်ကြီးဌာနသို့ လာရောက် ဆက်သွယ် အလုပ်လျှောက်ထား ခဲ့ကြောင်း သိရသည်။ 

 ''ကျွန်တော်တို့ဆီကို ဆက်သွယ်လာတဲ့ အလုပ်သမားတွေကို သူတို့ရဲ့ အမည်၊ အသက်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ တောင်းတယ်။ နောက် သူတို့ မလေးရှားကို စတင်ထွက်ခွာခဲ့တဲ့ ရက်၊ ခုနှစ် စသဖြင့် မေးတယ်။ ဟိုမှာ သူတို့ လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်၊ ကုမ္ပဏီ၊ စက်ရုံတွေကို မေးတယ်။

 နောက်ပြီး သူတို့ ကျွမ်းကျင်တဲ့ အလုပ်အကိုင်နဲ့ ဘယ်လိုအလုပ်တွေကို လုပ်ကိုင်ချင်လဲ ဆိုတာတွေကို မေးပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ''ကျွန်တော်တို့ဆီကို ဆက်သွယ် အလုပ်လျှောက်တဲ့ သူတွေကို ဒီကအလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပြီး သင့်တော်တဲ့ နေရာမှာ သူတို့ရဲ့ ကျွမ်းကျင်မှုအလိုက် ထည့်သွင်းပေး သွားမှာပါ။ အခု ကျွန်တော်တို့ဆီကို လာဆက်သွယ်တဲ့ အလုပ်ရှင်တွေလည်း ရှိပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။